အခြေခံ လူ့အခွင့်အရေးကို ကာကွယ်ဖို့ သိန္နိဌာန်နဲ့ ရဲစွမ်းသိတ္တိတွေလိုအပ်ပါတယ်။

 

အခြေခံ လူ့အခွင့်အရေးကို ကာကွယ်ဖို့ သန္နိဋ္ဌာန်နဲ့ ရဲစွမ်းသတ္တိတွေ လိုအပ်ပါတယ်။

ကျွန်ုပ်ရည်ညွှန်းချင်တာက ဆင်းရဲ နွမ်းပါးမှု၊ မညီမျှမှု၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မြေယာနဲ့အိုးအိမ်၊လူမှုရေးနဲ့ အလုပ်သမားအခွင့်အရေး ငြင်း ပယ်ခံနေရတာကို တက်ကြွစွာ တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ လက်တွေ့မှာ အများအားဖြင့် အ ခြေခံလူ့အခွင့်အရေးကို အားလုံးတန်းတူညီမျှမရကြဘူး။ လူကုံတန်း၊လူလတ်တန်းနဲ့ ဆင်းရဲသား ဆိုပြီးလူတန်းစားအပြင် ပစ်ပယ်ခံနေရတဲ့ လူတန်းစားလည်းရှိပါတယ်။ အဲဒီလို မဖြစ်ရဘူး။ လူတိုင်းအတွက် အရာအားလုံး တန်းတူဖြစ်ရမယ်။ တချို့နေရာမှာ လူအများရဲ့ဂုဏ်သိက္ခာကို ကာကွယ်ခြင်းရင်းနဲ့ တရားရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ချခံရခြင်း၊ သို့မဟုတ် ကဲ့ရဲ့ရှုတ်ချခံရခြင်းတွေ ရှိနေတယ်။ လူတိုင်းမှာ အခြေခံအခွင့်အရေး အပြည့်အဝရရှိပြီး ဖွံ့ဖြိုးတိုးတက်နေရမယ်။ ဒီအခွင့်အရေးကို ဘယ်နိုင်ငံကမှ ငြင်းပယ်လို့ မရဘူး။ ဒီမိုကနေစီ အကျပ်အတည်းရှိနေပြီး၊ အာဏာရှင်အုပ်ချုပ်မှု စနစ်အောက်မှာ အခြေခံ လူ့အခွင့်အရေး ရရှိနိုင်ဖို့ တိုက်ပွဲဝင်ရင်း အသက်စွန့်စား ကြိုးပမ်းနေသူများဟာ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုကနေ ကောင်းကျိုးများ ရရှိိဖြစ်ထွန်နိုင်ဖို့အတွက် ဆုတောင်းပေးကြပါစို့။

✍️ ထန်းဟာ, SJ

Add new comment

1 + 1 =