ဆုတောင်းခြင်းသည်သေးဖွဲသောအမှုဖြစ်သော်လည်း ဘုရား သခင် ၏ချစ်ခြင်းကိုကြဲခြင်းဖြစ်

ဆုတောင်းခြင်းသည်သေးဖွဲသောအမှုဖြစ်သော်လည်း ဘုရား သခင် ၏ချစ်ခြင်းကိုကြဲခြင်းဖြစ်

ဆုတောင်းခြင်းသည်သေးဖွဲသောအမှုဖြစ်သော်လည်း ဘုရား သခင် ၏ချစ်ခြင်းကိုကြဲခြင်းဖြစ်

ဆုတောင်းခြင်းနှင့်သေးဖွဲသောအမှုများကိုပြုလုပ်ခြင်းသည် ကမ္ဘာကြီးအားချစ်ခြင်းမေတ္တာမျိုး စေ့ကိုကြဲခြင်းဖြစ်သည်။ အရာ ရာတိုင်းကိုလည်းအသစ်ပြုပြင်ပေးသည်။ ဤအမှုများသည်ကမ္ဘာကြီးကိုပိုမိုလှ ပအောင်၊ ဘုရားသခင်၏ချစ်ခြင်းရောင်ခြည်ကိုထွန်းလင်းပေး ခြင်းဖြစ်သည်။

အထက်ပါသတင်းစကားကိုရဟန်း မင်းကြီးဖရန်စစ်သည် ပြီးခဲ့သောစနေနေ့ယေဇူးရွှေနှလုံးတော် ၏ဖရန်စစ္စကင်အသင်း သီလရှင် များအားပေးပို့မိန့်ကြားခဲ့သည်။ ဤသီလရှင်အသင်းကို (၁၀၉၂) ခုနှစ်ဦ၊ Blessed Maria Margherita Caiani မှအီတလီနိုင်ငံတွင်တည် ထောင်ခဲ့ သည်။ သူ့အား (၁၈၆၃၊ နို၀င်ဘာ လ၊ ၁၁) ရက်နေ့၌ တည် ထောင်ခဲ့သည်။

အသင်းတည်ထောင်သူသည် (၁၉၂၁၊ ဩဂုတ်လ၊ (၈) ရက်နေ့၌ ပျံ လွန်တော်မူသွားခဲ့သည်။ အသင်းကိုတည်ထောင်သူသည် အသက်ရှင်သန်ဦးမည်ဆိုပါလျှင် လာမည့် (၂၀၂၁၊ ဩဂုတ်လ၊ ၈) နေ့၌သူသည် ရာ ပြည့်မွေးနေ့ ကိုကျင်းပရမည်ဖြစ်သည်။ ရဟန်းမင်းကြီးက သီလရှင်များအား မိမိတို့၏အသင်းကိုတည်ထောင်ခဲ့သူချမှတ်ခဲ့သောလမ်းစဉ်၊ ကျင့်စဉ်များကိုအတိတ် ၌ချန်မထား သကဲ့သို့၊ အနာဂါတ်သို့ရွေ့ဆိုင်းမထားရ။ ယနေ့ပြုလုပ်နိုင်ခြေရှိသော် လည်းရှောင်ဖယ်ခြင်းများမပြုရန်၊ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့သည် ဤသို့လုပ် ဆောင်ရန်ဘုရားသ ခင်၏ခေါ်တော်မူခြင်းကိုခံထားရသည်။

