ကိုဗစ် (၁၉) ကပ်ဆိုးကြီးကာလ၌ ချစ်ခြင်းဖြင့်အစေခံရန်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာပန်းပွဲ တနင်္ဂနွေနေ့မစ္ဆားတရားအတွင်းဟောကြား

ကိုဗစ် (၁၉) ကပ်ဆိုးကြီးကာလ၌ ချစ်ခြင်းဖြင့်အစေခံရန်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာပန်းပွဲ တနင်္ဂနွေနေ့မစ္ဆားတရားအတွင်းဟောကြား

ကိုဗစ် (၁၉) ကပ်ဆိုးကြီးကာလ၌ ချစ်ခြင်းဖြင့်အစေခံရန်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာပန်းပွဲ တနင်္ဂနွေနေ့မစ္ဆားတရားအတွင်းဟောကြား

ရဟန်းမင်းကြီးဖရန်စစ်သည်မေတ္တာပန်းပွဲတနင်္ဂနွေနေ့၏မစ္ဆားတရားကို စိန့်ပီတာဘုရား ကျောင်းတော်ကြီးအတွင်း၌ပူဇော်ခဲ့သည်။ ယခုကြုံနေရသောရောဂါဆိုးကြီးကြောင့်လူစုလူဝေးမပြုလုပ်ရန်ကြေငြာထားသောကြောင့်အခါကြီးရက်ကြီးဖြစ် သော်လည်းမစ္ဆားတရား ၌ပါ၀င်ပူဇော်သူအနည်းငယ်မျှနှင့်ကျင်းပခဲ့ရသည်။ယခုကဲ့သို့သောရက်ကြီးအခါကြီးများအနက်တစ်ရက်ဖြစ်သည့်မေတ္တာပန်းပွဲတနင်္ဂနွေနေ့၌မစ္ဆား တရားကိုစိန့်ပီတာဘုရားကျောင်း တော်ကြီးထဲ၌ဘာသာတူများမပါဘဲ ရဟန်းမင်းကြီးတစ်ပါးတည်း သာပူဇော်ရသည့်အဖြစ်သည်သမိုင်း၌ပထမဦးဆုံးဖြစ်ပေမည်။အဘယ် ကြောင့်ဆိုသော်ကိုဗစ် (၁၉) နှင့် ပတ်သက်၍ထုတ်ပြန်ကြေငြာချက်ကိုလေးစားလိုက်နာသောကြောင့်ဖြစ်သည်။ ရဟန်းမင်းကြီး၏မေတ္တာပန်းပွဲ တနင်္ဂနွေနေ့မစ္ဆားကိုဘာသာတူသန်းနှင့်ချီ၍ရုပ်သံ၊ ရေဒီယို၊ အင်တာနက်လိုင်းများမှကြည့်ရှုပါ၀င်ခဲ့ကြသည်။

ဘုရားသခင်သည်ကျွန်ုပ်တို့အားအစေခံသည်။မစ္ဆားတရားအတွင်းမြွတ်ကြားသောဩဝါဒ၌ရဟန်းမင်းကြီးကတနင်္ဂနွေနေ့၏ဒုတိယကျမ်းစာ ဖြစ်သောရှင်ပေါလု၏ဖိလစ်ပိမြို့ သားများထံရေးသားသောစာ (၂ဝ:၇) ‘အစေခံ၏အသွင်ကိုဆောင်ပါ’ ဟူသောကျမ်းချက်အပေါ်အခြေခံ၍ယေဇူးသခင် သည်ဘုရားဖြစ် သော် လည်းထိုဘုန်းတော်တစ်ခုမျှမပါဘဲလောကကြီးသို့ကြွလာခဲ့ကြောင်း၊ တမန်တော်ကြီး၏တရားစကားကိုကျွန်ုပ်တို့အားလုံး၏လမ်းပြအ ဖြစ်ဦး ဆောင်စေပြီး၊ ဘုရား၏နှုတ်တော်ထွက်စကားဖြစ်သောယေဇူးသခင်သည်အစေခံအဖြစ်ခံယူသကဲ့ သို့၊ ကျွန်ုပ်တို့လည်းသူကဲ့သို့ခံယူရှင်သန် ရမည် ဖြစ်ကြောင်း၊ တစ်ခါတရံကျွန်ုပ်တို့သည်ဘုရားသခင်ကိုအစေခံ သည်ဟုဂုဏ်ယူနေတတ်သည်။ အမှန်မှာသူသည်ကျွန်ုပ်တို့အားလွတ်လပ် စွာ အစေခံရန်ဤလမ်းစဉ် ကိုရွေးချယ်ခဲ့ကြောင်း၊ သူသည်ကျွန်ုပ်တို့ကို ဦးစွာချစ်ခဲ့ကြောင်း၊ သူ၏အသက်ကိုစွန့်၍ကျွန်ုပ်တို့ကိုအစေခံ ခဲ့ကြောင်း၊ ဤ အမှုကိုနှိမ့်ချခြင်း၊ စိတ်ရှည်ခြင်း၊ အစေခံတစ်ဦး၏နာတောင်ခြင်းဖြင့်ပြုလုပ်ခဲ့ကြောင်း၊ ချစ်ခြင်းသက်သက်ဖြင့်ပြုလုပ်ခဲ့ကြောင်း၊ ယေဇူး သခင် သည်အလွန်နာကြင်စေသည့်ချစ်ခြင်းဖြစ်သည့် မိမိချစ်သောသူ၊ လှည့်စားသူ၊ စွန့်ပစ်သူများကိုချစ်သောနာကြင်မူကိုပေးသည့်ချစ်ခြင်းဖြင့် ချစ်ခဲ့သည်။

