ဇွန်လ(၂၈) #ရှင်ပြန်ထမြောက်ပြီးသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၂၈) #ရှင်ပြန်ထမြောက်ပြီးသောယေဇူး၏ရွှေနှလုံးတော်။

ငါ့သား၊ ငါသည်ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်ဘုံသို့မတက်ကြွမှီ အချိန်ကာလအတွင်းမှာ ငါချစ် မြတ်နိုးတော်မူသော သူတို့အားလည်းကောင်း၊ ဆင်းရဲဒုက္ခဟူသမျှကိုငါနှင့်ပေါင်းစပ်၍ ခံထမ်းသောသူတို့အားလည်း ကောင်း နှစ်သိမ့်ခြင်းကိုအမြဲပေးတတ်သော အရှင်ဖြစ်တော်မူသည့်အတိုင်း နှစ်သိမ့်ခြင်းကိုပေးခဲ့၏။

ငါ၏မယ်တော်အားလည်း အင်အားနှင့်လိုအပ်သောအကူအညီများကိုငါဖြည့်တင်းပေးခဲ့၏။ ငါ၏မယ်တော် သည်ငါနှင့်ရှိနေသည်ဖြစ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် စုံလင်သောငြိမ်သက်ခြင်းကို အမြဲခံစားရ၏။ ပေထရူးသည် လည်းငါ့ထံတော်မှ အပြစ်လွှတ်ခွင့်ချမ်းသာကို တောင်းပန်ပြီးမှ နောက်တော်သို့ရဲရင့်စွာလိုက်၍ ငါ့အပေါ်မှာကိုးစား အားထားပါမည့်အကြောင်းကို ထပ်မံဝန်ခံခဲ့၏။ မာဒလေနားသည်လည်းရာဘော်နီဟူသောစကားတစ်ခွန်းဖြင့် မိမိ ရှာဖွေသောသူဖြစ်ကြောင်း သက်သေပြခဲ့၏။ သူ၏ဝိညာဉ်၌ စုံလင်သော ဝမ်းမြောက်ဝမ်းသာခြင်းဖြစ်ရောက်စေရန် ကား၊ ငါ၏နှုတ်မှထွက်သောစကားတစ်ခွန်းမျှသာလိုခဲ့၏။

ငါရှင်ပြန်တော်မူကြောင်းကို အယုံအကြည်မရှိသော တောမားမူကား လက်တော်၌သံရိုက်ရာချက်ကိုမမြင်ရ လျှင်၊ သံရိုက်ရာချက်ထဲ၌ သူ၏လက်ကို မသွင်းရလျှင် ငါမယုံဟုဆိုသောအခါ၊ ငါသည်သူ့ကိုအပြစ်တင်ခဲ့သော် လည်း၊ အမှတ်မှဲ့ မိမိအလိုဆန္ဒကိုဖော်ပြခဲ့သောကြောင့် သူ့ကိုငါဖိတ်ခေါ်ပြီးမှ တောမား၊ သင်၏လက်ညိုးကို ငါ၏ နံဘေးတော်ကိုသွင်း၍ ငါ၏လက်ကိုကြည့်လော့။ ယုံမှားခြင်းမရှိလေနှင့်။ ယုံကြည်လော့ဟု သူ့အားငါဆို၏။ ထိုအခါ သူသည် ကျွန်ုပ်၏သခင်ကျွန်ုပ်၏ဘုရားဟု ဝန်ခံခဲ့၏။ ဤစကားများအားဖြင့် တောမားသည် မိမိ၏စိတ်နှလုံး၌ ယုံမှား သံသယဖြစ်ခြင်းကို လုံးဝကင်းစေသည်သာမက နောင်လာနောက်သားများ၏ ယုံကြည်ခြင်းကိုလည်း တချက်တည်း ခိုင်မာလာစေသည်။

လူခပ်သိမ်းတို့သည် ရှင်ပြန်ထမြောက်တော်မူသောငါနှင့်အတူ ဝမ်းမြောက်ဝမ်းသာခြင်းအလို့ငှါ ငါသည် ကောင်းကင်ဘုံသို့ မတက်ကြွမှီ သူတို့အားငြိမ်သက်ခြင်းကိုပေးရန်ငါသည် အလိုတော်ရှိ၏။

