Casa Santa Marta တွင် သောကြာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ

Casa Santa Marta တွင် သောကြာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
Casa Santa Marta တွင် သောကြာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
အောက်တိုဘာ ၁၉၊ ၂၀၁၈

အောက်တိုဘာ ၁၉ ရက် သောကြာ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လမ်းညွန်မှုဖြင့် ဘုရားသခင်ကတိထားတော်မူသော အမွေကို ရှာဖွေကြရန်ဟောကြားခဲ့ပါသည်။
ဖာရီဇေဦးတို့ နှင့် ဟန်ဆောင်လိမ်ညာမှုတို့၏ ဖြားယောင်းသွေးဆောင်မှုကိုသတိထားကြပါ သူတို့က သင်တို့ကို တစ်ကိုယ်ကောင်းဆန်မှုများ အတ္တများကို ဖြစ်ပေါ်တိုးပွားစေမယ်။ ဟန်ဆောင်လိမ်ညာမှုဟာ အပေါ်ယံသာဖြစ်ပါတယ်။ သင်တကယ်ဒုက္ခရောက်တဲ့အချိန်မှာ ဟန်ဆောင်လိမ်ညာသူတွေဟာ သင်တို့ကို မျက်နှာလွဲသွားကြလိမ်မယ်။ အဲ့လိုလိမ်ညာဟန်ဆောင်မှုမျိုးဟာ ကြောက်စရာ​ကောင်းပြီး အနာဂတ်မရှိတဲ့ဘဝမှာ နေထိုင်သူတွေဖြစ်တယ်။
ဟန်ဆောင်လိမ်ညာမှုရဲ့ ဆန့်ကျင်ဘက် အမှန်တရားရဲ့ လမ်းညွှန်မှု၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ရဲ့လမ်းညွှန်မှုဟာ ခရစ်ယာန်တို့၏ မျှော်လင့်ချက်၊ ယုံကြည်ချက်ဖြစ်သော ထာဝရကယ်တင်ခြင်းကို ဦးဆောင်လမ်းပြပေးတယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ တံဆိတ်ခပ်နှိပ်မှုကိုခံယူထားသူတိုင်း သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဦးဆောင်မှုနောက်ကိုလိုက်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်​ခတ်နှိပ်ထားသူတွေဟာ ကောင်းကင်နိုင်ငံတော်ရဲ့ အမွေစားအမွေခံတွေဖြစ်နေလို့ပါပဲ။
သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဦးဆောင်မှုမှာ လျှောက်လှမ်းနေသော ခရစ်ယာန်တွေဟာ သူတို့ဘဝလမ်းခရီးမှာတွေ့ကြုံရမယ့် အခက်အခဲတွေကို ရင် ဆိုင်ဖို့ခွန်အားပြည့်နေကြသူတွေ အဆင်သင့်ဖြစ်နေသူတွေဖြစ်ကြတယ်၊ သူတို့မှာ အပြစ်အမှားတွေရှိနေပေမဲ့လည်း ဘုရားရဲ့ခွင့်လွှတ်မှုကို မျှော်လင့်ခွင့် ရနေကြသလို မျှော်လင့်နေကြသူများလည်းဖြစ်တယ်။ အနာဂတ်ရှိနေတဲ့သူတွေဖြစ်ကြတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဦးဆောင်မှု့မှာ လျှောက်လှမ်းနေသော ခရစ်ယာန်တွေဟာဟန်ဆောင်မှုမရှိကြတော့ဘူး၊ ပကတိ​ပျော်ရွှင်ကြသူတွေ သူတို့အနာဂတ်ကို သူတို့သိနေတဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်ဝနေကြသူတွေဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဦးဆောင်မှုမှာ အသက်ရှင်နေထိုင်ကြစို့။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-10/pope-mass-homily-leaven-pharisees-holy-spirit-santa-marta.html

#pope, #mass, #holyspirit, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 1 =