သစွာဖောက်ခံခဲ့ရ

ယေဇူးသခင်ခံရသော ကားတိုင်လမ်းသည် သူ့အားငြင်းပယ်သောတပည့်တော် အရင်းတစ်ပါး၏ ရောင်းစားခဲ့ခြင်းကြောင့်ကြုံခဲ့ရသည်။ ထို့အတူယေဇူးသခင်သည်ဟိုဇန်းနာဟုအုန်းခက်အုန်းလက်များ ကိုင်ဆောင်မြောက်ပင့်ကြိုဆိုသောလူထု၏သစွာဖောက်ခြင်းကိုခံခဲ့ရသည်။ ထိုသို့သောင်းသောင်းဖြဖြ ကြိုဆိုပြီးရက်များမကြာမီသူကိုလက်ဝါးကပ်တင်ပါဟုဟစ်အော်တောင်းဆိုခဲ့သည်။ကျွန်ုပ်တို့ဘ၀၌လည်းသစွာဖောက်ခြင်းကိုခံကြရသည်။ သစွာဖောက်မူသည်စိတ်ဓာတ်ကျမူကို ဖြစ်ပေါ်စေတတ်သည်။ ထိုသို့ဖြစ်ပေါ် လာမူသည်ဘ၀ကိုအဓိပ္ပါယ်မဲ့လာစေတတ်သည်။ အဘယ်ကြောင့် ဆိုသော်လူသည်ချစ်ခြင်းကိုခံရန်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ အဆိုး၊ မကောင်း မူ၊ အချင်းချင်းစိတ်၀မ်း ကွဲပြားရန်မွေးဖွားလာခဲ့သည်မဟုတ်။

ကုစားခြင်း

ကျွန်ုပ်တို့သည်မိမိကိုယ်မိမိရိုးသားကြမည်ဆိုလျှင် ကျွန်ုပ်တို့၏သစွာမရှိမှုကိုမြင်တွေ့လာရပေ မည်။ မှားယွင်းမူ၊ ဟန်ဆောင်မူ၊ လှေနံ နှစ်ဖက်နင်းခြင်းစသည်တို့ဖြစ်သည်။ ဤသို့ဖြစ်ခြင်းသည်သစ္စာမတည်ကြည်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့အဘယ်မျှအားနည်းသည်၊ အဘယ်မျှ မပြတ်မသားဖြစ်တတ်သည်၊ အကြိမ်မည်မျှလဲကျခဲ့သည်၊ လဲကျရာမှပြန်လည်ရုန်းထသည်မှာအဘယ်မျှခက်ခဲသည်၊ နာကျင်ခံစားရသောဒဏ်ရာများကိုကုစားရာ၌အဘယ်မျှခက်ခဲသည်ကိုကိုယ်တော်ရှင်ကောင်းစွာသိသည်။ ဤအခြေအနေများအားလုံးကိုလစ်လျူရှုပြီး၊ ယေဇူးသခင်သည်လူတို့ကိုကူညီရန်ကြွရောက်လာ ခဲ့သည်။ သူသည်ကျွန်ုပ် တို့၏သစ္စာမရှိခြင်းကိုခံယူပြီး၊ ကျွန်ုပ်တို့အားအစေခံသည်။ ကုသပေးသည်။ ကျွန်ုပ်တို့သည်သစ္စာမတည်ကြည်ဘဲဘုရားသခင်ကိုဖောက် လွှဲဖောက်ပြန်ပြုလုပ်မည်ကိုစိုးရိမ်နေမည့်အစား၊ ကားတိုင်တော်ကိုမောကြည့်နိုင်ပြီ။ သူ၏နွေးထွေးသောပွေ့ဖက်ခြင်းကိုခံစားနိုင်ပြီ။ ထို့ကြောင့်ယေ ဇူးသခင်ကို ကိုယ်တော်သည်ကိုယ်တော်၏ချစ်ခြင်း၌တပည့်တော်အားအစေခံသည်။ တပည့်တော်တို့ အားဆက်လက်ထောက်ပင့်ပေးနေသည်။ ထို့ကြောင့်ကိုယ်တော့်ကိုပို၍နီးစပ်စွာနေနိင်ရန်အားထုတ်ပါ မည်။

