ကမ္ဘာ့ကပ်ဆိုး ကျရောက်ချိန် ကာလ ပုပ်ရဟန်းကြီး ၏ "လူသားများထံမှ မျှော်လင့်ခြင်း"

ကိုရိုနာဗိုင်းရပ်စ် ကာလ အလည် ပုပ်ဖရန်စစ်၏ မျှော်လင့်ခြင်းသတင်းစကား

ကမ္ဘာ့ကပ်ဆိုး ကျရောက်ချိန် ကာလ ပုပ်ရဟန်းကြီး ၏ "လူသားများထံမှ မျှော်လင့်ခြင်း"မတ်လ ၂၂ ၊ ၂၀၂၀

စပိန် စာနယ်ဇင်းသမား Jordi Evole က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နဲ့ တွေ့ဆုံမေးမြန်းရာမှာ အရှင်သူမြတ်က အခုလို ဖြေကြားတော်မူခဲ့ပါတယ်။

ယနေ့ရင်ဆိုင်နေရတဲ့ ရကမ္ဘာ့ကပ်ဆိုး ကိုရိုနာ အလှည့်အပြောင်း မှာ "လူသားများထံမှ မျှော်လင့်ခြင်း"ဆိုပြီး ဖွင့်ဟခဲ့ပါတယ်။ သတင်းထောက်ရဲ့ အရှင်သူမြတ်ဟာ ဒီကိုရိုနာဗိုင်းရပ်စ်ကို အကောင်းမြင်ဝါဒနဲ့ လက်ခံသူဖြစ်ခဲ့ရင်ဆိုတဲ့ စကားပေါ်မှာ ပုပ်ဖရန်စစ်က မနှစ်မြို့ကြောင်း၊ ကျွန်ုပ်က ဟန်ဆောင်မျက်နှာဝှက်နေတဲ့သဘော သက်ရောက်နေကြောင်းပြောဆိုပြီး "ကျွန်ုပ်မှာမျှော်လင့်ခြင်းရှိပါတယ်။

ကျွန်ုပ်ရဲ့ မျှော်လင့်ခြင်းက လူသားတွေဆီမှာပါ။ ယောင်္ကျား မိန်းမ တဉီးချင်းစီ မှာ ကျွန်ုပ်မျှော်လင့်ချက်ရှိပါတယ်။ ကမ္ဘာသူကမ္ဘာသားတွေစီမှာမျှော်လင့်ထားပါတယ်။ အဲ့ဒါကတော့ တိကျသေချာမှုမရှိပဲ ပျက်သုန်းလွယ်တဲ့ ဒီကမ္ဘာ့ကပ်ဆိုး ဖြစ်စဉ်တလျှောက်ကိုကြည့်ပြီး ဘဝကို ပြန်လည် သုံးသပ်ကြမယ်လို့ မျှော်လင့်ခြင်းဖြစ်ပါတယ်။

ဒီအန္တရာယ် စက်ကွင်းကနေ ကျွန်ုပ်တို့ထွက်ခွာ လာနိုင်ကြမှာပါ။ လူပေါင်းများစွာဟာ နာဖျားနေဆဲပါပဲ။ အင်မတန် ခက်ခဲတဲ့အရာပါ။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ အခြေအနေကောင်းတခုကို ရောက်လာမယ်လို့ ယုံကြည်ထားပါတယ်။ ကမ္ဘာ့ကပ်ဆိုးကြောင့် မိမိတို့ရဲ့ ချစ်ခင်သူတွေ ဆုံးရှုံးသွားကြရတဲ့ သူတွေအားလုံးနဲ့ နီးကပ်စွာရှိနေတယ်ဆိုတာ ခံစားစေချင်ပါတယ်။

