Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘုရားသခင်နှင့်မာဖီးယားဂိုဏ်းသည် မည်သို့မျှ သဟဇာတမဖြစ်နိုင်
ဘုရားသခင်နှင့်မာဖီးယားဂိုဏ်းသည် မည်သို့မျှ သဟဇာတမဖြစ်နိုင်
စက်တင်ဘာလ ၁၅၊ ၂၀၁၈
https://www.vaticannews.va/en/pope/news/2018-09/pope-francis-palermo-mas...
#pope, #sicily, #italy, #mafia, #help, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
စက်တင်ဘာလ ၁၅၊ ၂၀၁၈ စနေနေ့ အီတလီနိုင်ငံ Palermo မြို့တွင် ဟောကြားသော တရားတော်တွင် စစ်မှန်သောချမ်းသာကြွယ်ဝ အောင်မြင်မှု့သည် ပေးဆပ်ခြင်း ဖြင့်သာရယူနိုင်ကြောင်း၊ ရယူသိမ်းပိုက်တတ်ေသာ အာဏာရမက် လောဘများတွင်မရှိသောကြောင့် မာဖီးယားဂိုဏ်းဝင်နှင့် ဘုရားကိုယုံကြည်သူတို့သည် မည်သို့မျှ သဟဇာတမဖြစ်ကြောင်းဟောကြားခဲ့ပါသည်။
ခရစ်ယာန်တစ်ဦးအနေနှင့် ချစ်ခြင်မေတ္တာ ကိုရွေးမလား၊ တကိုယ်ကောင်းဆန်မှုကိုရွေးမလား /အောင်မြင်မှုကို ရွေးမလား၊ ရှူံးနိမ့်မူကိုရွေးမလား တိကျပြတ်သားစွာရွေးချယ်ရပါမည်။ ဘုရားကိုရွေးမလား ၊ မာဖီးယားဂိုဏ်းဝင်လုပ်မလား ကြိုက်တာရွေးပါ။ မာဖီယားဂိုဏ်းဝင်လုပ်ပြီး ဘုရားကိုယုံကြည်သူဖြစ်ပါသည်ဟူ၍ လုပ်လိုမရကြောင်းပုပ်ရဟန်းမင်းကြီးမှပြတ်သားစွာပြောကြားခဲ့ပါသည်။ မာဖီးယား ဂိုဏ်းဝင်များသည် ခရစ်ယာန်အသက်တာ၌ ရှင်သန်နေသူများမဟုတ်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူတို့၏ နေထိုင်မှုသည် ချစ်ခြင်းမေတ္တာ၊ ကိုဆန့်ကျင်နေသောကြောင့် ဘုရားကိုစော်ကားနေသူများသာဖြစ်ကြောင်း ပြတ်သားစွာပြေားကြားခဲ့ပါသည်။
ရဟန်းမင်းကြီး အရှင်သူမြတ်သည် စီစီလီမြို့ရှိ သူတော်စင် Pino Puglisi ၏မြို့သို့လည်ပတ်ခဲ့ပါသည်။ သူတော်စဉ် Pino Puglisi သည် အသင်းတော်အတွက် လွန်ခဲ့သော ၂၅ နှစ်က မာဖီးယားတို့၏ လက်ချက်ဖြင့် အသက်ပေးသွားသူ ရဟန်းတစ်ပါးဖြစ်ပါသည်။ သူတော်စင် Pino Puglisi သည် အတ္တကင်းသော၊ အများအတွက် ဘဝကို ပေးဆပ်သူ တကိုယ်ကောင်းမဆန်သူ အဖြစ် ရဟန်းမင်းကြီး မှပြောကြားခဲ့ပါသည်။ ခရစ်ယာန်များသည် ဘုရားသခင်၏ ပထမဦးဆုံးကျေးဇူးတော်ဖြစ်သော အသက်ကို ကာကွယ်သူများဖြစ်ကြပါသည်၊ ဖျက်စီးသူများမဟုတ်ကြပါ။
မိမိဘဝအတွက် အတ္တ လောဘဖြင့်အသက်ရှင်သူတို့သည် လောကတွင်ပြည့်စုံကြွယ်ဝကြသော်လည်း နောက်ဆုံးတွင် အားလုံးဆုံးရှူံးကြလိမ့်မည်။ အများအတွက် ဘုရားအတွက်စွန့်လွတ်အနစ်နာခံသူတို့သည် အဆုံးမှာကြွယ်ဝကြလိမ့်မည်။
ငွေနှင့် ပါဝါအာဏာတို့သည် လူကိုလွတ်မြောက်မှု့မပေးနိုင် ။ ၎င်းသည် ကျွန်ပြုခြင်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမြဲတမ်းလိုအပ်ခြင်း တပ်မက်စိတ်ကိုသာဖြစ်ပေါ်စေသောကြောင့်ဖြစ်ပါသည်။ သူတော်စင် ဘုန်းတော်ကြီး Pino Puglisi သည် မိမိဘဝကိုပေးဆပ်ပြီး ထာဝရအသက်ကိုရယူသွားသူ အများအတွက်ပေးဆပ်သွားသူအဖြစ်၊ စွန့်လွတ်အနစ်နာခံသူအဖြစ်သက်သေပြနေပါသည်။
ယနေ့ခေတ်တွင် ဂုဏ်ပြုခံရရန် နာမည်ကြီးရန် ၊ သူတပါးကိုဘအထက်စီးမှ စီရင်ရန် ပုဂ္ဂိုလ် များ၊ ပါဝါ အာဏာရလိုမှုအတွက်လုပ်သူများကို အလိုမရှိပါ ။ အတွင်းစိတ်ဖြင့်ချစ်မြတ်နိုးသူများ၊ အစေခံလိုသူများ၊ အတူကတွပူပေါင်းလုပ်ဆောင်သူများသာလိုအပ်ပါသည်ဟု ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ မှ ဟောကြားခဲ့ပါသည်။
မာဖီးယားဂိုဏ်းသားတို့ ဘုရားသဘုရားဆီပြန်လာကြပါ ၊ သင်တို့ရဲ့ဘဝကို ပြောင်းလဲကြပါ၊ သင်တို့ငွေအတွက် သင်တို့အတ္တအတွက်သာအသက်မရှင်ကြပါနဲ့ ပြောင်းလဲကြပါ ဟု ရဟန်းမင်းကြီးမှ ပြေားကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ေဖာ်ပြလိုက်ပါသည်။
Add new comment