ဆုတောင်းခြင်း

ဆုတောင်းခြင်းဟာအမြဲတမ်းဘဝရဲ့ ကွင်းဆက်တစ်ခုလိုပဲဖြစ်ပါတယ်။ ဆုတောင်းကြတဲ့အမျိုးသား/သမီးများ ကနေ ဘဝမျိုးစေ့တွေကိုပျံ့နှံ့စေပါတယ်။ သေးငယ်တဲ့ ဆုတောင်းခြင်းကအစ ဘဝကို မျိုးစေ့လိုဖြစ်စေတယ်။ အဲဒါကြောင့်လည်း ကလေးတွေကို ဆုတောင်း တတ်အောင်သင်ပေးဖို့ အရေးကြီးပါတယ်။  ကလေးတွေက ခရူစူးအမှတ်အသားကိုတောင် (မတားတတ်)မလုပ်တတ်တာတွေ့ရင် ကျွန်ုပ်စိတ်မကောင်းဖြစ်မိပါတယ်။ 

 

#ကလေးတွေကို_ခရူစူးအမှတ်အသားသေချာ

လုပ်တတ်အောင်_သင်ပေးဖို့လိုပါတယ်။ 

 

ဒါကသူတို့ပထမဦးဆုံးဆုတောင်းတာဖြစ်လို့ပဲ။ ကလေးတွေ ဆုတောင်းနည်း သင်ယူဖို့အရေးကြီးပါတယ်။ တစ်နေ့နေ့မှာ ဆုတောင်းနည်းမေ့သွားတာ ဒါမှမဟုတ် တခြားလမ်းကြောင်း ပြောင်းတာတွေဖြစ်နိုင်လို့ပါပဲ။ ဒါပေမဲ့ ပထမဦးဆုံး သင်ယူတဲ့အရာက သူတို့နှလုံးသားမှာ ရှိဖို့လိုအပ်ပါတယ်။ သူတို့ဟာဘဝရဲ့မျိုးစေ့တွေဖြစ်သလို ဘုရားသခင်နဲ့စကားပြောဖို့ မျိုးစေ့တွေဖြစ်ပါတယ်။

(✍️ဘာသာပြန် - ထန်းဟာ,SJ)

Add new comment

16 + 0 =