ကျွန်ုပ်တို့ရဲ့အိမ် ကမ္ဘာမြေလုံခြုံကောင်းမွန်အောင် ဂရုစိုက်လုပ်ဆောင်နိုင်ကြပါစေ။ 

ကျွန်ုပ်တို့မှာ ဒုက္ခခံစားနေရတဲ့သူတွေကို အာရုံစိုက်ကြည့်ရှုနိုင်တဲ့ မျက်စိတွေရှိအောင် သခင်ဘုရားထံတောင်းလျှောက်ကြပါစို့။

သခင်ယေဇူးရဲ့တမန်တော်တွေဖြစ်ကြတဲ့ ကျွန်ုပ်တို့ဟာ တစ် ကိုယ်ကောင်းဆန်တာနဲ့ ဥပေ က္ခာပြုတာတွေကို မလိုချင်ကြပါဘူး။ အဲဒီနှစ်ခုက သဟဇာ တဖြစ်မူကို ဆန့်ကျင်ပြီး မ ကောင်းတဲ့အပြုအမူတွေ ဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါမခွဲခြားဘဲ လူတိုင်းကိုတိုက်ခိုက်နေတဲ့ ဗိုင်းရပ်စ်ကို ကုသဖို့အားလုံးက လုပ်ဆောင်နေတဲ့အချိန် ယုံကြည်ခြင်းကကျွန်ုပ်ကို လေးနက်တဲ့အပြုအမူနဲ့အတူ ဥပေက္ခာပြုတာကိုလည်း ဖြိုဖျက်စေတဲ့အပြင်၊ လူ့ဂုဏ်သိက္ခာကိုအကြမ်းဖက်မှုတွေကိုလည်း တွန်းလှန်စေပါတယ်။

ဥပေက္ခာပြုတာကနေ ဂရုမစိုက်တော့ဘဲ အလေးမထားတတ်တဲ့ ဓလေ့ဖြစ်လာစေပါတယ်။ လူ့မိသားစုအသိုင်းအဝန်းရဲ့တန်ဖိုးကိုသိလာပြီး ကျွန်ုပ်တို့ကို ဘုရားရှင်အမြင်မှန် ပြန်ပေးပါစေ။

အဲဒီအမြင်မှန်အတိုင်း လက် တွေ့ကျင့်သုံးလုပ်ဆောင်ရာမှာ သနားကြင်နာမှု လူတိုင်းကိုလေးစားမှုတွေနဲ့အတူ ကျွန်ုပ်တို့ရဲ့အိမ် ကမ္ဘာမြေလုံခြုံကောင်းမွန်အောင် ဂရုစိုက်လုပ်ဆောင်နိုင်ကြပါစေ။ ✍️

ထန်းဟာ, SJ

Add new comment

1 + 3 =