အာဒ်၀င်းတူကာလကျင့်စဉ်

အာဒ်၀င်းတူကာလကျင့်စဉ်

စာရေးသူတို့အခြေခံရဟန်းဖြစ်သင်ကျောင်းသားဘ၀မှစ၍၀တ်စောင့် ခြင်းကိုလစဉ် (လပတ်) နှင့်နှစ်ပတ်လည် (တစ်နှစ်တစ်ကြိမ်) ပြုလုပ်ရ‌လေ့ရှိ သည်။ အခြေခံရဟန်းလောင်းကျောင်းသားဘ၀၌မူနှစ်ပတ်လည်၀တ်စောင့် ခြင်းကို (၃) သုံးရက်တာပြုလုပ်ရပါသည်။

ရဟန်းလောင်းကိုရင်ဖြစ်လာသောအခါ လစဉ်၀တ်စောင့်ခြင်းကိုမူနေ့ တစ်၀က်သာပုံမှန်ပြုလုပ်လေ့ရှိသော်လည်း နှစ်ပတ်လည်၀တ်စောင့်ခြင်းကိုမူ (၄ သို့ ၅) ရက်အထိစောင့်ရသည်။ ဘုန်းကြီးဖြစ်လာပြီးနောက်ပိုင်းလည်းထို့အတူ ပင်ဖြစ်ပါသည်။

လစဉ်၀တ်စောင့်ခြင်းဖြစ်စေ၊ နှစ်ပတ်လည်၀တ်စောင့်ခြင်းဖြစ်စေ၊ ထို ၀တ်စောင့်ခြင်း၏အဆုံး၌ကျင့်စဉ်တစ်ခုခုကိုချရပါသည်။ ထိုသို့ချရန်လည်းတ ရားပေးသောဘုန်းတော်ကြီးမှ‌သော်လည်းကောင်း၊ ဆရာတော်မှသော်လည်း ကောင်းတိုက်တွန်းလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်လစဉ်၀တ်စောင့် ခြင်းသည် ယခင်လ၌မိမိ၏၀ိညာဉ်ရေးအသက်တာတိုးတက်မူ၊ ဆုတ်ယုတ်မူ၊ မည်သည့်အပိုင်း၌ပို၍အားနည်းသည်တို့ကိုဆန်းစစ်ပြီး၊ လာမည့်လ၌ထိုအား နည်းသောအပိုင်းကိုပို၍အားဖြည့်ကြိုးစားရန်ဆုံးဖြတ်ချက်ချရသည်။ ထို့အတူ နှစ်ပတ်လည်၀တ်စောင့်ခြင်းအဆုံး၌လည်းတစ်နှစ်တာမိမိ၏၀ိညာဉ်ရေးအ သက်တာကိုသေချာစွာအချိန်ယူဆန်းစစ်ပြီး၊ ယခင်နှစ်ကထက်လာမည့်နှစ်၌ ၀ိညာဉ်ရေး၌ပိုမိုတိုးတက်ကောင်းမွန်လာစေရန်ကြိုးစားမည်ဟုဆုံးဖြတ်ချက် ချရသည်။ ထို့သို့ဆုံးဖြတ်ချက်ချရာတွင် မိမိ၌အမှန်တကယ်လိုအပ်သောအ ချက်မျိုးဖြစ်ရမည်။ လက်တွေ့ကျရမည်။ လက်တွေ့လုပ်ဆောင်ရမည်။ လုပ် ဆောင်နိုင်ခြင်းရှိမရှိမကြာခဏပြန်လည်ဆန်းစစ်ရသည်။ သို့မှသာမိမိ၏ ၀ိညာဉ်အသက်တာတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းကိုသိနိုင်မည်။ ၀ိညာဉ် ရေးအသက်တာ၌အခြေအနေနှစ်ခုသာရှိသည်။ တိုးတက်ခြင်းနှင့်ဆုတ်ယုတ် ခြင်းဖြစ်သည်။ မတိုးမယုတ်သည့်အခြေအနေမရှိပါ။ ရှိလျှင်လည်းစကားအရ သော်လည်းကောင်း၊ နှစ်သိမ့်လို၍သာသုံးနှုန်းသောစကားဖြစ်သည်။

ထို့အတူစာရေးသူ၏ဓမ္မမိတ်ဆွေများအားလည်း စာရေးသူအနေဖြင့်အ ကြံပေးတိုက်တွန်းလိုသည်မှာ ယနေ့သည်အမိသာသနာတော်ကြီး၏ (၂၀၂၁) တစ်နှစ်တာ၀တ်ပြုခြင်းအချိန်ကာအသစ်စတင်လိုက်ပြီဖြစ်သည်။ ဤအချိန် ကာလကို 'အာဒ်၀င်တူးကာလ' ဟုခေါ်သည်။ (၄) ပတ်တာသာကြာမြင့်ပါသည်။ ဤအချိန်ကာလသည်သာမန်အချိန်ကာလမဟုတ်။ ထူးခြားသောကျေးဇူးတော် ကာလဖြစ်သည်။ ထို့ကြောင့်ဤ 'အာဒ်၀င်းတူးကာလ' (၄) ပတ်တာ၌မည်သည့် ကျင့်စဉ်ကိုကျင့်ကြံကြမည်နည်း။ မိမိအတွက်လက်တွေ့ကျမည့်ကျင့်စဉ်ဖြစ်ရ မည်။ အစပြုသူများအတွက်ခက်ခဲမည်ဖြစ်၍အနည်းငယ်လွယ်ကူသောကျင့် စဉ်များကိုစဉ်းစားဆုံးဖြတ်နိုင်ရန်အနည်းငယ်တင်ပြလိုက်ပါသည်။

