Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးသည်ပါးစကားအခါကြီးရက်ကြီးသုံးရက်အတွင်းလက်ဝါးကပ်တိုင်တော်အကြောင်းကိုထောက်ရူမည်။
ရဟန်းမင်းကြီးသည်ပါးစကားအခါကြီးရက်ကြီးသုံးရက်အတွင်းလက်ဝါးကပ်တိုင်တော်အကြောင်းကိုထောက်ရူမည်။
ပြီးခဲ့သောဗုဒ္ဓဟူးနေ့ကဗာတီကန်၏စာကြည်တိုက်တွင်အမှုထမ်းနေသောဘာသာတူများအား ဘု ရားသခင်၏အဆုံးမရှိသောချစ်ခြင်း၌ သတ္တိ၊ ခွန်အားနှင့်မျှော်လင့်ခြင်းများကိုတွေ့ရှိအောင်ရှာဖွေရန် အားပေးတိုက်တွန်းခဲ့သည်။ ရောဂါကပ်ဆိုးကြီးကျရောက်နေသော်လည်း ဗုဒ္ဓဟူးနေ့၌ကမ္ဘာအရပ်ရပ်မှ ဘုရားဖူးများနှင့်တွေ့ဆုံနေကြအစီအစဉ်ကိုမဖျက်သိမ်းဘဲတွေ့ဆုံခဲ့သည်။ သို့သော်ခါတိုင်းကဲ့သို့အပြင်၌ လူချင်းတွေ့ဆုံ ၍မဟုတ်ဘဲလေလှိုင်းမှထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်ကိုအလွန်အကဲစပ်သောမေးခွန်း ဖြင့်အစပြုလိုက်သည်။
ယခုဖြတ်သန်းလာခဲ့သောအပတ်များသည် ကူးစက်ရောဂါကြောင့် ပူပင်သောစိတ်ဖြင့်ခံစားဖြတ် သန်းခဲ့သည်။ ဤအခြေအနေများ ကြောင့် ဘုရားသခင်နှင့်ပတ်သက်၍မေးခွန်းများထုတ်နေကြပေမည်။ ကျွန်ုပ်တို့နာကျင်ခံစားနေရချိန်၌ဘုရားသခင်မည်သည့်အရာလုပ်နေသနည်း။ အရာရာသည်ကမောက်ကမဖြစ်နေချိန်သူအဘယ်သို့ရောက်ရှိနေသနည်း။ အဘယ်ကြောင့်အရေးပေါ်ပြဿနာကိုချက်ချင်းမကိုင်တွယ် မဖြေရှင်းသနည်း။
ယေဇူးသခင်၏ကားတိုင်လမ်းကိုလျှောက်လှမ်းခြင်းသည် ဤအခါကြီးရက်ကြီးများ၌ကျွန်ုပ်တို့ နှင့်အတူယှဉ်တွဲရှိနေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း၌ရှေ့ဆက်ကြိုးစား သွားရန်ကူညီပေးနေသည်။ ယေဇူးသခင်၏ဒုက္ခလမ်းတော်အကြောင်းပွင့်လင်း စွာထုတ်ဖော်မြွတ်ကြား လိုက်သောအခါမေးခွန်းများစွာမေးစရာဖြစ်လာခဲ့သည်။ ထိုမေးခွန်းများအနက်တစ်ခုကားယေဇူးသခင် ဂျေရူဇလင်မြို့ ထဲသို့၀င်ရောက်လာပြီးနောက်၊ သူ့အားသောင်းသောင်းဖြဖြကြိုဆိုကာ ဟိုဇန်းနာ ဟုကြွေးကြော်ခဲ့သောလူအုပ်ကြီးက ယေဇူးသခင်သည်သူတို့ အား (ဂျူးလူမျိုးတို့အား) ရောမ တို့၏လက်အောက်မှမည်သည့်အချိန်တွင်လွတ် မြောက်အောင်ကယ်နှုတ်ပေးမည်နည်းဟုဖြစ်သည်။
