ညီလာခံ စတင်ခြင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ၏ အဖွင့်အမှာစကား

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ
ညီလာခံ စတင်ခြင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ၏ အဖွင့်အမှာစကား
အောက်တိုဘာ ၃၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-10/synod-youth-2018-opening-prayer-and-greeting.html

#bishops, #synod, #youth, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

၁၅ကြိမ်မြောက် လူငယ်များအရေး ဆရာတော်ကြီးများ အထွေထွေညီလာခံ ၂၀၁၈ အောက်တိုဘာလ ၃ မှ ၂၈ ရက်ထိကျင်းပမည့် "လူငယ်များနှင့် သူတို့၏ ယုံကြည်ခြင်း၊ ခေါ်တော်မှုခြင်းဆိုင်ရာ သုံးသပ်ဆန်းစစ်ခြင်" အစည်းအဝေးခေါင်းစဉ်ဖြင့် အောက်တိုဘာ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါသည်။
ညီလာခံသည် ဝေမျှရမည့်အချိန်၊ ဝေမျှခြင်းမှာ ရဲရင့်စွာ၊ ပွင့်လင်းစွာပြောဆိုကြပြီး၊ နှိမ့်ချစွာ နားထောင်ကြရန်လိုအပ်ေ​ကြာင်း၊ ညီလာခံပါဝင်သူများ အပြန်အလှန်ဆွေးနွေးပြောဆိုကြရန်ဖြစ်ေ​ကြာင်း၊
ညီလာခံသည် အတွင်းစိတ်ယုံကြည်ခြင်းအပေါ်အ​ခြခံပြီး ယုံကြည်ခြင်း၌ထွက်ပေါ်လာ​​သောအရာများကို စမ်းစစ်သောအချိန်၊ သမာရိုးကျစိတ်များ၊ အထင်အမြင်လွဲမှားစိတ်များကို ဘေးဖယ်ထားကြရန်​၊ ရဟန်းဘုန်းတော်ကြီးတို့၏ တစ်​မိန့်တစ်​အာဏာအုပ်ချုပ်ကျင်ကြံတတ်ေ​သာ အကျင့်များ၊ ကိုယ့်ကိုယ့်ကို မလုံခြုံမှာ​ ​ကြောက်​၌ ကာကွယ်သော အကျင်များဘေးဖယ်ထားကြရန်​၊
ယခုလက်ရှိတွေ့ကြုံနေရသော အသင်းတော်၏ဒုက္ခရောက်ချိန်သည် ငါတို့နှင့်အတူ၊ ငါတို့ကို သနားကြင်နာမှု့ပေးရန်၊ ကူညီရန်၊ သူနောက်လိုက်ဘဝအသက်တာပြည့်ဝရန် ကူညီပေးမည့် ဘုရားရဲ့အချိန်ဖြစ်ကြောင်း၊ မတူညီသောမျိုးဆက်များတွေ့ဆုံဆွေးနွေးခြင်းမှ
အနာဂတ်အတွက်
မျှော်လင့်​ချက်များသစ်လွင်ရှင်သန်လာစေရန်
ဤညီလာခံမှ မျော်​လင့်ထား​ကြောင်း၊ အချုပ်အနေနှင့် ဤ ညီလာခံသည် စာတမ်းကလေးတစ်ေ​စာင်ထွက်လာဖို့ သက်သက်လုပ်သောအလုပ်မဟုတ်ဘဲ ညီလာခံရည်ရွယ်ချက်နှင့် ကိုက် ညီ၍ အဓိပ္ပါယ် ပြည့်ဝသော လူငယ်များ၏ အနာဂတ်ကိုဖော်ဆောင်ပေးမည့် အနာဂတ် အသင်းတော်၏ အသက်ရှင်နေထိုင်မှုတစ်​ခုကို ရရှိရန် ဖြစ်ကြောင်း ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပြောကြားခဲ့ပါသည်။

Add new comment

16 + 0 =