စွန့်ပစ်ခြင်း

မေတ္တာပန်းပွဲတနင်္ဂနွေနေ့၏ဧဝံဂေလိကျမ်းကိုကြည့်မည်ဆိုလျင် ကားတိုင်ပေါ်၌ယေဇူးသခင်မိန့် မြွတ်ကြားခဲ့သောဆုတောင်းဖြစ်သည် ‘အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အဘယ်ကြောင့်ကျွန်ုပ် ကိုစွန့်ပစ်တော်မူပါသနည်း’ ကိုရဟန်းမင်းကြီးထောက်ရှုသည်။ (ရှင်မာတေဦး ၂၇း၄၆) သူ၏အနီးကပ် တပည့်တော်ကြီးများပင်ထွက်ပြေးတိမ်းရှောင်သွားကြသည်။ ခမည်းတော်ဘုရားတစ်ပါးတည်းသာလျှင် ကျန်ရစ်သည်။ ယေဇူးသခင်ပင်လျင်၍ဒုက္ခလမ်းပေါ်၌လျှောက်သည့်အခါကျွန်ုပ်တို့ဘဲမဟုတ်။ ယေဇူး သခင်ပင်လျင်လုံး၀စွန့်ပစ်ခံသည့်နှယ်ခံစားရ သည်ကိုဤ ဆုတောင်းကပြသနေသည်။ ဤအခြေအနေများဖြစ်ပျက်လျှောက်လှမ်းခဲ့ရသည်မှာကျွန်ုပ်အတွက်၊ ကျွန်ုပ်တို့ကိုအစေခံရန်ဖြစ် သည်။ ‘ကျွန်ုပ် သည်သင်တို့နှင့်နီးကပ်စွာနေနိုင်ရန်အတွက် ဤအထီကျန်ဆန်ခြင်းကိုခံစားခဲ့သည်။’ ဤသို့ခံစားခဲ့သည်မှာယေဇူးသခင်သည်ကျွန်ုပ်အတွက်၊ သင့်အတွက်ခံထမ်းခဲ့ခြင်းဖြစ်သည်။

