Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ခရစ်ယာန်မိသားစုများ တသီးပုဂ္ဂလဝါဒ ကိုတိုက်ဖျက်ကြရန် ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin မှ တိုက်တွန်း
ခရစ်ယာန်မိသားစုများ တသီးပုဂ္ဂလဝါဒ ကိုတိုက်ဖျက်ကြရန် ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin မှ တိုက်တွန်း
စက်တင်ဘာလ ၁၇၊ ၂၀၁၈
https://www.vaticannews.va/en/vatican-city/news/2018-09/marriage-family-...
#pope, #vatican, #worldcongressoffamily, #love, #individualism, #peterkm,
Photo credits to vatican news.
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်ထိ မိုလ်ဒိုဗာ ၏ မြို့တာ် ခီရှီနောက် တွင်ကျင်းပသော ကမ္ဘာမိသားစုများညီလာခံတွင် ရဟန်းမင်းကြီးရုံးတော် ထိပ်တန်း အတွင်းရေးမှုး ရဟန်းမင်းအမတ် ကာဒီနယ် Pietro Parolin မှ မိသားစုနှင့် အိမ်ထောင်သည်ဘဝသည် ဘုရားသခင်၏ စည်မံကိန်း၊ သမ္မာကျမ်းစာ၌မွေ့လျော်သော မိသားစု သည် ကမ္ဘာကြီး၏ မျော်လင့်ချက် ဖြစ်သောကြောင့်
မိသားစုဝင်များ လိုက်ကြဖို့ ဖိတ်ခေါ်ခဲ့ပါသည်။
မိသားစုအရေး အိမ်ထောင်သည်ဘဝတို့နှင်ပတ်သက်ပြီး
ယနေ့ခေတ်ကြီးတွင် လူတို့၏ ပေါင်းသင်းဆက်ဆံရေးကဏ္ဍ တွင် ဖြစ်ပေါ်နေသာ မိသားစုများပြိုကွဲပျက်ဆီးမူကို ကျွနု်ပ်တို့အထူးတလည်းသတိထားကြသကဲ့သို့ မိသားစုတို့၏ တည်တန့်ခိုင်မြဲမှု စည်းလုံးမှုကိုလည်းထုတ်ဖော်ရန် လိုအပ်ကြောင်း၊ မိသားစု၏ သဘာဝတရားသည် ဘုရားပေးသော ချစ်ခြင်းမေတ္တာအသက်တာ ဘဝ၊ ကမ္ဘာကြီးအတွက် အလင်းတန်း၊ မျော်လင့်ခြင်း၏ အချက်ပြမီး ဖြစ်ကြောင်း ကာဒီနယ် Pietro Parolin မှ ပြောကြားခဲ့ပါသည်။
ယနေ့ခေတ်တွင် များများထုတ်များများသုံး ဝါဒ၊ လက်ေတွ့ဝါဒ၊ တသီးပုဂ္ဂလဝါဒ တို့သည် မိသားစုများကြုံတွေ့နေရသော စိန်ခေါ်မှုများ ဖြစ်နေပါသည်။ တသီးပုဂ္ဂလဝါဒ၏ လွမ်းမိုးမှုသည် မိသားစုစည်းလုံးမှုကို ထိခိုက်စေပြီး သီးခြားနေထိုင်မှုဘဝများဖြင့်မိသားစုများကိုကွဲကွာစေသော ဘဝများဖြငိ့အဆုံးသတ်ေစကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တသီးပုဂ္ဂလနေထိုင်မှုဝါဒသည် နိုင်ငံရေး၊ စည်းပွားရေး မီဒီယာကဏ္ဍတို့၌ကြီးစိုးနေကြောင်း၊ ယင်း၏ အကျိုးဆက်သည် မိသားစုကိုဦးစားပေးမှုမရှိတော့ဘဲ မိသားစုကဏ္ဍ ဘာသာရေးကဏ္ဍ တို့ကို ချောင်ထိုးထားသည့်အခြေအနေသို့ပို့ဆောင်နေကြောင်း ရှင်းပြခဲ့ပါသည်။
မိသားစုသည် လူအဖွဲ့အစည်း၏ အခြေခံအုတ်ြမစ်ဖြစ်ပြီး ယင်းကဏ္ဍကို လစ်လျူရှုချောင်ထိုးထားခြင်းသည်၊ လူအဖွဲ့အစည်းအတွက် အန္တရာယ် ရှိကြောင်း၊ ဘုရားရှင်၏ စီမံကိန်းကို ဆန့်ကျင်ရာရောက်ကြောင်း၊
မိသားတစု၏လှပမှုသည် စွန့်ပယ်ခြင်းထက် လက်ခံကြိုဆိုခြင်း၊ အပြစ်တင်ခြင်းထက် သနားကြင်နာမှုပေးခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်းထက် လုပ်ဆောင်လိုသောဆန္ဒကိုဖော်ထုတ်ပေးခြင်းတို့ဖြစ်ကြောင်း၊ မိသားစုသည် လူမူအဖွဲ့အစည်း၏ တိုးတက်မှုနှင့် သဟဇာတဖြစ်မှုကဏ္ဍတွင် အလွန်အရေးပါ သော အခြေခံအဖွဲ့အစည်းဖြစ်ကြောင်း ကာဒီနယ် Pietro Parolin မှ ရှင်းလင်းပြောကြားခဲ့ပါသည်။
Add new comment