Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဆရာတော် တစ်ပါးသည် မင်းညီမင်းသားတစ်ပါးမဟုတ် ၊နှိမ့်ချသော၊ နူးညံ့သိမ်မွေ့သော အစေခံတစ်ဦး သာဖြစ်ရမည်
နိုဝင်ဘာလ ၁၂၊ ၂၀၁၈
အသင်းတော်က တခါတည်း အပြည့်အဝ အားလုံးအကောင်းတွေနဲ့ မွေးဖွားလာတာမဟုတ်ဘူး၊ အသင်းတော်က စိတ်အားထက်သန်မှုနဲ့ အခက်ခဲတွေကြားကနေ မွေးဖွားလာတာပါ။ ဒါပေမဲ့ ချစ်ခင်နှစ်လိုဖွယ်ရာကောင်းတဲ့ အရာတွေနဲ့ ဖြည့်ဆည်းပေးခံထားရတာဖြစ်တယ်။ အသင်းတော်အတွင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုနဲ့ လူသားတွေ၏ နားလည်မှုစွမ်းအားမပြည့်ဝမှုတွေကြောင့် ရှုပ်ယှက်ခပ်ကာ နားလည်မှုလွဲခြင်းတွေ အစီအစဉ်မကြမှုတွေတွေ့ကြုံရမယ်။ ဒါပေမဲ့ကြောက်စရာမလိုပါဘူး။ ဒါတွေဟာ လှပတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းညွန်နေမှုတွေဖြစ်တယ်။
အသင်းတော် က ပြသနာကင်းကင်းရှင်းရှင်းနဲ့ မွေးဖွားလာတာမဟုတ် ဒါပေမဲ့ အဲ့ပြသနာတွေကို အဖြေရှာဖို့ စနစ်တကျဖြစ်ဖို့လုပ်ဆောင်ရမည့်တာဝန် ခရစ်တော်ရဲ့နောက်လိုက်အယောက်တိုင်းစီမှာရှိတယ်။ ဂျေရုဆလင်
မြို့တွင် အသင်းတော်၏ ပထမဦး ကောင်စီအစည်းအဝေးကနေ အသင်းတော် အစပိုင်းပြသနာတွေကို စီစဉ်တကျဖြစ်အောင်ဖော်ဆောင်ပေးခဲ့တယ်၊ ယခု ယနေ့အသင်းတော်လည်း အခက်ကြုံလာရတိုင်း၊ ပြသနာတွေဖြစ်ပေါ်လာတိုင် ဖြေရှင်းရမယ်။ အစီစဉ်တကျဖြစ်အောင်လုပ်ဆောင်ရမယ်။
တမန်တော်ပေါလု က သူနောက်လိုက် တိတု ကို ခရိ ကျွန်းတွင် ထားခဲ့စဉ် မှာကြားခဲ့သော စကားများသည် (ယုံကြည်ခြင်းခိုင်မြဲရန်၊ ဘုရားအစေခံဆိုတာမမေ့ရန်၊ လောက ပစ္စည်းဥစ္စာ၊၊ ဘုန်းတခိုးအာဏာ၊ မိမိစိတ်အားထက်သန်ရာများ အတွက် မဟုတ်၊ ဘုရားသခင် ကိုသာ စိတ်ဝင်စားရန်) ဖြစ်ကြောင်း ကျွန်ုပ်တို့အမြဲ သတိပေးခဲ့သည်။
ဆရာတော်တစ်ပါး၊ ဘုရားခံအပ်ခြင်းခံထားရသော စီမံခန့်ခွဲအုပ်ချုပ်တစ်ဦးအနေနှင့် အပြစ်ကင်းစင်ရမည်၊ ခေါင်းဆောင်လုပ်သူတယောက်က ဘုရားရှေ့မှာ အသက်ရှင်နေသူ အပြစ်ကင်းစင်နေသူဖြစ်ရမယ်။
ငွေကြေးတပ်မက်ခြင်း၊ စီးပွားရေးလုပ်၊ ကိုယ်ကျိုးရှာခြင်း၊ သောက်စားမူးယစ်ခြင်း၊ ငြူစူစိတ်ဆိုးခြင်း၊ ဘဝင်မြင့် စိတ်ကြီးဝင်ခြင်း၊ ကြမ်းတမ်းစွာပြောဆိုဆက်ဆံတတ်ခြင်း သည် ဆရာတော်တစ်ပါးအနေနှင့် မဖြစ်သင့်မရှိသင့်ပါ၊ ယင့်ကဲ့သို့ အမူအကျင့် စိတ်နေစိတ်ထား ဆရားတော်တစ်ပါးတွင်ရှိနေခြင်းသည် အသင်းတော်အတွက် ဆိုးကျိုးကပ်ဆိုက်ခြင်းပင် ဖြစ်သည်။
ဆရာတော်တစ်ပါး အနေနှင့် နူးညံ့သိမ်မွေ့ဖော်ရွေသူ၊ ကောင်းမြတ်ခြင်းကို မြတ်နိုးသူ၊ တစ်ပါးသူအတွက် စာနာပေးတတ်သူ၊ တရားမျှတသူ၊ သန့်ရှင်းစင်ကြယ်သူ၊ မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်သူ၊ ဘုရားသခင်၏နုတ်ကပတ်တော်ကို သစ္စာစောင့်သိသူ၊ မိမိယုံ
ကြည် အသက်ရှင်သည့်အတိုင်း သွန်သင်ဟောကြားသူဖြစ်နေရပါမည်။
ဘုရားသခင်သင်တို့ကို ခေါ်ခဲ့တာ က မင်းညီမင်းသားလို ခံစားရန်မဟုတ်။ နှိမ့်ချသော နူးညံ့သောစိတ်ထားဖြင့် အစေခံတတ်သူဖြစ်ဖို့ရန်ခေါ်ဆောင်ခဲ့ခြင်းကို သတိရပါ။ ဘုရားသခင်ရှေ့မှာ သင် ဘယ်လောက်တရားဟောကောင်းခဲ့သည် ဆိုတာထက် သင်ဘယ်လောက် နှိမ့်ချစွာ အစေခံခဲ့ခြင်းသည် သာ၍ အရေးပါကြောင်း ဟောကြားခဲ့ပါသည်။
https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/mass-casa-santa-marta.html
#pope, #mass, #service, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment