သခင်ခရစ်တော်၌ တစ်ဦးနှင့်နစ်ဦး ဆက်နွယ်တည်ရှိခြင်း

သခင်ခရစ်တော်၌ တစ်ဦးနှင့်နစ်ဦး ဆက်နွယ်တည်ရှိခြင်း

ပုပ်ရဟန်းမင်းကြီးသည် Casa Santa Marta ဘုရားကျောင်းတော်၌ ဗုဒ္ဓဟူးနေ့တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအတွက်ဆုတောင်းပေးခဲ့ပါသည်။ ဩဝါဒတရားတော်ထဲ၌ ခရစ်ယာန် ဘဝအသက်တာသည် "သခင်ခရစ်တော်၌ ဆက်နွယ်တည်ရှိနေခြင်း " ဖြစ်ကြောင်း မြွတ်ကြားခဲ့ပါသည်။........

Pope Francis သည် ဗုဒ္ဒဟူးနေ့၊ ပဉ္စမမြောက် ပါစကားကာလ၊ မနက်မစ္ဆားတရားတော်မြတ်ကို Casa Santa Marta ဘုရားကျောင်း၌ ပူဇော်ခဲ့ပါသည်။ ၎င်းနေ့မှာပင် အသင်းတော်သည် ဖာတီမာမြို့၌ ထင်ရှားပြသော မယ်တော်သခင်မပွဲကို ကျင်းပခဲ့ကြသည်။ မစ္ဆားတရားတော်မြတ် အစ၌ ပုပ်ရဟန်းမင်းကြီးသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအား အောက်မေ့သတိယကာ ဤသို့ ဆုတောင်းပေးခဲ့ပါသည်။

" ယနေ့၊ ပညာသင်ယူနေကြသော ကျောင်းသူကျောင်းသားများနှင့်၊ ပညာဆက်လက်သင်ကြားနိုင်ရန် နည်းလမ်းသစ်များကို ရှာဖွေရန်လိုအပ်နေသော ဆရာ၊ ဆရာမများ အတွက် ဆိုတောင်းကြပါစို့။ ဤလမ်းကို လျှောက်လှမ်းရာ၌၊ ဘုရားရှင်သည် သူတို့အား ကူညီစောင်မပါစေ၊ ခွန်အားသတ္တိနှင့် အောင်မြင်မှု ကို ပေးသနားတော်မူပါစေ။ " ဟူ၍ ဆုတောင်းပေးခဲ့ပါသည်။ ..........

ဩဝါဒတရားတော်

ဩဝါဒမြွတ်ကြားရာ၌ ပုပ်ရဟန်းမင်းကြီးသည်၊ ဗုဒ္ဓဟူးနေ့၏ ဧဝံဂေလိကျမ်း စာကို ကိုးကားထောက်ရှုခဲ့သည်။(သံယောဟန် ၁၅း ၁-၈)၌ သခင်ခရစ်တော်သည် တပည့်တော်တို့အား "ငါသည် မှန်သောစပျစ်ပင် ဖြစ်၏၊ ငါ၏ခမည်းတော်သည် ဥယျာဉ်စောင့်ဖြစ် ၏။ ငါ့၌အသီးမသီးသော အကိုင်းအခက်များကို ဖယ်ရှား၍၊ သီးသော အခက်တို့ကို ပိုမိုသီးစေခြင်းငှာ၊ ခုတ်ထစ်တော်မူမည်။ " ဟု မိန့်တော်မူခဲ့သည်။ ...........
ဩဝါဒတရားတော်ထောက်ရှုချက်။

သခင်ခရစ်တော်၌ "ဆက်နွယ် တည်ရှိခြင်း

ခရစ်ယာန်တို့၏ ဘဝအသက်တာသည် သခင်ခရစ်တော်၌ ဆက်နွယ် တည်ရှိခြင်းဖြစ်ကြောင်း၊ ဆက်နွယ် တည်ရှိခြင်းဆိုသည်မှာ "သူတစ်ပါးသည် မိမိ ၌ တည်ရှိနေခြင်း" မဟုတ်။ မိမိသည် သူတစ်ပါးပါး၌်တည်ရှိပြီး (တစ်ပါးသူ၌ မိမိတည်ရှိသကဲ့သို့၊ မိမိ၌ တစ်းသူတည်ရှိနေခြင်း) အပြန်အလှန် "ဆက်နွယ် တည်ရှိခြင်း" ကို ဆိုလိုကြောင်း ရှင်းပြခဲ့ပါသည်။

Pope Francisသည် ဩဝါဒဟောကြားရာ၌ သခင်ခရစ်တော် ကျွန်ုပ်တို့၌ တည်ရှိခြင်းသည် ဘဝ၏ လှပနက်နဲသော အရာတစ်ခုဖြစ် ကြောင်း လေးလေးနက်နက် မိန့်ဆိုခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီးသည် သခင်ခရစ်တော် မိန့်ကြားတော်မူခဲ့သည့် " အသက်မပါသော သစ်အကိုင်းအခက်သည် မည်သည့်အရာမျှမပြုနိုင်။ အကြောင်းမူကား သစ်ကိုင်း များသည် ကြီးထွားရှင်သန်ပြီး အသီးသီးခြင်းငှာ သစ်ရည်လိုအပ်ကြောင်း၊ သစ်ကိုင်းသည် အသီးကောင်းသီးခြင်းငှာ ပင်စည်ကို လိုအပ်သကဲ့သို့ ပင်စည်သည်လည်း သစ်ကိုင်းကို လိုအပ်ကြောင်း၊ အပြန်အလှန်လိုအပ်မှုရှိကြောင်း မိန့်ကြားခဲ့ပါသည်။.......

