ဂိုဏ်းချုပ်ဆရာတော်အဖြစ်မှ စွန့်လွှတ်၍ နူနာစွဲနေသာ ရောဂါသည်များအား သာမန်သာသနာပြုအဖြစ်အစေခံခဲ့သည့် Cardinal Leger

ဂိုဏ်းချုပ်ဆရာတော်အဖြစ်မှ စွန့်လွှတ်၍ နူနာစွဲနေသာ ရောဂါသည်များအား သာမန်သာသနာပြုအဖြစ်အစေခံခဲ့သည့် Cardinal Leger
 

Cardinal Leger ၏ အမည်အပြည့်အစုံမှာ Paul Emile Cardinal Leger ဖြစ်ပြီး၊ ကနေဒါနိုင်ငံ Montreal မြို့တွင် ၁၉၀၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်စဥ်အခါက စက်မှုပိုင်းဆိုင်ရာတွင် ကျွမ်းကျင်သူဖြစ်ချင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကက်သလစ်ရဟန်းဘ၀သို့၀င်ရောက်ရန်ဆုံးဖြတ်ခဲ့သည်။ Jesuits အသင်းဂိုဏ်းသို့၀င်ရောက်ရန်ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခြင်းကိုခံခဲ့ရသည်။
၁၉၂၉ ခုနှစ်တွင် ရဟန်းသိက္ခာခံယူခဲ့ပြီး၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ရဟန်းဖြစ်သင်ကျောင်းတွင် စာချပုဂ္ဂိုလ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။
၁၉၅၀ တွင် ဆရာတော် သိက္ခာခံယူခဲ့ပြီး Montreal သာသနာ၏ သာသနာပိုင်ဆရာတော်ဖြစ်လာခဲ့သည်။ နောက်သုံးနှစ်အကြာ သက်တော် ၄၈ နှစ်တွင် ကာဒီနယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ထိုအချိန်တွင် ကာဒီနယ်များအားလုံးအထဲတွင် အသက်အငယ်ဆုံး ကာဒီနယ်တစ်ပါးဖြစ်လာခဲ့သည်။
၁၉၆၃ ခုနှစ် ဒုတိယဗာတီကန်အစည်းအ‌‌ေ၀းတွင်ပါ၀င်နေစဥ်၊ အာဖရိကတိုက်သို့သွားရောက်ခဲ့ပြီး အာဖရိကလူမျိုး နူနာရောဂါများနေထိုင်ရာ နေရာများသို့ သွားရောက်လည်ပတ်ခဲ့သည်။ နူနာရောဂါသည်များ၏ အဖြစ်အခြေအနေကို သိမြင်ခဲ့သော ကာဒီနယ် Leger သည် တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး သူတို့ကိုကူညီရန် အလှူငွေရှာဖွေပေးခဲ့သည်။
နောက်ငါးနှစ်အကြာတွင် နူနာရောဂါသည်များနှင့် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မေ့ပျောက်နိုင်ခဲ့ခြင်းမရှိဘဲ၊ ဂိုဏ်းချုပ်ဆရာတော်အဖြစ်မှ စွန့်လွှတ်၍ အာဖရိကတိုက်သို့ သာမန်သာသနာပြုအဖြစ်သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် ကနေဒါရှိ ကက်သလစ်ဘာသာတူများအား တုန်လှုပ်သွားစေခဲ့သည်။
Montreal သာသနာ၏ သာနာပိုင်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ၁၇ နှစ် ဦးဆောင်တာ၀န်ထမ်းဆောင်ခဲ့ပြီးချိန်တွင် ဂိုဏ်းချုပ်ဆရာတော်အဖြစ်မှ စွန့်လွှတ်ခဲ့ပြီး၊ နောက် ၁၂ နှစ် ကြာမျှ အချိန်အထိ ကင်မရွန်းနိုင်ငံတွင် သာမန်သာသနာပြုအဖြစ် အစေခံခဲ့သည်။
၁၉၉၁ခုနှစ်တွင်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြင့်၊ သက်တော် ၈၇ တွင် ပျံလွန်တော်မူခဲ့သည်။ ၂၀ ရာစုအတွင်း၊ သြဇာအရှိဆုံး ဆရာတော်အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရသည်။ Pope Paul VI ကို ဆက်ခံရန် နာမည်ကြီးခဲ့သော ကာဒီနယ်တစ်ပါးလည်းဖြစ်သည်။

Fr. Henry Brang Mai

Credit = https://www.nytimes.com/…/cardinal-leger-canadian-prelate-w…

Add new comment

8 + 3 =