ကရုဏာရှင်ယေဇူးတနင်္ဂနွေနေ့၌တမန်တော်ကြီးသောမတ်စ်နှင့်နိုးထကြရန်ရဟန်းမင်းကြီးနိုးဆော်

ကရုဏာရှင်ယေဇူးတနင်္ဂနွေနေ့၌တမန်တော်ကြီးသောမတ်စ်နှင့်နိုးထကြရန်ရဟန်းမင်းကြီးနိုးဆော်

ကရုဏာရှင် ယေဇူးတနင်္ဂနွေနေ့၌တမန်တော်ကြီးသောမတ်စ်နှင့်နိုးထကြရန်ရဟန်းမင်းကြီးနိုးဆော်

ပြီးခဲ့သောရသတ္တပတ်က ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းပွဲနေ့ကိုကျင်းပခဲ့ကြသည်။ ယခုတစ် ပတ်၌မူယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းကို ကျင်းပသည်။ ကရုဏာရှင်ယေဇူးတနင်္ဂနွေနေ့၏မစ္ဆားတရားကိုစိန့်ပီတာရင်ပြင်နှင့်မီတာ (၂၀၀) မျှသာဝေး သော Saxony ရှိသန့်ရှင်းသော ဝိညာဉ်တော်ဘုရားကျောင်းတွင်ပူဇော်ခဲ့သည်။ ကိုဗစ် (၁၉) ၏အရေးပေါ်အခြေအနေကြောင့်မစ္ဆား တရားပူ ဇော်ခြင်းတွင်လူထုပရိသတ်မပါ၀င်နိုင်ခဲ့ပေ။

တပည့်တော်ကြီး၏ပြန်လည်ရှင်ပြန်ထမြောက်ခြင်း

ယေဇူးသခင်သေခြင်းမှရှင်ပြန်ထမြောက်ပြီးတစ်ပတ်အလွန်တွင် တပည့်တော်ကြီးများသည် ကြောက်စိတ်ကြီးစိုးနေချိန်၊ တံခါးမိန်းတုံး များကိုတင်းတင်းကြပ်ကြပ်ချ၍လုံလုံခြုံခြုံခိုအောင်းနေချိန် ဖြစ်သည်။ သူတို့၏ကြောက်စိတ်ကို သင်တို့၌ငြိမ်သက်ခြင်းရှိပါစေ ဟူသောဆု တောင်းစကားဖြင့် ကြောက်စိတ်ကိုပပျောက်သွားစေကာ အစပြုလိုက်သည်။
ယေဇူးသခင်သည်အစပြုပုတ်နိုးလိုက်ပြီး၊ သူ၏တပည့်တော်ကြီးအားလည်းသစ္စာတည်ကြည် ခြင်း၊ စိတ်ရှည်စ္စာနားလည်ပေးခြင်းဖြင့် ပြန်လည်ထမြောက်စေသည်။ ဤအခြေအနေကိုထောက်၍ ဘုရား သခင်သည်လူသားတို့၏အပြစ်အမှား၊ လဲကျနာကျင်မှုများအားခွင့်လွှတ်ရန်၊ ကုစားပေးရန်မော သည်၊ ပမ်းသည်ဟုမရှိသည်ကိုအလင်းရနိုင်ပါသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့အားလွတ်လပ်စွာ လျှောက်ခွင့်၊ ဖောက်ခွင့် ပေးထားပြီး၊ အလျှောက်မတော်၍မှောက်လျှက်ပစ်လဲသည့်အခါချက်ချင်းပြန် ထူပေးသောဖခင်ကြီးဖြစ်သည်။ မှားနေသောခြေလှမ်းများကိုနောက်ဆုတ်ရန်ပြန်ဆွဲခေါ်နေသည်မှာသနားခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံးဆက်လက်ကျရှုံးမည်၊ လဲကျမည်ကိုဘုရားသခင်သိနေသည်။ သို့သော်ကျွန်ုပ်တို့ကိုဆွဲထူရန် အမြဲအသင့်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့အား သူ့ကိုမော့ ကြည့်စေလိုသည်။ မှောက် လျှက်လဲကျနေသည့်အတိုင်းမထားနိုင်ပေ။ ယေဇူးသခင်သည်ကျွန်ုပ်တို့လဲကျနေချိန်၌သူ့အားခေါ်မည် ကိုစောင့်နေ ရှာသည်။ သို့မှသာကျွန်ုပ်တို့အားကူညီနိုင်ပြီး၊ သူ၏ သနားခြင်းကိုလည်းခံစားနိုင်မည်။