အသေးအဖွဲ
သီလရှင်များအား မိမိတို့၏အသင်းကိုတည်ထောင်သူ၏ရည်ရွယ်ချက်၊ အသင်း၏အမည်ကိုဆင်ခြင်ရန်၊ အသင်း ၀င်သူများအား ‘မီးနင်မ်စ်) ဟုခေါ်ရခြင်းမှာအသင်းကိုတည်ထောင်သူ မာသာရ် Maria Margherita Caiani သည်စိန့်ဖရန် စစ်၏သေးဖွဲသောဘ၀နေထိုင်မူကိုကျင့်ကြံအားထုတ်၍ရိုးသားစွာရှင်သန်စေလို၍ဖြစ်သည်။ စိန့်ဖရန်စစ်သည် အလွန်နိမ့် ချရိုးသားစွာသီတင်းသုံးပြီး၊ ယေဇူးသခင် ၏ခြေတော်ရာအတိုင်းရှင်သန်ခဲ့သောကြောင့် ‘သေးငယ်သူ’ ဖြစ်ခဲ့သည်။ ယေဇူး သခင်သည်ကိုယ်တိုင်လက်၀ါးကပ်တိုင်၌အသေခံ၍နှိမ့်ချခံခဲ့သည်။ ဤကျင့်စဉ်သည်အလွန်ကျဉ်းမြောင်းပြီး၊ ခက်ခဲ သည်။ သို့သော်အဆုံးတိုင်အောင်တည် ကြည်သူသည်အသီးအပွင့်များ ဝေ ဆာလာမည့်ဘ၀ဖြစ်လာသည်။

ယေဇူးရွှေနှလုံးတော်
အသင်းကိုတည်ထောင်ခဲ့သူသည် အသင်း၀င်သီလရှင်တစ်ပါးစီအား ချစ်ခြင်း၏အရင်းအမြစ်ဖြစ်သော ယေဇူးရွှေ နှလုံးတော်၌အမြစ်တွယ်ဆက်နေစေလိုသည်။ ယေဇူးသခင်ကျွန်ုပ်တို့အပေါ်ထားရှိသောချစ်ခြင်းသည် ကျွန်ုပ်တို့အားမျက် လုံးမျက်ဆံပြူးသွားစေမည်အတတ်များဖြင့်ပြုလုပ်ထားပြီး၊ မကြာမီမှေးမှိန်သွားစေသည့်ချစ်ခြင်းမျိုးမဟုတ်။ ယေဇူးသ ခင်၏ချစ်ခြင်းသည် ကျစ်လစ်သည်။ သစ္စာတည်ကြည်သည်။ နီးကပ်စွာတည် ဆောက်ထားသည်။ ကျွန်ုပ်တို့၏နိမ့်ကျနေ သောဘ၀ကိုဖြစ်စေ၊ စိတ် ဓာတ်ကိုဖြစ်စေမြင့်တင်ပေးသည်။ ကျွန်ုပ်တို့အားသိက္ခာနှင့်ယုံကြည်မူကိုပေးသည်။ ထို့ကြောင့် ဧမာအုစ့်ရွာသို့ပြန်သွားသောတပည့်တော်ကြီးနှစ်ပါးနှင့်အတူအဖော်ပြုကာခရီးသွားခဲ့သောယေဇူးသခင်သည် သေခြင်းကို အောင်မြင်ခဲ့သောသူရဲကောင်းကဲ့သို့မဟုတ်။ ရိုးသားသောခရီးသွားဖော်ကဲ့သို့သာဖြစ်ခဲ့သည်။ သို့သော်ထိုတပည့်တော် ကြီးနှစ်ပါး၏ဟာတာတာဖြစ်နေသောစိတ်ကိုအားရကျေနပ်မူ၊ ပျော်ရွှင်မူကိုဖြစ်ပေါ်စေခဲ့သည်။ သူတို့၏ငုံနေသောစိတ်၊ ပိတ်မိနေသောစိတ်ကိုယေဇူးသခင်၏အလွန်ကြီးမြတ်သော်လည်းရိုးရှင်းသည့်မုန့်ဖဲ့ခြင်းအမူဖြင့်ပွင့်လင်းသွားစေခဲ့သည်။ ထို့ကြောင့်ယေဇူးရွှေနှလုံးတော် ၏ချစ်ခြင်းမျိုးဖြင့်ချစ်ရန်၊ သိမ်မွေ့ခြင်းနှင့်ပြည့်သောအပြုအမူဖြင့်လုပ်ဆောင်ကြရန်ရ ဟန်းမင်းကြီးကတိုက်တွန်းခဲ့သည်။