ခရစ်ယာန်အသက်တာသည်၊ ပဋိညာဉ်များကို ပြည့်စုံစေခြင်း၊ မင်္ဂလာတော်ရှစ်ပါးကို ကျင့်ကြံပြီး ဂရုဏာလုပ်ငန်းများကို လုပ်ဆောင်ခြင်း၊ ထိုမျှမက ခရစ်ယာန်အသက်တာသည် တစ်ဦးနှင့် တစ်ဦအပေါ် အပြန်အလှန် ဆက်နွယ် တည်ရှိနေခြင်းဖြစ်သည်။ ဟု ရဟန်းမင်းကြီးမှ မြွတ်ကြားခဲ့ပါသည်။ ......

သခင်ခရစ်တော်မပါလျှင် ကျွန်ုပ်တို့သည် မည်သည့်အရာမျှမတတ်နိုင်ကြောင်း၊ ခိုင်ခိုင်မာမာမိန့်ဆိုခဲ့သည်။ စကားအားဖြင့် ဤသို့ ပြောဆိုပါရစေ။ လူ့အမြင်နှင့်ပြောရလျှင် သခင်ခရစ်တော်သည်လည်း ကျွန်ုပ်တို့မပါပဲ မည်သည့်အရာမျှမလုပ်နိုင်ဟန်ရှိသည်ဟု ထင်မိစေသည်။............

ဤသို့ ရင်းနှီးသောအချိန်၌၊ သခင်ခရစ်တော်သည်၊ ကျွန်ုပ်တို့၏ သက်သေခံချက်ကို လိုအပ်နေကြောင်း၊ ဧဝံဂေလိသတင်းကောင်းသည် ကျွန်ုပ်တို့၏ သက်သေခံခြင်းကြောင့်သာလျှင် ပျံ့နှံ့တိုးပွားလာသောကြောင့်၊ သခင်ခရစ်တော်၏ နာမကို ခေါ်၍ သက်သေခံရန် ကျွန်ုပ်တို့ကို လိုအပ်နေကြောင်း၊ မှာကြားခဲ့ပါသည်။ .....

ဘုရားသခင်သည် ကျွန်ုပ်တို့အထဲ၌ ရှိနေကြောင်း၊ ထိုကဲ့သို့ တည်ရှိခြင်းသည် အသင်းတော်ကို တိုးတက်စေသော ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၊ ထို ယုံကြည်ခြင်းကို သက်သေခံရာ၌ လိုအပ်သော ဝိညာဉ်ခွန်အားကို ပေးသနားရန်ဖြစ်ကြောင်း မြွတ်ကြားတော်မူခဲ့သည်။

"ဆက်နွယ် တည်ရှိခြင်း ဆိုသည်မှာ၊ နှုတ်ဖြင့် ပြောပြရန်မလိုဘဲ "ရင်းနှီးစပ်လျဉ်းမှုရှိခြင်း"ဟူသော နက်နဲသောအရာ တစ်ခုဖြစ်သည်။"ဟူ၍ ထပ်မံရှင်းလင်းမြွတ်ကြားခဲ့ပါသည်။

ဘုရားရှင်နှင့် ရင်းနှီးစွာ တွေ့ဆုံစကားပြောရာ၌၊ ဘုရားရှင်၏ တည်ရှိခြင်း၊ ဘုရားရှင်သည် ကျွန်ုပ်တို့၌ တည်ရှိခြင်း၊ ခမည်းတော်ဘုရားသည် ကျွန်ုပ်တို့၌ တည်ရှိခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့၌ တည်ရှိခြင်း၊ ထိုပုဂ္ဂိုလ်သုံးပါး၊ ဘုရားတစ်ဆူတို့းည် ကျွန်ုပ်တို့၌ တည်ရှိခြင်းဖြစ်သောကြောင့် ကျွန်ုပ်သည် သူတို့၌ တည်ရှိသင့်သည်။ " ဟု ရဟန်းမင်းကြီးမှ မိန့်ကြားခဲ့ပါသည်။

ဩဝါဒတရားတော်၏ နိဂုံး

ပုပ်ရဟန်းမင်းကြီးသည်၊ " သစ်ကိုင်းသည် ပင်စည်၌ ဆက်နွယ်ရန် လိုအပ်သကဲ့သို့ ပင်စည်သည်လည်း သစ်ကိုင်းခက်များ အသီးသီးရန် လိုအပ်နေကြောင်း ပေါင်းစပ်ဆက်နွယ်ခြင်းဟူသော ဤထူးခြားနက်နဲသော ဥာဏ်အမြင်ကို တွေ့ကြုံခံစားပြီး၊ နားလည်နိုင်ရန် ကျွန်ုပ်တို့အား ကူညီစောင်မတော်မူပါစေ။" ဟူ၍ ဆုတောင်းပြီး ဩ ဝါဒတရားတော်ကို နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3g4YMjo

Add new comment

2 + 1 =