ဤမေးခွန်းကိုမေးမြန်းရခြင်းမှာ ၄င်းတို့အနေဖြင့်ယေဇူးသခင်သည်ဘုရားအစွမ်းဖြင့် ဉံဖွ လုပ်၍ဖွတ်ဖွတ်ညှက်ညှက်ကြေအောင်၊ ၄င်းတို့အားအနှစ်နှစ်အလလအုပ်ချုပ်ချယ်လှယ်ခဲ့သောရန်သူကို အနိုင်ပိုင်းစေလိုသည်။ ထိုအခါ၄င်းတို့က ငါတို့ကွဟူသည့်ပြန်လည်လက်တုန့် ပြန်ချင်သည့်စိတ်ဓာတ်ခံ ရှိနေကြသည်။ သို့သော်ယေဇူးသခင်သည်မြည်းစီးလာသည့်အတိတ်နိမိတ်သည်သူသည်ရန်ကိုရန်ဖြင့် တုန့်ပြန်သော မက်ဆီးယာမဟုတ်။ သူသည်သိမ်မွေ့၍နှိမ့်ချသောစိတ်နှလုံးရှိသောမက်ဆီးယာဖြစ်သည်။ ဆိုးသွမ်းရမ်းကားသောလမ်းစဉ်မှပြောင်းလဲ၍သနားခြင်းကိုခံယူရန်သာကမ်းလှမ်းနေသည်။ ယခုမှာမူအကျင့်ပြောင်းလဲခြင်းမရှိဘဲပို၍ဆိုးယုတ်သောရာဇ၀တ်မူကိုတစ်မိန့်၊ တစ်သံတည်းထွက်ပေါ် လာသည်မှာ သူ့ကိုလက်ဝါးကပ်တိုင်တင်ပါ ဟုဖြစ်နေသည်။
အမှန်ဆိုသော်ဤလူအုပ်သည် ဘာမျှသဲသဲကွဲကွဲစဉ်းစားတတ်သည်မဟုတ်။ သွေးထိုးလှုပ်ဆော်မှိုင်းတိုက်ခံကြရသည်။ အဘယ် ကြောင့်ဆိုသော်ယေဇူးသခင်နောက်သို့ယုံကြည်စွာလိုက်ခဲ့ကြသောသူ များသည်အကယ်၍ယေဇူးသခင်၏ကံကြမ္မာသည်ဤသို့ဖြစ်လျှင် (လက် ဝါးကပ်တိုင်ပေါ်တင်သတ်ခံ ၍ဘ၀အဆုံးသတ်ရလျှင်) သူသည်၄င်းတို့ကိုကယ်တင်နိုင်သောမက်ဆီးယားမဟုတ်။ ဘုရားသခင်သည် အားလုံးစုံကိုတတ်နိုင်ပြီး၊ လက်ရုံးရည်အလွန်အားကောင်းထက်မြတ်လှသည်။ ယခုကဲ့သို့အလွယ်တကူ အညံ့မခံဟုယုံကြည်ကြသည်။ သို့သော်ယေဇူး သခင်၏သေခြင်းသည်သာမညသောသေခြင်းမဟုတ်။ သူ ၏သေဆုံးခြင်းမြင်ကွင်းသည်ယေဇူးသခင်နှင့်လူမျိုးမတူ၊ ဘာသာမတူသောရောမလူမျိုး၊ လူတစ်ရာ တပ်မှူးအား ဤသူသည်အဟုတ်အမှန်ဘုရားသခင်၏သားတော်ပင်ဖြစ်သည် ဟု၀န်ခံခဲ့သည်။ သူသည် ယေဇူးသခင်၏ကားတိုင် လမ်းကိုအစမှသည်အဆုံးတိုင်မြင်တွေ့နေခဲ့သူဖြစ်သည်။
ယုံကြည်ခြင်းမရှိသူများအတွက်ဒုက္ခသည်ပျက်ဆီးခြင်း၊ ရှုံးနိမ့်ခြင်းဟုမှတ်ထင်ကြသည်။
