ယခုနှစ်၏သန့်ရှင်းသောရက်သတ္တပတ်သည်တန်ခိုးကြီးသောခရူးစူးကားတိုင်ကိုသာငေးကြည်၍နေရတော့မည်

ယခုနှစ်၏သန့်ရှင်းသောရက်သတ္တပတ်သည်တန်ခိုးကြီးသောခရူးစူးကားတိုင်ကိုသာငေးကြည်၍နေရတော့မည်

ယခုနှစ်၏သန့်ရှင်းသောရက်သတ္တပတ်သည်တန်ခိုးကြီးသောခရူးစူးကားတိုင်ကိုသာငေးကြည်၍နေရတော့မည်

ရဟန်းမင်းကြီးသည်ပြီးခဲ့သောမတ်လ (၂၇) ရက်နေ့က စိန့်ပီတာဘုရားကျောင်းရင်ပြင်တွင် ထူးခြားသော ဆုတောင်းခြင်း ကိုပြုလုပ်ခဲ့ သည်။ ထို၀တ်ပြုချိန်အတွင်းရောမလူမျိုးကက်သလစ်ဘာသာ၀င် တို့မှကြည် ညို လေးမြတ်ခဲ့ကြသေတန်ခိုးကြီး သော ခရူးစူးကားတိုင်ကိုထုတ်ပြထားသည်။ သန့်ရှင်းသော ရက်သ တ္တ ပတ်သည် ကက်သလစ်သာသနာတော်ကြီး၏ တစ်နှစ်တာ၀တ်ပြုခြင်း၌ အလွန်အရေးကြီးသော အချိန် ကာလတစ်ခုဖြစ်သည်။

ထိုအရေးကြီးသောအချိန်ကာလကို ဆန်မာချဲလိုဘုရားကျောင်းတွင်ဌာပနာထားသော တန်ခိုးကြီးသော ခရူးစူးကားတိုင်၏ အကြည့်အောက်၌စိန့်ပီတာဘုရားကျောင်းကြီးတွင်အစပြုခဲ့သည်။ ထိုခရူးစူးသည် မ စ္ဆား ပလ္လင်၏နောက်ကျောတွင်ကြည်ညို ထားသည်။ ဤခရူးစူးသည် (၁၅၁၉) ခုနှစ်၊ မီးအကြီးအကျယ် လောင်ကျွမ်းစဉ်ကမလောင်ကျွမ်းဘဲကျန် ရှိခဲ့သော ခရူးစူးဖြစ်သည်။ ထိုအချိန်မှစ၍ကပ်ဆိုးကြီးများကျ ရောက်လာတိုင်း အဆိုပါကပ်ဆိုးကြီးများမှ လွှတ်မြောက်ရန် ခရူးစူးကိုပင့်ချီ ကာစီတန်း လှည့်လည် သည့် အစဉ်အလာမွေးဖွားခဲ့သည်။

ဤခရူးစူးသည် ၁၄ ရာစုခန့်မှစ၍ရောမမြို့ကြီးတခွင်သို့ စီတန်းလှည့်လည်ကာဒေသစာရီ အကြိမ် ကြိမ်ကြွ ချီခဲ့သည်။ ယခုတစ်ကြိမ်ကို မတွက်ဘဲနောက်ဆုံးတစ်ကြိမ် ဒေသစာရီကြွချီခဲ့သောနှစ်မှာ လွန်ခဲ့ သော (၂၅) နှစ်စိန့်ဂျွန်ပေါလ် (၂) ၏လက်ထက် နှစ် (၂၀၀၀) ခွင့်လွှတ်ခြင်းဂျူ ဗလီပွဲကျင်း ပစဉ်က ဖြစ်သည်။

ယခုလတ်တလောကမ္ဘာကြီးကြုံနေရသောကပ်ရောဂါဆိုးခံစားနေရချိန်၌လည်းရဟန်းမင်းကြီးဖရန်စစ်ကထုတ် ဆောင်ပြီး၊ ဤကားတိုင်ရှေ့၌ဒူးထောက်၍ကပ်ရောဂါဆိုးကြီးအမြန်ဆုံးချုပ်ငြိမ်းရန် ဆုတောင်း စေ သည်။ လက်ရှိကြုံတွေ့ခံစားနေရသောရောဂါကပ်ဆိုးကြီး အမြန်ဆုံးချုပ်ငြိမ်းရန်ရည် ရွယ်၍ ရဟန်း မင်း ကြီးကိုယ်တိုင်ဦးစီးမည့် Statio Orbis ၀တ်ပြုခြင်းအချိန်၌လည်းခရူးစူးကို စိန့်ပီတာ ရင်ပြင်၌ ထားရှိ စေ သည်။

