Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အရောင်စုံလှပနေတဲ့ခရစ်တော်ရဲ့အစေခံများ
အရောင်စုံလှပနေတဲ့ခရစ်တော်ရဲ့အစေခံများ
♻️ချစ်ခြင်းမေတ္တာကြီးမားတဲ့ မိသားစုကြီးမှာ နေထိုင်ပြီးအဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝနဲ့ နေထိုင်အမှုတော်ဆောင်ကြတဲ့ ကျွန်ုပ်တို့ သူတော်စင်ဘောင် ဝင်သူတွေ ၀မ်းမြောက် ပျော်ရွှင်နေကြတာ တွေ့ရပါတယ်။
♻️အမြဲတမ်းပဲ ပျော်ရွှင်သလားဆိုတော့ ကျွန်ုပ်တို့ အဖွဲ့အစည်းနဲ့ နေတဲ့အခါ မတူညီတဲ့ ရိုးရာဓလေ့၊ ဘာသာစကား အမျိုးမျိုးပြောဆိုကြတဲ့သူတွေ ဆိုတော့ တစ်ခါတစ်လေ နားလည်မှုလွဲ- အမြင်မှားတတ်တာလည်း သိပ်မဆန်းပါဘူး။ ကျွန်ုပ်တို့လည်း လူသားပေမို့ အမှားနဲ့ မကင်းကြပေမယ့် ဘုရားရှင်ရဲ့တရားရိပ်အောက်မှာ နှိမ့်ချတတ်တဲ့ စိတ်နှလုံးနဲ့ လဲကျ- ရုန်းထဆိုတာလည်း ကျွန်ုတို့ ဘဝရဲ့ အစိပ်အပိုင်း တစ်ခုပါပဲ။
♻️တချို့က သူတော်စင်ဘောင်ဝင်တဲ့က ပိုသာယာတယ်၊ သက်သာတယ် အလုပ် သိပ်မလုပ်ရဘူးလို့ ပြောတတ်ကြတယ်။ မှားတော့ မမှားပါဘူး။ ဒါပေမယ့် ကျွန်ုပ်လည်း နေ့မအား - ညမနား လိုအပ်သူတွေကို ကူညီနိုင်အောင် ကြိုးစားရုန်းကန်ရတယ်။ အနှစ်နှစ် အလီလီ ခေါင်းတွေမီးလိုတောက်နေအောင်ကို စာပေကျမ်းဂန်တွေ လေ့လာကျက်မှတ်ရတယ်။
♻️တကယ်တော့ ဘယ်လို ခေါ်တော်မူခြင်းပဲ ရွေးရွေး ကားတိုင်ထမ်းရတာပါပဲ။ ပါရမီကျင့်ရတယ်။ ချစ်ခြင်း မေတ္တာ ထားရတယ်။ သစ္စာစောင့်ထိန်းရတယ်။ တာဝန်ယူ တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်ရတယ်။ မှားတဲ့အခါလည်း တောင်းပန်တတ်ရတယ်။
♻️မိမိကိုယ်ကိုတော့ အမြဲ ပြန်လည်သုံးသပ်ပြီး မေးခွန်းတွေ ပြန်မေးဆန်းစစ်ရပါတယ်။ ဥပမာ ---
♻️ကျွန်ုပ်တို့မှာ တကယ်ပဲ အရာအားလုံးကို ဖြတ်သန်းသွားနိုင်တဲ့ စွမ်းရည်နဲ့ ဇွဲသတ္တိတွေ ရှိပါသလား။
♻️ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်တဲ့ မိမိနဲ့နီးစပ်သူတွေကို ဘယ်လောက်အထိ ကူညီခဲ့ပြီလဲ။ ကူညီနေသလဲ...စသည်ဖြင့် မကုန်နိုင်တဲ့ မေးခွန်းနဲ့ မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ရတာ အခါ ရ၀ ခုနှစ်လီ မကပါပဲ။
