#စိန့်ရိုစ့်ဗေနေရီးနီ (မွေး - ဖေဖော်ဝါရီ၊ ၉၊ ၁၆၅၆၊ ပျံ - မေ၊ ၇၊ ၁၇၂၈)

#စိန့်ရိုစ့်ဗေနေရီးနီ (မွေး - ဖေဖော်ဝါရီ၊ ၉၊ ၁၆၅၆၊ ပျံ - မေ၊ ၇၊ ၁၇၂၈)

#ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

ယနေ့ပွဲနေ့ရှင်အား အီတလီနိုင်ငံ၊ ဗီတယ်လ်ဘို၌ မွေးဖွားခဲ့သည်။ သူသည် ဆရာ၀န်တစ်ဦး၏သမီး ဖြစ်သည်။ သမီးရည်းစားဘ၀၌ ရှိနေစဉ် ချစ်ကြိုက်ရည်ငံသောသူသည် ရုတ်တရတ် ဆုံးပါးသွား၍ သီလရှင်ကျောင်း တစ်ကျောင်းသို့ သွားရောက်နေထိုင်ရင်း သောကကို တရားရိပ်၌ ဖြေခဲ့သည်။ ထိုအတောအတွင်း ဖခင်ဆုံးပါးသွား၍ မုဆိုးမ ဖြစ်သွားရှာသော မိခင်အိုအား ပြုစုရန် အိမ်သို့ ပြန်လာခဲ့သည်။ တရားရိပ်ခိုပြီး ထွက်လာခဲ့သည်မှာ လောလောလတ်လတ် ဖြစ်နေသောကြောင့် အိမ်သို့ ပြန်ရောက်လာသော်လည်း သီလရှင်ကျောင်းက ကဲ့သို့ပင် စိတ်၌ ဖြစ်နေသောကြောင့် သူ၏ အိမ်နီးချင်း အမျိုးသမီးများကို ဖိတ်ခေါပြီး စိပ်ပုတီးကို အတူတကွ စိတ်ကြသည်။ အမျိုးသမီးတို့၏ လူမှုရေး၊ မိသားစုအရေး အပူများကို နိုင်သလောက် မျှကူပေးခဲ့သည်။

သူသည် မိမိ၏အိမ်၌ သာမန်အမျိုးသမီး တစ်ဦးအဖြစ် နေထိုင်နေသော်လည်း သူ၌ ဂျက်ဆွီအသင်း၀င် ဘုန်းတော်ကြီး တစ်ပါးအား ဝိညာဉ်ရေး လမ်းညွှန်အဖြစ် ရွေးချယ်ထားသည်။ ထိုဘုန်းတော်ကြီးနှင့် သူ၏ အနာဂါတ်အရေးကိုဆွေးနွေးတိုင်ပင်ကာ အကြံဉာဏ်များ တောင်းလေ့ရှိသည်။ နောက်ပိုင်း၌ ပွဲနေ့ရှင်သည် ဆရာမ ဖြစ်သင့်သည်ဟု ခံစားမိ တွေ့ရှိလာခဲ့သည်။ ထို့ကြောင့် အစောပိုင်း၌ ရသေ့သီလရှင် တစ်ပါးဖြစ်ရန် ရည်ရွယ်ခဲ့သည်ကို စွန့်လွှတ်၍ ဆရာမတစ်ဦးအဖြစ် ဘ၀ကို ဆက်ကပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဆုံးဖြတ်ချက် အလွန်မှန်ကန်ခဲ့သည်။ သူ၌ မွေးရာပါ ဆရာအရည်အချင်းများ ရှိနေသည်။ သို့ဖြင့် (၁၆၈၅)တွင် အမျိုးသမီးများအတွက် အခမဲ့ကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည်။

သူ၏လုပ်ငန်း အောင်မြင်လာသည်ကို သတိထားမိလိုက်သော Montefiascone ၌ ကာဒီနယ်က ဆရာ၊ ဆရာမ သင်တန်းကျောင်းကို ကြီးကြပ်ရန်နှင့် ကာဒီနယ်၏ သာသနာအတွင်းရှိ စာသင်ကျောင်းအား ကြပ်မတ်ကွပ်ကဲသူအဖြစ် တာ၀န်ယူပေးရန် ကမ်းလှမ်းလာသည်။ ယနေ့ပွဲနေ့ရှင်၏ လုပ်ဆောင်ချက်များ လူသိများလာ၊ လူများ လက်ခံလာသောအခါ အီတလီတစ်၀ှမ်း၌ ကျောင်းများဖွင့်လှစ်ကာ ဦးစီး ကြပ်မတ်ရန် တောင်းဆိုလာကြသည်။ လူများ လက်ခံလာကြ သကဲ့သို့၊ နှောက်ယှက် ဟန့်တားမည့်သူများလည်း မရှားလှ။ သို့သော် လက်မလျော့။ အရှုံးမပေး။

ယနေ့ပွဲနေ့ရှင်သည် (၁၇၂၈)၊ ရောမမြို့၌ ပျံလွန်သွားခဲ့သည်။ သူသည် လူသိအလွန်များခဲ့ သကဲ့သို့ ဘာသာတရားလည်း အလွန်ကိုင်းရှိုင်းသော အမျိုးသမီးလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် သူပျံလွန်ပြီးနောက် သူ့အား ကြည်ညိုလေးစား သူများသည် သူ၏ထပ်ဆင့် ဆုတောင်းပေးခြင်းကို အားကိုး၍ ကျေးဇူးတော်များစွာ ခံစားရရှိခဲ့သည်။ သို့ဖြင့် သူ့အား (၁၉၅၂)ခုနှစ်တွင် သူတော်စင် (Blessed)အဖြစ် တင်မြောက်ခံခဲ့ရပြီး၊ (၂၀၀၆)ခုနှစ်တွင် ရဟန္တာအဖြစ် တင်မြောက်ခဲ့ပါသည်။ သူဦးစီးခဲ့သော အမျိုးသမီးများသည် နောက်ပိုင်း၌ သီလရှင်များအဖြစ် အဆင့်မြင့်တင် သတ်မှတ်ကာ ဗေနေရီးနီ သီလရှင်များဟု ခေါ်တွင်စေခဲ့သည်။ ဤသီလရှင်အသင်းကို အမေရိကန် ပြည်ထောင်စု အတွင်း၌ အမှုတော် ထမ်းကြပြီး အထူးသဖြင့် အီတလီနိုင်ငံမှ အမေရိကားသို့ ပြောင်းရွေ့ နေထိုင်ကြသော အီတလီနိုင်ငံသားများရှိသော ပြည်နယ်များ၌ အမှုတော် ထမ်းခဲ့ကြသည်။ ဘုရားသခင်သည် လူတို့၏ အစွမ်းအစ၊ ၀ါသနာ၊ စိတ်အားထက်သန်မှုတို့ ဖြင့်လည်း ခေါ်လေ့ရှိသည်။ ယနေ့ပွဲနေ့ရှင်၏ အသက်တာကို ထောက်၍ ကျွန်ုပ်တို့အားလုံးသည် အခြေအနေမရွေး တစ်ပါးသူအား အစေခံရန် ဖြစ်သည်ကို သင်ယူနိုင်ပါသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

Add new comment

5 + 0 =