သို့ဖြစ်၍ ငါ့သားသင်၏မှားယွင်းချို့ယွင်းချက်များသည် မည်မျှလေက်ကြီးစေကာမူ ငါ့ထံတော်မှလွှတ်ခွင့် ချမ်းသာရမည်ကို မည်သည့်အခါမျှ ယုံမှားသံသယမဖြစ်ပါစေနှင့်။ မည်ကဲ့သို့သော ဝမ်းနည်းပူဆွေးခြင်းကိုမဆို သင် ရင်ဆိုင်ရသောအခါ ငါသည်လည်းဆင်းရဲခြင်းဒုက္ခအမျိးမျိုးခံထမ်းခဲ့ရသည်ကို သတိယလျက် သင်ခံရသောစုံစမ်း ခြင်းများ၊ အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို ငါ့အားဖော်ပြပါလော့။

နှစ်သိမ့်ခြင်းပေးတတ်သော အိုယေဇူးသခင်၊ တပည့်တော်သည်ကိုယ်တော်အပေါ် ယုံကြည်ကိုးစားခြင်း ရှိရ မည့်အစား အားအင်ခွန်အားနည်းပါးခြင်းကြောင့် ကြိမ်ဖန်များစွာ ယုံမှားသံသယဖြစ်ခဲ့ပါသည်။ နောင်တသံဝေဂရ သော သံတောမား၏ယုံကြည်ခြင်းကို တပည့်တော်၌ထည့်သွင်းပေးတော်မူပါ။ သို့မှသာလျှင် ဆင်းရဲဒုက္ခနှင့်အခက် အခဲဟူသမျှ၏ ဝဲဂယက်အလယ်၌ ကျွန်ုပ်၏သခင်၊ ကျွန်ုပ်၏ဘုရားဟု တပည့်တော်ဆိုနိုင်ပေလိမ့်မည်။

ကျင့်ရန်။ ။ ကိုယ်တော်မြတ်ကိုသွားရောက်ဖူးမျှော်၍ ဟုတ်မှန်သောငြိမ်သက်ခြင်းရရန်ဆုတောင်းပါလော။

ဆုတောင်း။ ။ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ဘုရား။

ဥပမာပုံပြင်။

မစ္စစ်ဂျီသည် မမာမကျန်းဖြစ်၍ လဲလျောင်းနေသောမိမိ၏ ခင်ပွန်းအခန်းထဲ၌ထိုင်နေလေ၏။ သူ၏ခင်ပွန်း ကား ကက်သလစ်မဟုတ်ချေ။ ဘာသာတရားနှင့်ပတ်သကက်၍ သူ၏ဇနီးအားဘာမျှမကန့်ကွက်သော်လည်း ဘာသာတ ရားဘက်၌ စိတ်ပါဝင်စားဟန်လက္ခဏာမရှိချေ။

အခန်းတံခါးသည်ပွင့်လာ၍ သူတို့၏တစ်ဦးတည်းသောသမီးကလေးဖြစ်သည့် ဘလန်းရ်ှဆိုသော မိန်းက လေးသည်ဝင်လာ၏။ ထိုနေ့သည်ကား ကျောင်း၌သူ့အတွက်ပထမနေ့ဖြစ်၏။ သူ၏ဖခင်အား ထူးဆန်းသောအရာ များစွာပြောစရာရှိလာ၏။ မိနစ်အနည်းငယ်ကြာပြီးနောက်သူ၏မိခင်ကသူ့အား မင်းစကားသိပ်ပြောရင် မင်းဖေဖေ မောမှာပေါ့။ မင်းအပြင်ထွက်ပြီးကစားရင်ကောင်းလိမ့်မည်ဟု ပြန်ပြောရာ သူ၏ဖခင်က ငါ့သမီးမသွားနဲ့၊ ဒီမှာဘဲနေ။ မင်းရဲ့ထူးဆန်းတဲ့သင်ခန်းစာကိုဖေဖေအားပြောပြပါဟုပြောပြလေ၏။ သူ၏သင်ခန်းစာကိုဆိုနေစဉ်အတောအတွင်း ခွေးကလေးသည် အခန်းထဲမှခုန်ပေါက်မြူးတူးဝင်လာပြီး ဥယျာဉ်ထဲသို့ပြေးသွားလေ၏။ ဘလန်းရ်ှသည်လည်း ခွေး ကလေး၏နောက်သို့ လိုက်သွားလေ၏။ သမီးကလေးထွက်သွားသောအခါ ဖခင်ဖြစ်သူမှာ ဘုရားစာအုပ်ကိုဆက် ဖတ်၍ စဉ်းစားနေလေ၏။

