Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မြောက်ကိုရီးယာ ခရီးစဉ်အတွက် လမ်းဖွင့်ထား
အောက်တိုဘာလ ၁၉၊ ၂၀၁၈
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ မြောက်ကိုရီးယာ နိုင်ငံ၏ ဖိတ်ခေါ်ချက်ကို လက်ခံကြောင်းနှင့် ခရီးစဉ်လမ်းကြောင်းကိုလည်းဖွင့်ထားလိုက်သည်။ သို့သော်
မြောက်ကိုရီးယားကို ပုပ်ရဟန်းမင်းကြီး သွားရောက်လည်ပတ်ခြင်းအစီအစဉ်မှာ လိုအပ်တဲ့ပြင်ဆင်မှုတွေအများကြီးလုပ်ရအုံးမယ်၊ ထည့်သွင်းစဉ်းစားစရာတွေလည်းအများကြီးရှိနေပါသေးတယ်။ ဒါပေမဲ့ အခြားတဖက်မှာလည်း ပုပ်ရဟန်းမင်းကြီး သွားရောက်လည်ပတ်ခြင်းကြောင့် ကိုရီးယားကျွန်းဆွယ်မှ နယူကလီးယား လက်နှက်များဖယ်ရှားပစ်ဖို့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်းများအတွက် အများကြီး အထောက်အကူလည်းဖြစ်နိုင်ပါတယ်။ သွားရောက်လည်ပတ်ဖို့အရေးနဲ့ပတ်သက်လို့ အချိန်အတိုင်အတာတစ်ခုထိ စောင့်ဆိုင်းရအုံးမည်ဖြစ်သည်။ ယခု ဖိတ်ခေါ်ခြင်းက နုတ်အားဖြင်သာရှိသေးသာ အရာဖြစ်ပြီး အခုမှ အစဦးအခြေနေလေးသာဖြစ်နေသေးသည်။ ရဟန်းမင်းကြီးမှ သွားရန် ဆန္ဒရှိကြောင်းပြောဆိုထားသော်လည်း ဒီ ခရီးစဉ်ကို အတည်ပြုဖို့ ဆွေးနွေးတဲ့အချိန် ထည့်သွင်းစဉ်းစား ရမည့် အချက်များစွာရှိနေသေးသည်။
ဒီလိုခရီးစဉ်မျိုးအတွက်ပြင်ဆင်မှုတွေ အများကြီး လုပ်ဖိုလိုသေးကြောင်း ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီး ရုံးတော်အတွင်းရေမူး ရဟန်းမင်းအမတ် ကာဒီနယ် Parolin မှ ဗာတီကန် သတင်းဌာနသို့ပြောကြားခဲ့ပါသည်။
#pope, #visit, #northkorea, #opened, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment