ရဟန်းမင်းကြီးဖရန်စစ်၏ မေလပေးစာ

ရဟန်းမင်းကြီးဖရန်စစ်၏ မေလပေးစာ

ရဟန်းမင်းကြီးဖရန်စစ်၏ မေလပေးစာ

ရဟန်းမင်းကြီးဖရန်စစ်သည် မေလအတွက်စာတစ်စောင်ရေးသား၍ကမ္ဘာသူ၊ ကမ္ဘာသားများ အားအောက်ပါအတိုင်းပေးပို့၍မေတ္တာရပ်ခံထားသည်။

ချစ်ခင်လေးစားရပါသောညီအစ်ကိုမောင်နှမအပေါင်းတို့

မေလသည်မကြာမီရောက်လာတော့မည်။ မေလသည်ဘုရားသခင်၏လူမျိုးတော်များ ကညာစင် မယ်တော်အားအလွန်ထူးခြားသောကြည်ညိုမှုများဖြင့်ချစ်ခြင်းကိုပြသဖော်ထုတ်သောအချိန်ကာလတစ်ခုဖြစ်သည်။ ဤသို့ဖော်ထုတ်ကြည်ညိုသည့်အမှုများအနက် တစ်ဦးစီဖြစ်စေ၊ မိသားစုနှင့်ဖြစ်စေ၊ အိမ်၌၊ ဘုရားကျောင်း၌၊ မယ်တော်ဂူရှေ့၌စု၍ စိပ်ပုတီးစိတ်ခြင်းသည်အမိကက်သလစ်သာသနာတော်၏ရှေး ထုံးအစဉ်အလာတစ်ခုဖြစ်သည်။ သို့သော်ယခုနှစ်၌မူ ကိုဗစ် (၁၉) ၏ကပ်ရောဂါဆိုးကြောင့်အိမ်ပြင် ထွက်၍ရှုပ်ထွေးပွေလီသောလောကီအမှုများစွာကိုလျော့ချထားပြီး၊ အိမ်၌အေးအေးလူလူနေရသောအ ချိန်ကားပိုများနေသောကြောင့် မိသားစုအတွင်းဤအမိသာသနာတော်ကြီး၏ရှေးထုံးအစဉ်အလာဖြစ် သည့်စိပ်ပုတီးစိတ်ခြင်းကိုမိသားစုအတွင်းစိပ်ဖြစ်ရန်ပို၍အခြေအနေပေးနေပါသည်။ အလွန်လည်း ကောင်းပါသည်။

ယခုနှစ်မေလ၌ စိပ်ပုတီးစိတ်ကြရန်ဤသို့အခြေအနေပေးသောကြောင့် ကျွန်ုပ်အနေဖြင့်မိသားစု တိုင်းအား မေလ၌မိသားစုစိပ်ပုတီးစိတ်ခြင်းအလေ့အထကိုပြန်လည်အသက်သွင်းလုပ်ဆောင်ကြရန် တိုက်တွန်းလိုပါသည်။ စိပ်ပုတီးစိတ်ခြင်းကိုမိသားစုနှင့်ဖြစ်စေ၊ အိမ်နီးနားချင်းများနှင့်ဖြစ်စေ၊ တစ်ဦးစီ ဖြစ်စေစိတ်နိုင်ပါသည်။ စိပ်ပုတီးသည်မိသားစုဆုတောင်းခြင်းဖြစ်၍တစ်ဦးမကစုစည်း၍စိပ်နိုင်ကပို၍ ကောင်းပါသည်။ အဆင်ပြေသကဲ့သို့စိတ်နိုင်ပါသည်။ စိတ်ဖြစ်ရန်သာလိုပါသည်။ ထို့အတူမေလ၌ဆို အပ်ဆုတောင်းမေတ္တာများကိုလည်းစိပ်ပုတီးစိတ်အပြီးတွင်ရွတ်ဆိုပူဇော်သင့်ပါသည်။

ကျွန်ုပ်လည်းမယ်တော်ထံပြုအပ်သောဆုတောင်းမေတ္တာနှစ်ပုဒ်ကို စိပ်ပုတီးစိတ်ပြီးတိုင်ရွတ်ဆိုပူ ဇော်ရန်ပြင်ဆင်ထားပါသည်။ ကျွန်ုပ်ကိုယ်တိုင်ထိုဆုတောင်းမေတ္တာကိုမေလတစ်လလုံးရွတ်ဆိုပူဇော် မည်ဖြစ်သည်။ ဤသို့ရွတ်ဆိုပူဇော်ခြင်းဖြင့်စိတ်ဝိညာဉ်အားဖြင့်သင်တို့ (ကမ္ဘာသူ၊ ကမ္ဘာသားများ) နှင့်အတူပေါင်းစည်းနေမည်ဖြစ်သည်။ သင်တို့တစ်ဦးစီအတွက်အသင့်ဖြစ်နေစေရန် ထိုဆုတောင်းမေ တ္တာကိုဤစာရေးသား၍ အဆုံးသတ်ထားပါသည်။

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊

အမိမယ်တော်မာရိယာ၏ရွှေနှလုံးတော်ကို ယေဇူးသခင်၏မျက်နှာတော်နှင့်အတူယှဉ်တွဲထောက် ရှုကြပါ။ အမိမယ်တော်သည်ကျွန်ုပ်တို့မိသားစုကိုပိုမိုစုစည်းမိစေပြီး၊ ဤကပ်ရောဂါဘေးဆိုးကြီးမှလည်း လွှတ်မြောက်စေမည်။ သင်တို့အားလုံးကိုကျွန်ုပ်နေ့စဉ်ပြုသောဆုတောင်းမေတ္တာထဲ၌သတိရဆုတောင်း ပေးလျှက်ရှိပါသည်။ အထူးသဖြင့်ပြင်းထန်ဆိုးရွားစွာခံစားကျော်ဖြတ်နေရသူများအတွက်ဆုတောင်း ပေးနေပါသည်။ ထို့အတူသင်တို့လည်း ကျွန်ုပ်အတွက်တုန့်ပြန်ဆုတောင်းပေးကြပါ။ သင်တို့ကိုလည်း ကျွန်ုပ်ကျေးဇူးအထူးတင်ပါသည်။ ချစ်ခြင်းများစွာ၌ကျွန်ုပ်၏ကောင်းကြီးကိုလည်းသင်တို့အားပေးပို့ပါ သည်။
ရေးသားပေးပို့သောနေရာ -
စိန့်ဂျွန်းလာထရဲန်၊ ရောမမြို့၊

နေ့စွဲ - ဧပြီလ၊ (၂၅၊ ၂၀၂၀)

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2Y1XZcm

Add new comment

8 + 4 =