ခရူးစူးကိုအနည်းငယ်ပြန်လည်မွမ်းမံထား

မတ်လ (၂၇) ရက်နေ့ကမိုးဖွဲရွာနေသည်။ ထိုခရူးစူးကိုရဟန်းမင်းကြီးနှင့်အတူလူသန်းပေါင်းများ စွာရုပ်သံ လိုင်း၊ ရေဒီယိုလိုင်း၊ အင် တာနက်လိုင်းတို့မှစိတ်လှုပ်ရှားစွာစောင့်စားကြည်ညိုခဲ့ကြသည်။ ခရူးစူးသည် စိန့်ပီတာ ရင်ပြင်၏ရေပန်းနားတွင်ထားရှိရာ ရေပန်းမှဖြာသော ရေမှုန်ရေမွှား ကြောင့်စိုသွား ကာအနည်း ငယ် ပျက်စီးသွားသည်။ သို့ဖြင့် ပြန်လည်သိမ်းဆည်းထားကာ ယနေ့မေတ္တာပန်းပွဲတနင်္ဂနွေနေ့၌ ပြန်လည် ထုတ်ဆောင်လာပေးသည်။ အနည်းငယ်ပျက်ဆီးသွားသည်ကိုအီတလီအာဏာပိုင်များ၏ခွင့် ပြုချက်ဖြင့် ကျွမ်းကျင် အနုပညာရှင်တို့မှပြုပြင်ပေး ခဲ့သည်။ ဤခရူးစူးသည် ပါးစကားအခါကြီး ရက်ကြီးများ အတွင်း ဆက် လက်ထားရှိကြည်ညိုစေမည်ဖြစ်သည်။

 

 ခရစ်ယာန်ထုံးတမ်းစဉ်လာ၌အနုပညာလက်ရာ

ခရစ်ယာန်ထုံးတမ်းစဉ်လာ၌ အနုပညာနှင့်သပ္ပာယ်ခြင်းသည်ဘာသာတူများအားသမ္မာကျမ်းစာ၊ ၀တ် ပြုခြင်းနှင့် ဆုတောင်းခြင်း၏နက်နဲခြင်းထဲသို့စိမ့်၀င် ခံ စားနိုင်စေ သောအခြေခံအပိုင်းအဖြစ်ဖော် ထုတ် လာခဲ့သည်။ ဤခရူးစူးသည် ထာ၀ရမြို့ တော်ဟု ကင် ပွန်း တပ်ခြင်းခံထားရ သော ဗာတီ ကန်၏ သမိုင်း နှင့် အတူ ဖြစ်တည်လာခဲ့သည်။ ဗာတီကန်နိုင်ငံအတွင်းရှိသူများ၏အနာတရ၊ ဆုတောင်းခြင်း၊ မျှော် လင့်ခြင်း၊ ကြည်ညို ခြင်းကိုခံထမ်းကုသပေးခဲ သည်။

 

အဓိပ္ပာယ်

ခရူးစူးသည်မတ်လ (၂၇) ရက်နေ့ကစိန့်ပီတာရင်ပြင်တွင်ခင်ကျင်းပေးထားသည်။ ယခုမှာပါးစကား ၀တ်ပြုခြင်း အတွက်ဘုရား ကျောင်းကြီးထဲသို့ပြောင်းရွေ့ခင်းကျင်းထားသည်။ ဤသို့ခင်းကျင်း ထားခြင်း သည် အလွန်အနှစ်သာရရှိသည်။ ကမ္ဘာတစ်ဝှမ်းလူပေါင်းမြောက် များစွာတို့သည် ယခုကဲ့သို့ နာကျင် ခံစားရ သည့်အချိန်၊ လူ့အသက်ပေါင်း (၅၀၀၀၀) မကချွေ ယူသွားခဲ့ သောအချိန် ကာလ၌ လူတို့သည် ခရူးစူး၏ အဓိပ္ပာယ် ကိုချက်ချင်းနားလည်ကြပေလိမ့်မည်။ (ကြေးဝါ ဖြင့်ပြုလုပ်သောမြွေရုပ်၏အစွမ်း)

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/34cyPIS

 

Add new comment

1 + 13 =