အတင်းအဖျင်းပြောတာက လူ့အသိုင်းအဝိုင်းရဲ့ နှလုံးသားကို ရပ်တန့်စေပါတယ်။

သခင်ယေဇူးရဲ့ သွန်သင်ချက်တွေက ကျွန်ုပ်တို့အတွက် ကြီး မားတဲ့အထောက်အကူ ဖြစ်စေပါတယ်။

ပုံဥပမာတစ်ခု စဉ်း စားကြည့်နိုင်တယ်။ကျွန်ုပ်တို့ အမှားတစ်ခုကို မြင်တဲ့အခါ ညီအစ်ကို (သို့) မောင်နှမရဲ့ အပြစ်အနာအဆာ၊ ချွတ်ချော်မှုကိုမြင်တာနဲ့ အရင်ဦးဆုံး ပုံမှန်ကျွန်ုပ်တို့ လုပ်ကြတာက တော့ အဲဒါကို တခြားလူတွေဆီ သွားပြောပြ တတ်ကြပါတယ်။

ကျွန်ုပ်တို့ အတင်း အ ဖျင်း ပြောကြတယ်။

အတင်းအဖျင်းပြောတာက လူ့အသိုင်းအဝိုင်းရဲ့ နှလုံးသားကို ရပ်တန့်စေပါတယ်။ အသင်းတော်ရဲ့ စည်းလုံးမှုကိုလည်း ပျက်ပြားစေတယ်။အတင်း အဖျင်းအရမ်းပြောသူက နတ် ဆိုးပဲဖြစ်ပါတယ်။ တခြားသူတွေ မ​ကောင်းကြောင်းပဲ အမြဲ​တမ်းလျှောက်ပြောနေတတ်တယ်။

အသင်းတော်ကြီးရဲ့ စည်းလုံးမှုပျက်အောင် လုပ် ဆောင်နေတဲ့ လှည့်ဖျားတတ်သူ ဖြစ်လို့ပါပဲ အသိုင်းအဝိုင်းကို နှောက်ယှက်ပြီး ညီအစ်ကို အချင်းချင်းကိုလည်း ဝေးကွာစေတတ်ပါတယ်။

ညီအစ်ကိုမောင်နှမအပေါင်းတို့ ကျေးဇူးပြုပြီး အတင်းအဖျင်း မပြောမိအောင် ကြိုးစားကြပါစို့။ အတင်းအဖျင်းပြောနေတာက ကိုဗစ်-၁၉ ထက် ပိုဆိုးပါတယ်။ တကယ်ပိုဆိုးတာပါ။

ကျွန်ုပ်တို့ အတင်းအဖျင်မပြော မိအောင် အမြဲ ကြိုးစားကြပါစို့။
✍️ ထန်းဟာ, SJ

Add new comment

1 + 5 =