Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပါစကားအဖိတ်ညပုပ်ရဟန်းမင်းကြီး၏ဩ၀ါဒ
ပါစကားအဖိတ်ညပုပ်ရဟန်းမင်းကြီး၏ဩ၀ါဒ
ရဟန်းမင်းကြီးဖရန်စစ်သည် စနေနေ့ကြီးည (သို့) ပါစကားအဖိတ်ည၀တ်ပြုခြင်းအစီအစဉ်ကိုဦး ဆောင် ခဲ့သည်။ ထို၀တ်ပြုခြင်းအစီအစဉ်ကိုစိန့်ပီတာဘုရားကျောင်းတော်ကြီးတွင်ဘာသာတူများမပါဘဲ တိတ် ဆိတ် စွာကျင်းပခဲ့သည်။ ပါစကားအဖိတ်ညမစ္ဆားသည်အလွန်ခမ်းနားပြီး၊ အနှစ်သာရပြည့်၀လှ သော ဓ မ္မဟောင်း၊ဓမ္မသစ်ကာလနှစ်ခုကိုတွဲစပ်ပေးသောညဖြစ်သည်။ ရဟန်း မင်းကြီး၏ဩ၀ါဒကိုသေခြင်းမှ ထမြောက်သောယေဇူးသခင်၏ရာစုတိုင်းမှတပည့်တော်တိုင်းကို ပေးသောလက်ဆောင်နှစ်ခု ဖြစ်သော မျှော်လင့်ခြင်းနှင့်သတ္တိအပေါ်ထောက်ရှုထားသည်။
ပထမဆုံးသောသန့်ရှင်းသောစနေနေ့ကြီး
ပထမဆုံးသောသန့်ရှင်းသောစနေနေ့ကြီး၌အလွန်တက်ကြွလှုပ်ရှားနေကြသူများမှာအမျိုးသမီး ကြီးများ ဖြစ်သည်။ ယခုနှစ်၌၄င်းတို့၏အဖြစ်သည်ကျွန်ုပ်တို့၏အဖြစ်နှင့်တူနေပါသည်။ အဘယ်ကြောင့် ဆို သော် ၄င်း တို့မျက်စိအောက်၌ပင်ကြေကွဲဖွယ်သောအနိဌာရုံမြင်ကွင်းကိုမြင်တွေ့နေရသည်။ ထို အ ဖြစ် အ ပျက် သည်၄င်းတို့လုံး၀မမျှော်လင့်ထားသောအဖြစ်အပျက်ဖြစ်နေသည်။ သူတို့ချစ် ကြည်ညို၍ ယုံ ကြည်ရသောဆရာသမား၏သက်တော်ကုန်ဆုံးခြင်းကိုမျက်၀ါးထင်ထင်မြင်တွေ့လိုက်ရသည်။ ထိုမြင် ကွင်းသည်၄င်းတို့၏စိတ်နှလုံးကိုအလွန်ကြေကွဲစေခဲ့သည်။
ထိုသို့စိတ်ထိခိုက်ကြေကွဲဖွယ်သောအခြေအနေဖြစ်နေသော်လည်း အမျိုးသမီးများ သည်သတိ မလွတ် ခဲ့ကြ။ သတိကြီးစွာမြဲကြသည်။ ၄င်းတို့သည်အလွန်ရိုးရှင်းသောအမှုတစ်ခုကိုထူးခြားစွာပြုလုပ်ခဲ့ ကြ သည်။ ထိုအမူကားသက်တော်ကုန်ဆုံးနေသောယေဇူး၏ခန္ဓာတော်အားလိမ်းကျံပေးရန်လိုအပ်သော အ မွှေး နံ့သာ အားအိမ်မှပြင်ဆင်လာခဲ့ကြသည်။ ယေဇူးသက်တော်ကုန်ဆုံးသွား၍ယေဇူးသခင်အပေါ်ထား ရှိသောမျှော်လင့်ချက်၊ ချစ်ခြင်းရပ်တန့်မသွားခဲ့။ အမှောင်ထုအုပ်မိုးသကဲ့သို့ဖြစ်နေခဲ့ချိန်၊ မျှော်လင့်ချက် ရိုက်ချိုး ဖျက်စီးခံလိုက်ရသော်လည်း၄င်းတို့သည်သနားခြင်းမီးပွားကိုရအောင်ထွန်းညှိခဲ့ကြသည်။ အ ခြား သောအမျိုးသမီးဖြစ်သည့်အမိမယ်တော်သည် တစ်နေ့တာကိုဆုတောင်းခြင်းဖြင့်ဖြတ် သန်း ခဲ့ သည်။ ထိုနေ့သည်တစ်ချိန်၌သူ့အားဂုဏ်ပြုခံရမည့်နေ့ဖြစ်လာမည်ဖြစ်သည်။ ယေဇူး သခင် သည် မြေ၌ ကြဲချလိုက်သောမျိုးစေ့တစ်စေ့နှင့်တူ၏။ ကြဲချရခြင်းကားအပင်ပေါက် လာစေရန်၊ ထို့နောက် ကမ္ဘာကြီး အားပန်းပွင့်များဖြင့်အလှဆင်ရန်၊ ထို့အတူ ဤအမျိုးသမီးများသည် ဆုတောင်းခြင်းနှင့် ချစ်ခြင်း၌ထို မျှော်လင့်ခြင်းပန်းပွင့်လာစေရန်ကူညီပေးနေသည်။
