ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ သက်ရှိနိမိတ်လက္ခဏာသည် လူသားအားလုံးအတွက် ချစ်ခြင်း မေတ္တာဖြစ်သည်။

ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ သက်ရှိနိမိတ်လက္ခဏာသည် လူသားအားလုံးအတွက် ချစ်ခြင်း မေတ္တာဖြစ်သည်။

ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ သက်ရှိနိမိတ်လက္ခဏာသည် လူသားအားလုံးအတွက် ချစ်ခြင်း မေတ္တာဖြစ်သည်။

တနင်္ဂနွေနေ့တွင်ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည်အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ ပွဲတော်သည် ကျွန်ုပ်တို့လာရာ နှင့် ခရီးပြုရာ ဤလောကကို လမ်းညွှန်မှုပေးသော ချစ်ခြင်းမေတ္တာနှင့် အလင်း၏ အံ့ဩနက်နဲဖွယ်ရာကို ထောက်ရှုစေသည်။

စိန့် ပီတာ့ ရင်ပြင်တွင် အန်ဂျေလူးစ် မေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ဤတနင်္ဂနွေနေ့တွင် ကျင်းပသော ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူပွဲ့နေ့ကြီးကို ပြန်အမှတ်ရလျက် " ဤပွဲတော်နေ့သည်  ကျွန်ုပ်တို့၏စိတ် စွမ်းဆောင်မှုကို ကျော်လွန်သော်လည်း နှလုံးသားထဲ၌ စကားပြောလျက်ရှိသည့်  ကြီးမားသည့် နက်နဲဖွယ်ရာဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် စိန့်ဂျွန်၏ဖော်ပြချက်၌ "ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏" ဟူ၍ ဗျာဒိတ်ကျမ်းအားလုံးကိုအကျဉ်းချုပ်ဖော်ပြထားသောကြောင့်ဖြစ်သည်။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့်၊ ချစ်ခြင်းမေတ္တာ၌ ချစ်ခြင်းမေတ္တာတစ်ခုတည်း၌ ခမည်းတော်၊ သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်သဟာယဖွဲ့ခြင်းရှိသည်။

"စည်းလုံးမှုနှောင်ကြိုး"

ယုံကြည်သူများအား မိန့်ခွန်းပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီးက ရှင်းပြသည်မှာ “ခမည်းတော်သည် သားတော်ကို လောကအား ပေးခြင်းအားဖြင့် မိမိကိုယ်ကိုပေးသည်။ တစ်ဘက်တွင် သားတော်သည်လည်း မိမိကိုယ်ကို ခမည်းတော်အား ပေး၍ သူတို့၏ အပြန်အလှန်ချစ်ခြင်းမေတ္တာသည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော  သူတို့၏စည်းလုံးမှုနှောင်ကြိုးဖြစ်သည်။” ဟူ၍ ရှင်းပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က“ သုံးပါးပေါင်းတစ်ဆူ၏ဤနက်နဲမှုသည် ယေဇူးသခင်အားဖြင့် ပြသခဲ့သည်။ “သူသည် ခမည်းတော်အား ကြင်နာတတ်သောဖခင်တစ် ဦး အဖြစ် ခမည်းတော်၏ မျက်နှာတော်ကိုပြသခဲ့သည်။ သူသည် မိမိကိုယ်ကို ဘုရား၏ သားတော်နှင့် ဘုရားသခင်၏ နှုတ်ကပါတ်တော်အဖြစ် လူသားစင်စစ်ဖြစ်တည်မှုကို ဖော်ပြခဲ့သည်။”

ပုပ်ရဟန်းမင်းကြီးက ဆက်လက်၍ မိန့်ကြားထားသည်မှာ ယေဇူးသခင်သည် ခမည်းတော်နှင့်သားတော်မှ ဆင်းသက်လာသော သန့်ရှင်းသော ၀ိညာဉ်တော်၊ အမှန်တရား၏ ၀ိညာဉ်တော်၊ ကျွန်ုပ်တို့၏ အကြံပေးသူနှင့် ကူညီထောက်ပံ့ပေးသုတည်းဟူသော "ပါရာကလဲတ်" ၀ိညာဉ်တော်ပေါ်ထွက်လာသည့်အကြောင်း၊ မိန့်ကြားခဲ့သည်။

"ချစ်ခြင်းမေတ္တာနှင့် အလင်း၏ နက်နဲသောအရာ"

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က "ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ၏ ပွဲတော်သည် ကျွန်ုပ်တို့လာရာ နှင့် ခရီးပြုရာ ဤလောကကို လမ်းညွှန်မှုပေးသော ချစ်ခြင်းမေတ္တာနှင့် အလင်း၏ အံ့ဩနက်နဲဖွယ်ရာကို ထောက်ရှုစေသည်။" ဟူ၍ မိန့်ကြားခဲ့သည်။ 

ဧဝံဂေလိတရားတော်ဟောကြားရာ၌လည်းကောင်း၊ ခရစ်ယာန်သာသနာပြုမှု ပုံစံတိုင်း၌ ကျွန်ုပ်တို့သည် ယေ‌ဇူး ပန်ကြားသော ဤစည်းလုံးမှုကိုလျစ်လျူရှု၍မရပါ။ ဧဝံဂေလိတရားတော်၏ လှပမှုသည် ကွဲပြားခြားနားနေသော ကျွန်ုပ်တို့အလယ်၌ ရှင်သန်ရန်နှင့် သက်သေခံရန် တောင်းခံနေသည်။

ဤစည်းလုံးမှုသည် ခရစ်ယာန်များအတွက် မရှိမဖြစ်လိုအပ်သည်။ ၎င်းသည် သဘောတရားမဟုတ်၊ တင်ပြချက်မဟုတ်ပါ။ စည်းလုံးခြင်းသည် အသက်ရှင်ရန် တစ်ခုတည်းသော လမ်းဖြစ်စဉ်၍ ၎င်းသည် မရှိမဖြစ်လိုအပ်သည်။ အကြောင်းမှာစည်းလုံးညီညွတ်မှုသည်တစ်ခုတည်းသောဘဝလမ်းစဉ်ဖြစ်သည်။ ၎င်းသည် ချစ်ခြင်းမေတ္တာ၏ နှောင်ကြိုး၊ ခမည်းတော်ဘုရား၏ကရုဏာမေတ္တာ၊ ယေဇူးသခင်၏ မရှိမဖြစ်လိုအပ်သည်၊ သခင်ယေရှုခရစ်၏ တရားတော်နှင့် ကျွန်ုပ်တို့ စိတ်နှလုံးထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ တည်ရှိမှုဖြစ်သောကြောင့် မရှိမဖြစ်လိုအပ်သည်။

 

ဘာသာပြန်-Sr.Lucy Ciang, SJA

https://bit.ly/3wLqjh8

 

Add new comment

4 + 14 =