တပည့်တော်ကြီးသောမတ်စ်ပြန်ရှင်ပြန်ပြီ။

ယေဇူးသခင်အဖမ်းခံရချိန်၊ ညှဉ်းပမ်းနှိမ်စက်ချိန်များ၌တပည့်တော်ကြီးများအားလုံးသည် ယေဇူး သခင်ကိုစွန့်ပစ်သွားကြသည်။ ထိုသို့ ပြုခဲ့မိ၍အပြစ်ရှိကြောင်းခံစားရသည်။ ထိုသို့ခံစားနေရသောတ ပည့်တော်ကြီးများအားယေဇူးသခင်ရှည်လျှား သောဩဝါဒကိုပေးမည့်အစား ဒဏ်ရာဒဏ်ချက်များကို သာပြခဲ့သည်။ ထိုသို့ပထမတစ်ကြိမ်ပြသစဉ်က တပည့်တော်ကြီးသောမတ်စ်သည်အခြားသောတပည့် တော်ကြီးများနှင့် မရှိပေ။ နောက်တစ်ကြိမ်၌တပည့်တော်ကြီးသောမတ်စ်သည်ရှင်ပြန်ထမြောက်သော ယေဇူးသခင်ကိုသာဖူးတွေ့ခဲ့ခြင်းမဟုတ်။ ဒဏ်ရာဒဏ်ချက် များအားကိုယ် တိုင် ကိုယ်ကျလက်ဖြင့်စမ်း၍ ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းကိုသာယုံကြည်ခဲ့သည်မဟုတ်။ ဘုရားသခင်၏အဆုံးမဲ့သော ချစ် ကိုလည်းခံစားထိတွေ့ခဲ့ရသည်။ တပည့်တော်ကြီးသောမတ်စ်၏လူသားဆန်သောမယုံကြည်မူသည် ယေဇူးသခင်၏ဒဏ်ရာတော်ထဲသို့နစ် မြှုပ်ဝင်ရောက်သွားသောအခါသောမတ်စ်သည်သေခြင်းမှပြန် လည်ထမြောက်ခဲ့သည်။ ဘုရားသခင်သည်ကျွန်ုပ်၏ဘုရားအမှန် တကယ်ဖြစ်လာ သောအခါ ကျွန်ုပ်တို့ ၏အဖြစ်အခြေအနေကိုအမှန်တကယ်လက်ခံလာကြသည်။ ထို့နောက်ဖြစ်နေသည့်အတိုင်းလက်ခံချစ် တတ်လာသည်။

အလွန်ကွဲရှလွယ်သောဖန်သားများ

တပည့်တော်ကြီးသောမတ်စ်၏အခြေအနေကိုထောက်၍ ကျွန်ုပ်တို့သည်အလွန်ထိလွယ်၊ ရှလွယ် သည်။ သို့သော်ဘုရားသခင်ရှေ့၌ ကျွန်ုပ်တို့သည်အဘယ်မျှတန်ဖိုးကြီးမားသည်ကိုသိရှိလာစေသည်။ ကျွန်ုပ်တို့သည်လှပပါသည်။ သို့သော်ကွဲလွယ်သောဖန်သားများကဲ့သို့ဖြစ်ပါ သည်။ ကျွန်ုပ်တို့သည်ဖန် သားကဲ့သို့ဖြစ်မည်ဆိုပါကယေဇူးသခင်၏သနားခြင်းအလင်းတော်သည်ကျွန်ုပ်တို့အပေါ်ထွန်းလင်းမည်။ ကျွန်ုပ်တို့မှ တဆင့်ကမ္ဘာကြီးသို့ထွန်းလင်းသွားမည်ဖြစ်သည်။ ယေဇူးသခင်သည်သောမတ်စ်ပြန်ရောက် လာသည့်အချိန်ထိစောင့်ဆိုင်း၍သူ၏ယုံကြည်ခြင်း ကိုပြန်လည်ရှင်သန်လာစေခဲ့သကဲ့သို့ ဤကျွန်ုပ်အပေါ်ဖြာကျလာသောအလင်းသည်မိမိတို့၀န်းကျင်ရှိအခြားသူများအမြင်မှန်ပြန်ရလာသည် အထိစောင့်ဆိုင်းနေမည်။ တစ်နည်းဆိုသော်ယခုကိုဗစ် (၁၉) ကပ်ရောဂါဆိုးမှကမ္ဘာကြီးသည်ကုစားပပျောက်လာ သည်အထိစိတ်ရှည်စွာကု စားရ မည်၊ ပြုစုရမည်ဖြစ်သကဲ့သို့ပင်ဖြစ်ပါသည်။