လူ့အသိုင်းအဝန်း မျက်နှာပြင်အောက်ခြေမှာ မြုပ်ကွယ်နေသူတွေကိုလည်း သောကဖြစ်မိပါတယ်။ လောကကြီးဟာ ဟန်ဆောင်တဲ့ အသိုင်းအဝိုင်း ဖြစ်ပြီး အောက်ခြေ လူတန်းစားတွေဟာ ဒီကမ္ဘာကြီးထဲမှာ ပျောက်ကွယ်နေပါတယ်။ ဒီလို ခပ်ရေးရေး အတွေးထဲမှာပဲရှိခဲ့ကြတဲ့ လူတန်းစားတရပ်ဟာ ကျွန်ုပ်တို့နဲ့ လက်တွေ့ကျ နီးစပ်မှုရှိလာပါပြီ ဒီအချက်ကပဲ မှုန်ဝါးဝါး မျှော်လင့်ချက်သာ ရှိတဲ့သူတွေ အရေးလုပ်မခံရသူတွေ ဆီကို စာနာတတ်ခြင်းဖြစ်လာစေတယ်။

ကိုဗစ် ၁၉ ပြဿနာကို ကျွန်ုပ်တို့ အားလုံး လျှော့တွက်ခဲ့ကြတဲ့ အပြစ် ရှိပ့တယ်လို့ လေးလေးနက်နက်ပြောခြင်ပါတယ်လို့ ဆိုပြီး အရှင်သူမြတ်က ဆေးဝါး ကျန်းမာရေး ပညာရှင်တွေကို ကျွန်ုပ်တို့ ဘယ်လို မြှုပ်နှံကြရမလဲဆိုတာ သင်ကြားပေးနေ​ပါတယ်။ သူတို့ရဲ့ဘဝ ပုံသက်သေအတွက် ကျေးဇူးတင်ပါတယ်။ ဆရာဝန်တွေ သူနာပြုတွေ စေတနာ ရှင်တွေဟာ ဆေးရုံမှာပဲနေပြီး လူနာကုတင်တွေပေါ်မှာအိပ်ကြရတယ်။သူတို့တွေအများစုဟာ ယုံကြည်သူတွေ မဟုတ်ကြပဲ အများစုဟာ မိမိကိုယ်ကိုယ်သာ ကိုးကွယ် ရာလို့ သတ်မှတ်ထားကြပေမယ့် တပါးသူတွေအတွက် စိတ်ရောကိုယ်ပါနှစ်ပြီး သက်သေချပြနိုင်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ စျေးရောင်းဌာန နဲ့ ရဲတွေဟာလည်း လူ့အဖွဲ့အစည်းကြီး ကောင်းကောင်းလည်ပတ်နိုင်ဘို့ စွမ်းဆောင်သူတွေဖြစ်ပါတယ်။ ပြောခဲ့သလိုပဲ တကယ့်ကို အံ့မခန်းတဲ့ လုပ်ရပ်ကြီးတခုကို ရောမမှာ ပြုလုပ်နေကြပါတယ်။

ဒီကြမ္မာအလှည့်အပြောင်း က သဘာဝ သတ္တ လောကကြီး ကို အလေးထား ဂရုစိုက် ကြဘို့ လှုပ်ခါပေးလိုက်တဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။ ဘုရားက အမြဲခွင့်လွှတ်ပေးတယ်ဆိုတဲ့ ပုံသေ စကားတစ်ခု ရှိပေမယ့် သဘာ၀ သတ္တတရားကြီးက ခွင့်မလွှတ်တဲ့ အတွက် ရေကြီး၊ မီးလောင်၊ မြေငလျင်တွေ ဖြစ်ပေါ်နေတာပါလို့ အရှင်သူမြတ် ပုပ်ဖရန်စစ်က မြွက်ကြားခဲ့ပါတယ်။

By Sr.Perpetua Nyein Nyein Loo,SJA

Cyprus

 

Photo Credit: Daniel Ibanez/CNA

https://bit.ly/2WMqNoC

 

Add new comment

5 + 7 =