သို့ သော်ယေဇူးသခင်၏ဒုက္ခခံထမ်းခြင်း၊ အသေခံခြင်းသည်ဘုရားသခင်၏အဖြစ်ဇာတိတော်အမှန်ကို ဖော်ပြသောအခြေအနေဖြစ်နေသည်။ ယုံကြည်ခြင်းမဲ့သူများ၏အပြောအဆိုနှင့်လုံး ၀ဆန့်ကျင်ဘက်ဖြစ် နေသည်။ ဘုရားသခင်သည်သူ၏ဘုန်းလက်ရုံးကိုကားတိုင်ပေါ်တွင်ထုတ်ဖော်မြင်တွေ့စေခဲ့သည်။ ကား တိုင်တော်သည် ဘုရားသခင်၏ပလ္လင်ဖြစ်သည်ကိုဘာသာတူများအားတရားပေးနေခြင်းဖြစ်သည်။ ကရူးစူးကားတိုင်တော်ကို တိတ်ဆိတ်စွာမော့ကြည်၍ ကျွန်ုပ်တို့၏သခင်သည်အဘယ်သူနည်းဟု ဆင်ခြင်နေခြင်းသည် ကျွန်ုပ်တို့အား ကောင်းကြီးကိုရရှိစေပါသည်။ သူသည်အဘယ်သူကိုမျှအပြစ်တင် သောလက်ညိုးကိုထိုး၍မစွပ်စွဲပါ။ သို့သော်ရင်အစုံကိုကျယ်ပြောစွာဆန့်ကား ၍လူတိုင်းအားကြိုဆိုနေ သည်။ ကြိုဆိုရာတွင်သူ့အားကားစင်တင်သတ်သူများလည်းပါသည်။ သူသည်သူ၏ဘုန်းတန်ခိုးဖြင့်ဖွတ် ဖွတ်ညှက် ညှက်ကြေအောင်မချေခဲ့။ ကျွန်ုပ်တို့အတွက်သူသည်ဘာမျှမစွမ်းသာသူအဖြစ်ခံခဲ့သည်။ သူ သည်စကားလုံး (အပြော) သက်သက်ဖြင့်ကျွန်ုပ်တို့ အားချစ်ခဲ့သည်မဟုတ်။ တိတ်ဆိတ်စွာခံထမ်းရင်း ချစ်ချင်းကိုပေးခဲ့သည်။ ကရူးစူးကားတိုင်ကိုကြည့်၍ ယခုအချိန်သည်ဘုရားသခင်အပေါ်ထား ရှိသော ကျွန်ုပ်တို့၏အမြင်တိမ်းစောင်းမှု၊ အမြင်လွဲမှားမှုများအားလုံးကိုခဝါ ချမည့်အချိန်ကောင်းဖြစ်သည်ဟုရဟန်းမင်းကြီးကမိန့်ကြားပါ သည်။။
ကရူးစူးကားတိုင်တော်ကိုထောက်ရူဆင်ခြင်၍ဧ၀ဂေလိကျမ်းစာကိုဖတ်ပါ။
ဆက်လက်၍ရဟန်းမင်းကြီးက ဘာသာတူများအားကပ်ရောဂါဆိုးကြောင့်ဘုရားကျောင်းသွား၍ ခါတိုင်းနှစ်ကဲ့သို့၀တ်ပြုခြင်း၌မပါ၀င် ရသော်လည်းမိမိတို့အိမ်သည်လည်းဘုရားသခင်ကိန်း၀ပ်သောဗိ မာန်တော်ဖြစ်၍အိမ်၌၀တ်ပြုခြင်းကိုပြုလုပ်နေသည်ဟုခံယူဖြတ်သန်းရန်၊ ဤ ပါးစကာ၏ရက်ကြီးအခါ ကြီးသုံးရက်အတွင်းယေဇူးသခင်တွဲလွဲခိုနေသောကရူးစူးကားတိုင်တော်ကိုမောကြည့်ပြီး၊ ဧ၀ဂေလိ ကျမ်းစာကိုဖတ်ရူ ရန်၊ ထို့အတူကိုဗစ် (၁၉) စောင့်ကြည့်ခံနေရသောသူများ၏ (၁၄)ရက် တာစောင့်ကြည်ခံ ကာလ၌ကခရူးစူးကားတိုင်နှင့်ကျမ်းစာအုပ်ကိုလက် ထဲ၌ ဆောင်ထားပြီး၊ ဖတ်ရူကြားနာရန်၊ ဤသို့ပြု လုပ်ခြင်းသည်ပါးစကာ၀တ်ပြုခြင်းကိုအိမ်၌ပြုနေသကဲ့သို့ဖြစ်ပေမည်၊ အဘယ်ကြောင့်ဆိုသော် ဘုရား ကျောင်းသို့မသွားရောက်နိုင်သောကြောင့်ဖြစ်ကြောင်းအားပေးနိုးဆော်ထားသည်။
ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်၌အားလုံးနေကောင်းကျန်းမာလာကြလိမ့်မည်။
ဘုရားသခင်၏ဇာတိအမှန်မှာချစ်ခြင်းမေတ္တာဖြစ်သည်။ ဤလောက၏အစွမ်းတန်ခိုးသည်မမြဲ။ လွန်သွားလိမ့်မည်။ သို့သော်ချစ်ခြင်းသည်အဆုံးမရှိတည်နေမည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့၏အပြစ်များကိုယခုပါးစကာအချိန်၌ခွင့်လွှတ်၍ကုသပေးသည်။ ထိုအခါကျွန်ုပ်တို့၏ကြောက် ရွံ့စိုးရိမ်ခြင်းများသည်ယုံကြည်မူအဖြစ်လည်းကောင်း၊ ပူပန်မူသည်မျှော်လင့်ခြင်းအဖြစ်လည်းကောင်း ပြောင်းလဲသွားသည်။ ဘုရားသခင်သည်မည်သည့်အခြေအနေမျိုးမှမဆိုအကောင်းဖြစ်လာအောင် ပြောင်းလဲပေးနိုင်စွမ်းသည်။ ထို့ကြောင့်သူ၌ယုံကြည်ချက်မှာလက်ရှိရောဂါကပ်ဆိုးကြီးခံစားနေရသူများ အားလုံးလည်းပြန်လည်ကောင်းလာလိမ့်မည်ဟုယုံကြည်ပါသည်။ ထို့ကြောင့်ပါးစကားနံနက်၌ မကြောက်နှင့် ဟုသချိုင်းဂူတွင်စောင့်နေသောသိကြားမင်း၏အမိန့်တော်ကိုမမေ့နှင့်။ ကျွန်ုပ်တို့သည်အ ထီးကျန်အဖော်မဲ့နေသူများမဟုတ်။ ဘုရားသခင်သည်ကျွန်ုပ်တို့ကိုပစ်မထားပါ။
ယေဇူးသခင်သည်သူ၏သေခြင်းအားဖြင့်သေမင်းကိုအောင်မြင်ခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့ လည်းသူနှင့်အနေနီးအောင်ကြိုးစားပြီး၊ ကျွန်ုပ်တို့၏ဘ၀ကိုပြောင်းလဲပစ်နိုင်ရမည်။ သေချာသည်မှာ ကျွန်ုပ်တို့သည်တစ်ကိုယ်တည်းမဟုတ်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကျွန်ုပ်တို့ကိုချစ်တော်မူ သည်။ သူသည်ကျွန်ုပ်တို့ကိုဘယ်တော့အခါမျှစွန့်ပစ်မည်မဟုတ်။ ထို့အတူဘယ်တော့မျှကျွန်ုပ်တို့ကိုမေ့ လျော့မည်မဟုတ်။
ဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်
Add new comment