ကိုဗစ် (၁၉) ရောဂါထက်ဆိုးသောပဋိပကာ

ကိုယ်ကျိုးသာတွက်ပြီးအများကျိုးကိုလစ်လျူရူခြင်းသည် လက်ရှိကြုံတွေ့နေရသောကိုဗစ် (၁၉) ၏အရေးထက်ပို၍ဆိုးသည်။ ဘယ် သူသေသေ၊ ငတေမာရင်ပြီးရောစိတ်ဓာတ်မှသန္ဓေတည်မွေးဖွားလာ ခဲ့သည်။ ယေဇူးသခင်သည်ကျွန်ုပ်တို့အားရှေးဦးခရစ် ယာန်တို့ထံမှသင်ယူရန် တောင်းဆိုနေသည်။ အ ဘယ်ကြောင့်ဆိုသော်၄င်းတို့သည်သနားခြင်းကိုလက်ခံရရှိခဲ့ပြီး၊ သနားခြင်းဖြင့်ရှင်သန်ခဲ့ကြသည်။ ၄င်း တို့၏ပိုင်ဆိုင်ရာ များအားလုံးကိုထုခွဲရောင်းချပြီး၊ ရှိအတူ၊ မရှိအတူဝေမျှသုံးစွဲခဲ့ကြသည်။ ပိုလိုသည်မ ရှိ။ ပိုလျှံသည်လည်းမဖြစ်စေခဲ့ပေ။ ဤဘ၀ရှင်သန်မူသည် အတွေးအခေါ်သက်သက်သာမဟုတ်ခဲ့ပေ။ ရှေးဦးခရစ်ယာန်များအမှန်တကယ်ရှင်သန်ခဲ့သောခရစ် ယာန်တို့၏အသက်တာဖြစ်သည်။

ကျွန်ုပ်တို့၏အနာဂါတ်

လက်ရှိကြုံတွေ့နေရသောအကြပ်အတည်းကို စုပေါင်းလုပ်ဆောင်တတ်သော အနာဂါတ်ကိုဖော် ဆောင်ရန်အတွက်အခွင့်အရေး တစ်ခု အဖြစ်လက်ခံရန်၊ ဤကပ်ကြီးအလွန်၌ကြုံတွေ့ရမည့်ရိုက်ခတ်မူ တွင်လူတိုင်းအားခွဲခြားခြင်းမရှိဘဲလက်ခံတတ်ရန်၊ သို့မဟုတ်လျှင်အဘယ်သူ့ အတွက်မျှအနာဂါတ်ဟူ သည်ရှိမည်မဟုတ်ကြောင်း၊ ယေဇူးသခင်၏ရိုးရှင်းပြီး၊ မည်သည့်အပြစ်တင်ဝေဖန်မူမျှမပြုသောယေ ဇူးသခင်၏ ချစ် ခြင်း၊ နားလည်မူသည်တပည့်တော်ကြီးသောမတ်စ်၏စိတ်ကိုပြန်လည်ရှင်သန်လာစေခဲ့ ကြောင်း၊ ကျွန်ုပ်တို့အားလုံးလည်းယေဇူးသခင်၏ သနား ခြင်းကိုလက်ခံယူပြီး၊ ထိလွယ်၊ အလွန်ထိခိုက် ခံစားလွယ်သောသူများလည်း ထိုချစ်ခြင်းကိုပြန်လည်ပြသပေးရန်၊ ထိုလုပ်ရပ်သည် ကမ္ဘာကြီးအား ကယ်တင်ပြီး၊ တည်ဆောက်သောနည်းလမ်းဖြစ်ကြောင်းဖြင့်ရဟန်းမင်းကြီးကမြွတ်ကြားခဲ့ပါသည်။

ဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

 

https://bit.ly/3bnhIHn

Add new comment

4 + 1 =