♻️ကျွန်ုပ်တို့ ခရစ်တော်နောက်လိုက်ဖို့ "ဟုတ်ကဲ့လို့ ပြောရဲမှတော့" ဒီလမ်းကြောင်းပေါ်မှာ ဝမ်းနည်းနေရင် ခေါ်တော်မူခြင်း စစ်မှန်ပေါ့သလား။ ဒါပေမယ့် တကယ်လို့များ တစ်ယောက်ယောက် စိတ်ထားပြောင်းလို့ ခေါ်တော်မူခြင်း ပြောင်းတဲ့အခါ နားလည်ပေးကြပါ။ ဘုရားရဲ့ ချစ်ခြင်းက ဘယ်တော့မှ မပြောင်းပါဘူး။ ကျွန်ုပ်တို့လည်း လူတိုင်းရဲ့ ခေါ်တော်မူခြင်းကို လေးစား တန်ဖိုးထားကြတယ်။ အသစ်ဝင်ရင် ဝမ်းသာအားရ ကြိုဆိုသလို ထွက်သွားသူရှိလည်း အတူရပ်တည် နားလည်ပေးတယ်။
♻️ သြော်ဒါနဲ့... ကျွန်ုပ်တို့ ဝမ်းမြောက်တတ်ဖို့ မယ်တော် သခင်မဆီကို အတုယူနေကြပါတယ်။ မယ်တော်သခင်မဟာ အမြဲတမ်း ဝမ်းမြောက်ရွှင်လန်းစွာ ဘုရားသခင်ရဲ့အမှုတော်ကို တာဝန်ကျေကျေ အသက်ဆုံးတိုင် အစေခံခဲ့ပါတယ်။
♻️Consecrated life လို့ခေါ်တဲ့ သန့်ရှင်းတဲ့အသက်တာနဲ့ တကယ်ပဲ ကိုက်ညီအောင် ကြိုးစားနေကြပါတယ်။ သူတော်စင်ဘောင် ခေါ်တော်မူခြင်းဟာလည်း တခြားခေါ်တော်မူခြငလိုပဲ ဘုန်းကြီး၊ ကိုရင်၊ စစ္စသာရ် ဖြစ်တာနဲ့ မပြီးပါဘူး။ အမိအသင်းတော်မှာ သန့်ရှင်းမြင့်မြတ် အသက်တာနဲ့ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာမုန့်စပျစ်ရည် မျှဝေစားသုံးရင် ဘုရားရှင်ရဲ့ ဘုန်းဂုဏ်တော်အတွက် အရောင်စုံတဲ့ ခရစ်တော်ရဲ့ အစေခံအဖြစ်နဲ့ အမိအသင်းတော်ကို လက်ဆက်လှပအောင် တည်ဆောက်နေကြပါတယ်။
♻️တကယ်လို့များ သင့်ရဲ့ စိတ်ထဲမှာ သူတော်စင်ဘောင်ဝင်ဖို့ ဘုရားသခင်ရဲ့ အသံကြားခဲ့ရင်...
ဘယ်အသင်းဂိုဏ်းဝင်ချင်သလဲ။ ဘယ်လိုမျိုး သင်ယူပြီး ဘယ်လို အမှုဆောင်ဖြစ်ချင်လဲ။ ဘာတွေလုပ်ချင်လဲ။ ဘယ်နိုင်ငံသွားချင်လဲ။ စသည်ဖြင့် မဆုံးနိုင်တဲ့ မေးခွန်းနဲ့အတူ အသင်းဂိုဏ်းတွေအကြောင်း လေ့ဘာပါ။ စိတ်ဝင်စားတဲ့ အသင်းဂိုဏ်းတွေလို့ကတော့ လက်မနှေးစေနဲ့ သခင်ခေါ်သံကို ကြားဖို့ သင့်နှလုံးသား တံခါးဖွင့်ထားပေးပါ။
Credit to
Add new comment