၁။ အာဒ်၀င်တူးကာလအတွင်း နေ့စဉ်စိပ်ပုတီးတစ်ကုံးစိပ်နိုင်အောင်ကြိုးစား မည်။

၂။ အာဒ်၀င်တူးကာလအတွင်း နေ့စဉ်စိပ်ပုတီး (၁၀) စေ့ကိုပူဇော်နိုင်အောင်ကြိုး စားမည်။

၃။ အာဒ်၀င်တူးကာလအတွင်း နေ့စဉ်ဖတ်ကြားထောက်ရူရမည့်ဧ၀ဂေလိကျမ်း စာကိုမပြတ်မကွက်ဖတ်ကြားထောက်ရူမည်။

၄။ အာဒ်၀င်တူးကာလအတွင်း နေ့စဉ်နံနက်ဆုတောင်းမေတ္တာ၊ ညဆုတောင်းမေ တ္တာကိုမပြတ်မကွက်ဆုတောင်းပူဇော်ပါမည်။

၅။ နေထိုင်မကောင်းဖြစ်နေသောမိမိ၏အိမ်နီးနားချင်း၊ သက်ကြီးရွယ်အိုတစ်ဦး ဦးနှင်တစ်ရက်ကိုစိပ်ပုတီး (၁၀) စေ့အတူတကွသွားရောက်စိပ်ပါမည်။

၆။ မိမိ၏အကူအညီလိုအပ်နေသောအိမ်နီးနားချင်းများအားကူညီနိုင်ရန် တစ်ရက်လျှင် (၅၀၀) စု၍ခရစ္မမတ်နေ့၌တစ်ခုခုလက်ဆောင်၀ယ်ပေးမည်။

၇။ မိမိအားထိခိုက်နာကျင်စေသူ (များ) အတွက်နေ့စဉ်ဂုဏ်ကျေးဇူးတော် (၃) ကြိမ်ရွတ်ဆိုပူဇော်ပေးပါမည်။

၈။ ကောင်းကင်နိုင်ငံတော်၌ဘုရားသခင်တည်ခင်းသောစားပွဲကိုမျှော်ရည်၍ မိသားစု၀င်များအားလုံးတစ်ပတ်လျှင် (၂) ကြိမ်နေ့လယ်စာဖြစ်စေ၊ ညစာဖြစ် စေစုံလင်စွာထမင်းလက်ဆုံစားနိုင်အောင်ကြိုးစားမည်။

၉။ မိသားစု၀င်များအားလုံးစု၍ ညဆုတောင်းမေတ္တာကိုတစ်ပတ်လျှင် (၃) ကြိမ် ဆုတောင်းနိုင်ရန်ကြိုးစားမည်။ ............ စသည်ဖြင့်ကျင့်စဉ်များချမှတ်လုပ် ဆောင်နိုင်ပါသည်။ ကျင့်စဉ်များကိုလက်တွေ့ဖော်ဆောင်ရာ၌ မိမိတစ်ဦးတည်း ပြုလုပ်နိုင်သောအရာများထက် မိသားစုများများပါ၀င်နိုင်သောကျင့်စဉ်မျိုး သည်ခရစ္စမတ်၏အဓိပ္ပါယ်ကိုပိုမိုပေါ်လွင်စေသောကြောင့် မိသားစုနှင့်ပြုလုပ် နိုင်သောကျင့်စဉ်မျိုးကိုပို၍စဉ်းစားစေလိုပါသည်။ ခရစ္စမတ်ပွဲတော်သည် 'မိသားစုပွဲတော်' ဖြစ်သည်ကိုလုံး၀မမေ့ပါနှင့်။

မှတ်ချက်။ ။မိမိတို့၏မိတ်ဆွေများအားလည်းပြန်လည်မျှ‌ေ၀ခြင်းဖြင့်ခရစ္စမတ် လက်ဆောင်ကိုကြိုတင်‌ေ၀မျှပေးနိုင်ပါစေ။ ယနေ့အတွက် ဖေ့စ်ဘွတ်ခ်မှရှဲခွင့် ရှိသည့်သတ်မှတ်ချက်ပြည့်သွား၍ဆက်လက်မရှဲနိုင်တော့ဘဲအပိတ်ခံထားရပါ သည်။

 

Add new comment

6 + 4 =