Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဖရန်စစ်၏ယနေ့မြွတ်ကြားသောဩ၀ါဒ
ရဟန်းမင်းကြီးဖရန်စစ်၏ယနေ့မြွတ်ကြားသောဩ၀ါဒ
သာမန်အခြေအနေမျိုး၌ဗုဒွဟူးနေ့တိုင်းရဟန်းမင်းကြီးတွင်ဖြည့်ဆည်းရန်အမှုတော်တစ်ပါးရှိသည်။ က မ္ဘာ အရပ်ရပ်မှစိန့်ပီတာရင်ပြင်သို့ရောက်နေသောဘုရားဖူးများနှင့်တွေ့ဆုံ၍ဩ၀ါဒပေးခြင်းဖြစ်သည်။ သို့ သော် ကိုဗစ် (၁၉) ကပ်ရောဂါ၏ရိုက်ခတ်မူကို တရုတ်ပြီးလျှင်အီတလီ လည်းဆိုးဆိုးရွားရွားခံ လိုက်ရ သော ကြောင့်ထိုအစဉ်အလာကိုရပ်ဆိုင်း ထားသည်မှာတစ်လကျော်လာပြီဖြစ်သည်။
ယနေ့သည်ဗုဒွဟူးနေ့ဖြစ်သည်။ သာမန်ဗုဒ္ဓဟူးမဟုတ်ပေ။ သန့်ရှင်းသောရက် သတ္တပတ်၏ ဗုဒွဟူးနေ့ ဖြစ် သည်။ နက်ဖန်နေ့ဆိုလျှင်ပါးစကာပွဲတော်၏ရက်ကြီးအခါကြီးစတင်တော့မည်။ ရဟန်းမင်းကြီး အနေ ဖြင့် ကမ္ဘာ အရပ်ရပ်မှဘုရားဖူးများကိုမြွတ်ကြားစရာအကြောင်းအရာအဘယ်မျှရှိလေမည်နည်း။ သာမန် အ ချိန်၌ပင်လျှင် မမောနိုင်မပန်းနိုင်၊ ပြေမကုန်နိုင်အောင်ရှိနေသောရဟန်းမင်းကြီး၊ ယခုကဲ့သို့ အရေး လည်း ကြီးပြီး၊ အရေးပေါ်အချိန်ကာလမျိုး၌ပို၍ပင်မြွတ်ကြားစရာ၊ သတင်းပါးစရာ၊ အားပေးနှစ်သိမ့် စရာ ဖော် မပြနိုင်အောင်ရှိနေပေမည်။ ဘုရားဖူးများကူးစက်ရောဂါကပ်ဆိုးကြောင့် စိန့်ပီတာရင်ပြင် အတွင်း၌မရှိကြ သော်လည်းလေလှိုင်းမှတဆင့်ထုတ်လွှင့်ခဲ့သည်။ ထိုထုတ်လွှင့်မှု၌ အောက်ပါ အတိုင်း မြွတ်ကြားခဲ့သည်။
ခင်မင်လေးစားပါသောညီအစ်ကိုမောင်နှမအပေါင်းတို့
လက်ရှိ၌ဖြစ်ပျက်နေသော ကူးစက်ရောဂါကြောင့်စိုးရိမ်ပူပန်မူ၊ ခံစားမူများကြား၌ကျွန်ုပ်တို့သည် မသေချာမ ရေရာသောအခြေအနေမျိုးနှင့်ကြုံတွေ့နေရသည်။ ဤအခြေအနေမျိုး၌ ဘုရားကိုအဘယ်သို့ ဖွေရှာတွေ့ ရှိနိုင်မည်နည်းဟု လည်းမေးဖြစ်ပေမည်။ ဤသန့်ရှင်းသော ရက်သတ္တပတ် အတွင်းယေဇူး သခင်၏ ကား တိုင်လမ်းအကြောင်းထောက်ရှု ၍စိတ်အေးချမ်းတည်ငြိမ်မူကိုပြန်ရရှိနိုင်ပါသည်။ ကျွန်ုပ်၏ ယေဇူးသခင် သည်လည်းကြုံတွေ့ရသောအခြေအနေ၏ပြင်း ထန်လွန်းသော ကြောင့်သူသည် အမှန် တကယ် ဓမ္မဟောင်းကျမ်း၌ကတိထားသောမက်ဆီးယာဟုတ်မှဟုတ်ပါလေစဟုဖြစ် သည်။ ယေဇူးသခင် ၏ လူ့အ သက်တော်ကုန်ဆုံးသည်နှင့်ပြောင်းလဲဖြစ်ပျက်လာသောကောင်းကင်၊ မြေပြင်၊ သချိုင်းများ ကြောင့် လူမျိုးခြား၊ ဘာသာခြား ဖြစ်သော လူတစ်ရာ တပ်မှူးက ဘုရား၏ သားတော်ဖြစ်သည် ကိုဖော် ထုတ် ၀န်ခံခဲ့သည်။ အဘယ်ကြောင့် ဆိုသော်ဘုရား သခင်၏တန်ခိုး တော်သည် အလွန်နှိမ့် ကျသောကား တိုင် ပေါ်တွဲ လွှဲနေသောယေဇူးသခင်၏ ချစ်ခြင်း၌ကပ်သောပူဇော်ခြင်း၌မြင်တွေ့ခံစားခဲ့ရသည်။
ကျွန်ုပ် တို့သည်တပည့်တော်ကြီးများကဲ့သို့ယေဇူးသခင်အားအညံ့မခံစေလို။ သူ၌ရှိသော အစွမ်း တန် ခိုး များ ကိုတစ် ခုမကျန်ထုတ်သုံး၍ပြသာနာကိုဖြေရှင်းစေလိုသည်။ သူမှန်သည် ကိုသက် သေပြ စေ လို သည်။ ယေဇူးသခင်၏လောကအ သက်တာ ကုန်ဆုံးခြင်းသည် လူ့အမြင်၌ အရေးနိမ့်သည်ဟု ထင်မှတ် ရသည်။ သို့သော်ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်း သည်တပည့်တော် ကြီးတို့ထုတ်ပြ စေလိုသော လောက အာဏာသည်ရေရှည်မခံ။ ချစ်ခြင်းအရင်းခံသောပေးဆက်ခြင်း သည်သာ ဖြစ်သည် နောက်ဆုံး၌ အရာ ရာ ကို အောင်မြင်နိုင်သည်ကိုသက်သေပြလိုက်သည်။
ချစ်ခင်လေးစားရပါသောညီအစ်ကိုမောင်နှမအပေါင်းတို့
ကားတိုင်ပေါ်တွင်တင်သတ်ခံခဲ့ပြီး၊ သေခြင်းမှပြန်လည်ထမြောက်သော ကျွန်ုပ်တို့၏ သခင်ထံမှရဲ စွမ်းသ တ္တိကို တောင်းခံကြပါစို့။ အဘယ်ကြောင့် ဆိုသော်သူ၏သေခြင်းကြောင့် ကျွန်ုပ်တို့သည် သူ့အပေါ် လုံး၀ဥ သုန် ယုံ ကြည်လာမည်၊ မ ယုံကြည်မည်၊ အဆုံးတိုင်တည်ကြည်မည်၊ မတည်ကြည်မည်၊ အပြောင်း အလဲ မြန် သောကျွန်ုပ်တို့၏အလွန်ပျော့ညံ့သော အခြေအနေကို ယေဇူးသခင်သည် ဘာမျှမမှုဘဲ ထွေး ပိုက် ခဲ့ သည်။ ကျွန်ုပ်တို့အပြစ်များကိုကုစားပေးခဲ့သည်။ သူနှင့်ပိုမိုနီး ကပ်အောင် ကျွန်ုပ်တို့ကို ဆွဲခေါ်သည်။ သူ့ အ ပေါ်ထားရှိသောကျွန်ုပ်တို့၏သံသယများကိုယုံကြည်ခြင်းအဖြစ်လည်း ကောင်း၊ ကျွန်ုပ် တို့၏ ကြောက် ရွံ့မူကို မျှော်လင့်ခြင်းအဖြစ်လည်းကောင်း၊ ပြောင်းလဲပစ်ပေးခဲ့သည်။
ဘာသာပြန်
ဖာသာရ်ကလဲ့မင်အားတယ်
Add new comment