ဆုတောင်းခြင်း
ယေဇူးရွှေနှလုံးတော်၏အပိုင်ဖြစ် ကြောင်းဖော်ပြသောအလွန်ထူးခြားသည့်နည်းလမ်းမှာဆုတောင်းခြင်းဖြစ်သည်။ မစ္ဆားတရား၊ သတ်မှတ်ထားသောအချိန်နှင့်လိုက်ရွတ်ဆိုပူဇော်ရသောဆုတောင်းမေတ္တာများ၊ ရှိခိုးကိုးကွယ်ခြင်း၊ နှုတ် တော်ထွက်စကားများကိုထောက်ရူဆင်ခြင်ခြင်း၊ စိပ်ပုတီးစိပ်ခြင်း၊ ၀ိညာဉ်စာ ပေများဖတ်ရူခြင်းတို့ဖြစ်သည်။

ကျွန်ုပ်တို့ ဘ၀တစ်ခုလုံးသည် သန့် ရှင်းသော၀ိညာဉ်တော်၏ ကျေးဇူးတော်၌ ဆုတောင်းမေတ္တာအဖြစ်လာရန်ခေါ်တော်မူခြင်းခံ ထားရသည်။ ယေဇူးသခင်သည်ကျွန်ုပ်တို့အားနေ့စဉ်ပြုပြင်ပြောင်းလဲပေးလျှက်ရှိသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးကိုသူ၏နှ လုံးနှင့်တူသည်ထက်တူအောင်ပြုလုပ်ပေးလျှက်ရှိသည်။ သီလရှင်များသည်သနားတတ်သော ယေဇူးရွှေနှလုံးတော်၏ နိုးဆော်မှုဖြင့် Blessed Maria Margherita ကဲ့သို့သီလရှင်များဆုံဆည်းထိတွေ့ရသူများကလေး၊ လူငယ်၊ လူကြီးများအား မိခင်သဖွယ်ပြောဆိုဆက်ဆံနိုင် ရန်တိုက်တွန်းခဲ့သည်။

ဆပ်ဖြေခြင်း
သီလရှင်များကျင့်ကြံအားထုတ်နေသော ဆပ်ဖြေခြင်းနှင့်ပတ်သက်၍ ဆပ်ဖြေခြင်းသည်အပြစ်ကြောင့်ပျက်ဆီး ယိုယွင်းနေသောအလွန်လှပသည့်ကမ္ဘာကြီးကိုပြန်လည်ပြင်ဆင်မွှမ်းမံရန်အကောင်းဆုံးပေးဆပ်ခြင်းဖြစ်သည်။ သင်တို့၏ ဆုတောင်းခြင်းနှင့်သေးဖွဲ့သောချစ်ခြင်းအမူများအားဖြင့် ကမ္ဘာကြီးထဲသို့ဘုရားသခင်၏ချစ်ခြင်းမျိုးစေ့ကိုကြဲချ၍အရာ အားလုံးကိုအသစ်ပြု ပြင် လိုက်ခြင်းဖြစ်သည်။ ဤသီလ ရှင်အသင်း၀င်များစွာအီတလီ၊ ဘရာဇီးလ်၊ အီဂျစ်၊ သီရိလင်္ကာ၊
ဘက်သလင်ဟင်တို့၌အမှုတော်ဆောင်နေပြီး၊ ၄င်းတို့သည်အဓိကကလေးသူငယ်များနှင့်လူငယ်မောင် မယ်များကိုကူညီ ပျိုးထောင်ပေး
လျှက်ရှိသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2DswFfB

Add new comment

10 + 9 =