နှစ်သိမ့်ခြင်း

ရဟန်းမင်းကြီးသည်ရောဂါကပ်ဆိုးကြီး၏အရေးကြီးအခြေအနေအပေါ်၌လည်းအောက်ပါအတိုင်းမြွက် ကြားခဲ့သည်။ ယနေ့ရောဂါကပ် ဆိုးကူးစက်ပျံ့နှံ့ချိန်၌ သွင်ပြင်အမျိုးမျိုးဖြင့်၀င်ရောက်လာ သော မမှန်ကန်သည့်လုံခြုံမူများသည် ဖြိုချဖျက်ဆီးခြင်းခံနေရသည်။ သွင်ပြင်အမျိုးမျိုးရှိမျှော်လင့် ချက်များသည်လည်းလှည့်စားခံနေကြရသည်။ စွန့်ပစ်ခြင်းခံရသည့်အသိ၌ကျွန်ုပ်တို့သည်၀န်လေးပင်ပန်းနေကြသည်။ ထိုအခြေ အနေ၌ယေဇူးသခင်က ‘
သတိတိရှိပါ။ သင်တို့နှလုံးသားကိုကျွန်ုပ်၏ချစ်ခြင်း၌ဖွင့်ဟပါလော့။ သင်တို့အားဆက်လက်ကာကွယ်မည့်ဘုရားသခင် ၏နစ်သိမ့်ခြင်းကိုခံရမည်။’ ကျွန်ုပ်တို့သည်အခြားသူများအားအစေခံ၏ ကြေကွဲဖွယ်ကြုံတွေ့နေရသော လက်ရှိအခြေအနေသည် အလေးအနက်ထားရမည့်အရာကိုအ လေးအနက်ထားတတ်ရန်နှင့်အရေး မ ကြီးလှသောအရာများ၌ဗျာများ၊ ပိတ်လှောင်မနေမိကြရန်ဖြစ် သည်။ ကျွန်ုပ်တို့၏မရှိသောအရာများကိုသာတွေးတောပူပန်မနေဘဲ၊ အကူအညီ လိုအပ်သောတစ်ပါးသူ ကျွန်ုပ်တို့အားမည်သို့ကူညီနိုင်မည်ကိုသာအဓိကဆင်ခြင်စေလိုသည်။ မိသားစု၊ လူမူအသင်းအဖွဲ့များ တွင်ချစ်ခြင်း၊ ဆု တောင်းခြင်း၊ ခွင့်လွှတ်ခြင်း၊ တစ်ပါးသူအားဂရုစိုက်ခြင်းသည်ခက်ခဲနိုင်ပေမည်။ သို့ သော်လိုအပ်သူများအားအစေခံခြင်းသည်အောင်မြင်ခြင်းနှင့် အသက်ပေးသောလမ်းစဉ်ဖြစ်သည်။ ဤလမ်းစဉ်ဖြင့်သူတစ်ပါးကိုကယ်တင်နိုင်သည်။

ချစ်ခြင်း၏စိန်ခေါ်မူအား အသင့် ဟုပြန်လည်ဖြေဆိုပါ။

ရဟန်းမင်းကြီးသည်လူငယ်များအားလည်းမြွတ်ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်မေတ္တာ ပန်းပွဲတနင်္ဂနွေနေ့သည်ကမ္ဘာ့လူငယ် များနေ့ကျင်းပလာခဲ့သည့် (၃၅) နှစ်ပြည့်သည့်နေ့အဖြစ်သတ်မှတ် ကျင်းပစေသောနေ့လည်းဖြစ်သည်။ ကျော်ကြားပြီး၊ ချမ်းသာသော၊ အောင် မြင်သောသူများကိုမဟုတ်။ စစ်မှန်သောသူရဲကောင်းအကြောင်းကိုဆင်ခြင်ရန်၊ သူတစ်ပါးကိုအစေခံရန်အတွက်မိမိတို့၏အသက်ကို မငဲ့ဘဲဆက်ကပ်သောသူများအကြောင်းကိုဆင်ခြင်ရန်၊ ရဟန်းမင်းကြီးသည်သူ၏စကားအဆုံး၌ ‘သင်တို့သည်လည်းဤလမ်းကြောင်းပေါ်သို့အခေါ်ခံရ သည်ဟုခံစားကြပါ။ သင်တို့ကိုယ်သင်တို့ဘုရား ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း ဆက်ကပ်ရန်မကြောက်ကြနှင့်။ ဆက်ကပ် ခြင်း၏အကျိုးကိုခံစားရမည်။ ဘ၀သည်လက်ဆောင်မွန်ဖြစ်သည်။ ပေးကမ်းတတ်မှသာရရှိကြသည်။ ကျွန်ုပ်တို့ ၏အနက်ရှိုင်းဆုံးပျော်ရွှင်မူသည် ချစ်ခြင်းကိုအခြေအနေပေါ်မူတည်၍မတင်မကျပြောဆိုခြင်းမဟုတ်ဘဲ၊ အသင့်ပါ ဟုပြောဆိုဖြေကြားခြင်းမှသာရရှိနိုင်သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့အတွက်ဤသို့ပြုလုပ်ခဲ့သည်’ ဟုတိုက်တွန်းခဲ့ပါသည်။

ဖာသာရ်ကလဲမင့် အားတယ်
ဘာသာပြန်

https://bit.ly/2V4ACMa

 

Add new comment

7 + 5 =