အာရုံဦးနှင့်အတူမျှော်လင့်ချက်ရောင်ခြည်လာသည်
အာရုံဦးနှင့်အတူမျှော်လင့်ချက်ရောင်ခြည်ရောက်လာသည်။ ထိုမျှော်လင့်ချက်ရောင်ခြည်ကား အမျိုး သ မီး များဆုံဆည်းခဲ့သည့်ယေဇူးသခင်၏အသွင်ဖြင့်ရောက်လာသည်။ မကြောက်နှင့်။ ကြောက် စိတ် မမွေး နှင့်။ ဤစကားသည်မျှော်လင့်ချက်ကိုမွေးဖွားပေးသောစကားဖြစ်သည်။ ဤစကားယနေ့ ကျွန်ုပ် တို့အားပြောကြားနေပါသည်။ မျှော်လင့်ခြင်းသည်ကျွန်ုပ်တို့၏အခွင့်အရေးဖြစ်သည်။ ဘုရားသခင် ထံမှ လာ သည်။ မျှော်လင့်ခြင်း ဟုဆိုရာ၌အကောင်းမြင်တတ်ခြင်းကိုဆိုလိုသည်မဟုတ်။ ကောင်း ကင်မှ ဆု လာဒ် တော်ဖြစ်သည်။ ထိုဆု လာဒ်သည်ကျွန်ုပ်၏တော်တတ်ခြင်းကြောင့်ရခြင်းမဟုတ်။ ပြီးခဲ့ သော အ ပတ် က အရာအားလုံးကောင်း သွားမည် ဟုသီဆိုခဲ့ကြသည်။ အချိန်ကာ လရွေ့လျား သွားသည်နှင့် ထို သေချာလွန်းသောမျှော်လင့်ချက်သည် ဖယိုဖရဲဖြစ်သွားနိုင်သည်။
ယေဇူး သခင်၏ မျှော်လင့် ခြင်းသည် အသွင်ကွဲ၏။ ဘုရား သခင်သည် မည်သည့်အခြေအနေမှ မဆိုအ ကောင်းဖြစ်ပေါ်လာ အောင်လုပ် ဆောင် နိုင် သည်ကိုကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထည့်သွင်းပေးသည်။ အ ဘယ်ကြောင့် ဆိုသော် အသေ ကောင် သာရှိသောသချိုင်းဂူမှလည်းအသက်ရှင် သန် ခြင်း ကိုပြန် ရစေသည်။ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းသည်အဘယ်သူမျှမျှော်လင့်မထားသောနေရာမှ ထိုးထွက် လာခြင်း ဖြစ်သည်။ သချိုင်း ဂူပေါက်၀ကို ချိပ်ပိတ်ထား သောကျောက်တုံး ကြီးကို တွန်းဖယ် ပစ်နိုင် သောသူသည် ကျွန်ုပ် တို့၏နှလုံးသားကိုပိတ်ဆို့ထားသောကျောက်တုံးကြီးကိုဖယ်ရှားပစ်နိုင်ပါသည်။ သူ သည်ကျွန်ုပ်တို့ကိုစွန့် မည်မဟုတ်။ ကျွန်ုပ်တို့ထံလာရောက်လည်ပတ်မည်။ ကျွန်ုပ်တို့၏နာကျင်မူ၊ ဝေ ဒနာ၊ သေခြင်း၏အ ခြေအနေထဲသို့၀င်ရောက်လာမည်။ သူ၏ အလင်း သည်ဂူ၏ အမှောင် ထုကိုခွင့်မည်။ ယနေ့ယေဇူးသခင် သည်ထို အလင်းဖြင့် ပိန့်ပိန့်မှောင် နေသောကျွန်ုပ်တို့ အသက်တာ၏ အမှောင်ထုကိုလည်းထိုးခွင်းရန်လိုလားသည်။
သတ္တိ
ယေဇူးသခင်၏လက်ဆောင်ဖြစ်သောသတ္တိကိုခံယူနိုင်ရန်မှာကျွန်ုပ်တို့၏နှလုံးသား၌ရှိနေသောကျောက် စရစ်ခဲကိုပင်ဖယ်ရှားပစ်နိုင်မှရမည်။သေခြင်းမှပြန်ရှင်သောသခင်၏အလင်းတော်သည် ကြောက် အားပို နေသောကျွန်ုပ်တို့၏နှလုံးသားကိုခွင်းဖောက်နိုင်သည်။ ယေဇူးသခင်သည်တပည့်တော် ကြီးများ ထက် ပင်ဦး၍ဂါလီလေယာနယ်သို့ပြန်ကြွသွားနိုင်သကဲ့သို့၊ သူသည်ကျွန်ုပ်တို့ရှေ့မှကြွလျှက်ရှိ သည်။ ဤသို့ဖြင့်ယေဇူးသခင်သည်ကျွန်ုပ်တို့၏ဘ၀၌လည်းကောင်း၊ သေခြင်း၌လည်းကောင်း၊ ရှေ့မှ ကြွသွား သည်ကိုသိစေသည်။ သူသည်ကျွန်ုပ်တို့ထက်ဦး၍ဂါလီလေယာနယ်သို့ကြွသွား၏။ ဂါလီလေယာ နယ် သည် ယေဇူးသခင်နှင့်တမန်တော်ကြီးတို့အတွက်နေ့စဉ်အသက်တာကိုဖြတ်သန်းရှင်သန်ခဲ့၊ ကြားသိ မြင်တွေ ခဲ့ရသောနေရာဖြစ်သည်။ ယေဇူးသခင်သည် နေ့စဉ်ဖြတ်သန်းသော အသက်တာမှ မျှော် လင့် ခြင်း ကိုတည်ဆောက်စေလိုသည်။ ထိုနေရာသည် တပည့်တော်ကြီးများ အတွက်လည်း အ မှတ်ရ စရာ များစွာရှိသောနေရာဖြစ်သည်။ အထူး သ ဖြင့် ၄င်း တို့သည် ပထမဦး စွာအ ခေါ်ခံ ခဲ့ရသော နေရာ ဖြစ်သည်။ ဂါလီလေ ယာနယ် သို့ပြန်ကြွသွားခြင်းသည် ထိုအမှတ်တရများကို ပြန်လည် သတိရ စေရန်ဖြစ်သည်။
စေလွှတ်ခြင်း
ဂါလီယာသည်သန့်ရှင်းသောမြို့ဟုလည်းဆိုလိုသည်။ ထိုမြို့သည်ဘာသာခြားများလည်းနေထိုင်ကြ သည်။ ယေဇူးသခင်ရှင်ပြန်ထမြေက်ပြီးနောက်ထိုဒေသများသို့တပည့်တော်များ ကိုစေလွှတ်ခဲ့သည်။ ဤသို့စေလွှတ်ခဲ့ခြင်းမှာ မျှော်လင့်ခြင်းသတင်းကောင်းသည်တစ်နေရာတည်း၊ လူတစ်စုအတွက် သာမ ဖြစ်ရဟုဆိုလိုသည်။ လူတိုင်းအတွက်ဖြစ်ရမည်။ နေထိုင်သောဒေသနှင့်မဆိုင်။ လူမျိုးနှင့်မဆိုင် ပေ။ ကျွန်ုပ် တို့ ခရစ်ယာန်များသည် ဂါလီလေယာကဲ့သို့သောနယ်များသို့ အသက်ကိုသယ်ဆောင်ရန်လို သည်။ အသက်ပေးနှုတ်တော်ထွက်စကားကိုတို့ထိမိပြီး၊ ထိုသီချင်းကို မဆိုလျှင် အဘယ်သူ သီဆိုမည် နည်း။ သေခြင်း၏အသံကိုတိတ်ဆိတ်သွားအောင်လုပ်ဆောင်ကြစို့။ စစ်ကိုရပ်တန့်ကြစို့။ စစ်လက်နက် များထုတ်လုပ်ရောင်းချခြင်းကိုရပ်တန့်ကြစို့။ ၄င်းတို့ကို၀ယ်ယူရန်ထက်အစားအစာများကိုအရေးတကြီး လိုအပ်နေသည်။ သန္ဓေသားများနှင့်အပြစ်မဲ့သောအသက်များကိုသတ်ဖြတ်ခြင်းကိုရပ်တန့်ကြစို့။ လို အပ်သည့်အရာများပင်မပိုင်ဆိုင်နိုင်သောလက်ဗလာဖြစ်နေသူများ၏လက်ကိုအပြည့်ဖြည့်ပေးကြစို့။
ပွေ့ဖက်ခြင်း
အမျိုးသမီးတို့သည်ရှင်ပြန်ထမြောက်သောယေဇူးသခင်၏ခြေတော်ကိုပွေ့ဖက်ကြသည်။ ထိုခြေ တော် သည် သေခြင်းကိုနင်းခြေခဲ့သောခြေတော်ဖြစ်ပြီး၊ မျှော်လင့်ချက်လမ်းကြောင်းဆီသို့ဦးတည်သော ခြေ များ ဖြစ်သည်။ အိုယေဇူး၊ ယနေ့မျှော်လင့်ခြင်းကိုလိုက်လံ ရှာဖွေနေသောဘုရားဖူး များအနေဖြင့် ကိုယ်တော့် ကိုပွေ့ဖက် ကြပါသည်။ သေခြင်းကိုကျော ပေး၍ကျွန်ုပ်တို့၏ နှလုံးသားများကို ကိုယ်တော့် အားဖွင့်ဟနိုင်စေတော်မူ ပါ။ အဘယ်ကြောင့် ဆိုသော်ကိုယ် တော်သည် ကျွန်ုပ်တို့၏ အသက် တာဖြစ်ပါသည်။
ဖာသာရ်ကလဲမင့်အားတယ်
Add new comment