တနေ့သ၌ ဘလန်းရ်ှသည် သူ၏ဆရာမပေးသောရွှေနှလုံးတော်ပုံကလေးကို အိမ်သို့ယူလာခဲ့ပြီး၊ ဖေဖေဒီပုံ ကလေးကိုဖေဖေ့ခေါင်းအုံးမှာ တွယ်ထားမလား။ ဆရာမကဒီရုပ်ပုံကလေးကို တွယ်ထားခြင်းဖြင့်ဖေဖေ့ရောဂါ သက် သာအောင်ကူညီပေးလိမ့်မည်လို့ ပြောသည်ဟုပြောလေ၏။ သူ့ဖခင်က ဖေဖေရောဂါပျောက်အောင်ပြုလုပ်မည်ဆို လျှင် ဖေဖေဘာမဆိုလက်ခံပါမည်ဟု ပြေလေ၏။ ထို့ကြောင့်သမီးကလေးသည် သူ၏ခေါင်းအုံး၌ထိုပုံကလေးကို တွယ်ထားလေ၏။ ထိုအချိန်မှစ၍ သူ၏ဖခင်ရောဂါမှာ တဖြည်းဖြည်းသက်သာလာလေ၏။ တနေ့သောနေ့၌ သူ၏ ဇနီးသည် အခန်းထဲသို့ဝင်လာသောအခါ သူ၏ခင်ပွန်းမှာစိတ်ပါဝင်စားစွာနှင့် ဘုရားစကားစာအုပ်ကိုဖတ်နေသည် ကိုတွေ့လေ၏။ သူသည်လည်း မသိသလိုနေလိုက်၏။ သို့သော်လည်း မိမိ၏ခင်ပွန်းသည် မှန်ကန်ခြင်း၏အလင်းတ ရားရရှိရန်သာ ရွှေနှလုံးတော်ထံ၌ စိတ်အားကြီးစွာဆုတောင်းလျက် ပြတင်းပေါက်နား၌ တိတ်ဆိတ်စွာနှင့်ထိုင်နေ လေ၏။ မိနစ်အနည်းငယ်ကြာသောအခါ မစ္စတာဂျီက၊ မေရီကျွန်တော်ဘုန်းကြီးနှင့်စကားပြောလိုတယ်။ ဘုရားစာ အုပ်မှာရှိတဲ့ အချက်တစ်ချက်ကို ရှင်းစေလိုတယ်ဟုပြောလေ၏။ မစ္စစ်ဂျီကလည်း ကျေးဇူးတင်သောသဘောဖြင့် ရ ဟန်းတော်ကိုခေါ်လေ၏။ ဘုန်းကြီးနှင့်အခါများစွာဆွေးနွေးပြီးနောက် ဆေးကြောခြင်းခံရန်တောင်းဆိုလေ၏။ သူ သည် စက္ကရမင်တူးအား ကြည်ညိုခြင်းကြီးစွာဖြင့် ခံယူပြီးနောက် ကျန်းမာခြင်းလည်း တဖြည်းဖြည်းကောင်းလာ၍ မစ္ဆားတရားပူဇော်ခြင်းကိုသွားနိုင်၏။ မစ္ဆားအတွင်း၌ သူ၏ကာယရောဝိညာဉ်ပါကျန်းမာခြင်းရရှိသည့်အတွက် သခင် ယေဇူးအား ကျေးဇူးတင်လေ၏။

သမီးကလေး ဘလန်းရ်ှကား အလွန်ပျော်ရွင်လေ၏။ အကြောင်းမူကား၊ သူ့ဖခင်က ယခုခံစားရသော ကျေး ဇူးတော်သည် ရွှေနှလုံးတော်ထံသွားရန်လမ်းကိုညွှန်ကြားသင်ပြ၍ ရွှေနှလုံးတော်ရုပ်ပုံကလေးကိုပေးသော မိမိသမီး လေးကြောင့်သာ ဖြစ်သည်ဟုပြောလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

5 + 2 =