Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စိန့် အူရ်ဆူလား ပွဲနေ့- အောက်တိုဘာလ၊ (၂၁)ရက်
စိန့် အူရ်ဆူလား ပွဲနေ့- အောက်တိုဘာလ၊ (၂၁)ရက်
စတုတ္ထရာစုတွင် (Saxon)ဒိဋ္ဌိတွေဟာ အင်္ဂလန်ကို စတင်ကျူးကျော်ဝင်ရောက်ခဲ့ပြီး ကက်သလစ်ယုံကြည်ခြင်းကို ဖျက်ဆီးရန်နှင့် အင်္ဂလိပ်အပျိုစင်လူငယ်အားလုံးရဲ့ သန့်ရှင်းစင်ကြယ်တဲ့ဘဝကို ချိုးဖောက်ဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ အဲအချိန်မှာ ထူးခြားတဲ့ အင်္ဂလိပ်မိန်းကလေးတစ်စုဟာ အင်္ဂလန်မှ တိုက်ကြီးတွေဆီကို ထွက်ပြေးခဲ့ကြပါတယ်။
ဒီအဖွဲ့မှာ စိန့် အူရ်ဆူလား (Ursula) နှင့်သူမရဲ့ သူငယ်ချင်းဆယ်ယောက် ပါ၀င်ခဲ့ပြီး၊ သူတို့တစ်ဦးချင်းစီမှာလည်း အဖော်တစ်ထောင်စီရှိကြပြီး၊ စုစုပေါင်း တစ်သောင်းတစ်ထောင့် တစ်ဆယ့်တစ်(၁၁၀၁၁) ယောက်ပါဝင်ခဲ့တယ်။
ဒါပေမဲ့ (၃၈၃) ခုနှစ်မှာ စိန့် အူရ်ဆူလား နှင့်သူမရဲ့ အပေါင်းအပါ (၁၁၀၁၀) တို့ဟာ သူတို့ရဲ့ ဘုရားရှင်အပေါ် ဖြူစင်ခြင်းပါရမီစောင့်ထိန်းမှုနှင့် မိမိတို့ရဲ့ ယုံကြည်ခြင်းအတွက်သတ်ဖြတ်ခြင်းခံခဲ့ကြရတယ်။
ဒီများပြားလှတဲ့ ဓမ္မအာဇာနည်တွေ သတ်ဖြတ်ခံရမှုဟာ ဂျာမနီနိုင်ငံ၊ ကိုလုပ်နီး (Cologne)တွင်ဖြစ်ပွားခဲ့ပြီး၊ သူတို့ရဲ့ အရိုးတွေကို တွေ့ရှိတဲ့နေရာမှာ သူတို့အား ကြည်ညိုမှုပေးနိုင်ရန် ၎င်းနေရာမှာပင် ဘုရားဖူးနေရာတစ်ခု ချထားခဲ့ကြတယ်။ စိန့် အန်ဂျေလားမာစီ မှ စိန့် အူရ်ဆူလားကိုဂုဏ်ပြုတဲ့အနေနဲ့ (၁၅၃၅) ခုနှစ်မှာ ကက်သလစ်အသင်းတော်မှာ အမျိုးသမီး သူတော်စဉ် အသင်းဂိုဏ်း တစ်ခုကို တည်ထောင်ခဲ့ပြီး အူရ်ဆူလိုင်းလို့ လူသိများခဲ့ပါတယ်။
အူရ်ဆူလိုင်းအသင်းဂိုဏ်းဟာ အထူးသဖြင့်ငယ်ရွယ်တဲ့ မိန်းကလေးများရဲ့ ပညာရေးကိုမြှင့်တင်ပေးပြီး St. Ursula ၏အမည်နှင့် ကျင့်စဉ်တွေကို ကမ္ဘာအနှံ့ပျံ့နှံ့ဖို့ သာသနာပြုနေကြပါတယ်။
စိန့် အူရ်ဆူလားဟာ ကက်သလစ်ပညာရေး၊ အထူးသဖြင့်မိန်းကလေးများ၊ Cologne၊ ဂျာမနီ၊ ပညာပေးသူ ဆရာသမားများ၊ သန့်ရှင်းသောသေခြင်း၊ ကျောင်းနေကျောင်းသားများအားကိုးရတဲ့ ရဟန္တာတစ်ပါးဖြစ်ပါတယ်။ သူမကို အနုပညာနှင့်သော်လည်းကောင်း အပျိုကညာ နာရီနှင့်၊ မြှားများဖြင့် ထိုးဖောက်ခံရပြီး ဓမ္မအာဇာနည် အပေါင်းအပါ အများအပြားနှင့်အတူ စိတ်ကူးဆန်သော ပုံပန်ချီကားဖြင့်ပန်းချီကားများဖြင့် ပုံဖော်လေ့ရှိပါတယ်။
# # # # # # # # # # # # # # # # #
ကြယ်စင်လေး (SJA)
Ref: CNA
        
     
      
Add new comment