Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မြန်မာနိုင်ငံ ရှိ မိဘမဲ့ကလေးတို့၏မျှော်လင့်ချက်
စက်တင်ဘာလ ၁၀၊ ၂၀၁၈
https://www.vaticannews.va/en/church/news/2018-09/myanmar-orphans-hope-s...
#myanmar, #stmary, #orphanage, #girls, #sisters, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
မြန်မာနိုင်ငံ ရန်ကုန်မြို့ဆင်ခြေဖုန်းရပ်ကွက် တစ်ခုတွင်ရှိသော သူတော်စင်မ မာရီယား အမည်ရှိ မိဘမဲ့ အမျိုးသမီးငယ်လေးများ စောင့်ရှောက်ရေးဂေဟာသည် အသက် ၃ နှစ်မှ ၂၀ ရှိ အမျိုးသမီးငယ် ၁၂၆ ဦး၏ လှပသော အနာဂတ် နှင့်မျှော်လင့်ချက်များကို ကရုနာတရား၊ သနားကြင်နာမှုများဖြင့် မယ်တော်သခင်မ၏ အစေပါးများ ဂိုဏ်းဝင် စစ္စတာ ၈ ပါး၏ အကူအညီအစောင့်အရှောက်ဖြင့် ဖော်ထုတ်ပေးနေသော နေရာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲ အခြေအနေတွင်သာရှိနေသေးသောနိုင်ငံတစ်ခုဖြစ်ပါသည်။ Fr. Singa Rayar ၏ ကူညီမှုဖြင့်ရရှိနေထိုင်နေသော မြေဧက ၅၀ ကျယ်ဝန်းသော နေရာတွင် လိုအပ်သော သီးနှံများကို စိုက်ပျိုးခြင်းဖြင့် ရရှိလာသော ဟင်သီးဟင်းရွက်များဖြင့် နေစဉ် လူ ၁၅၀ စာကို ကိုထူကိုယ်ထနည်းဖြင့် ရှာဖွေစားသောက်နေရသော မိဘမဲ့ဂေဟာလေးဖြစ်ပါသည်။ ယင်းမိဘမဲ့ ဂေဟာလေးတွင် ကက်သလစ်ခရစ်ယာန်ကလေးငယ် အများစု၊ ဗုဒ္ဓဘာသာဝင်ကလေးငယ်၊ မွတ်စလင်ဘာသာဝင်ကလေးငယ်၊ ဗမာ၊ ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင် နှင် ဝ တိုင်ရင်းသား အမျိုးသမီးငယ်လေးများ ကို စောင့်ရှောက်ပေးထားသောနေရာဖြစ်ပါသည်။ လူမျိုးမတူ ဘာသာမတူသော်လည်း ကလေးငယ်များကြားတွင် ပြသနာကင်းရှင်းလျှက် ငြိမ်းချမ်းစွာ အတူတကွနေထိုင်နေကြပါသည်။ သူတို၏ ပါးပေါ်တွင် သနားခါးလိမ်းခြင်း အလေ့အထ ကိုလည်းတွေမြင်ရသည်။ ယင်းမိဘမဲ့ အမျိုးသမီးငယ်လေးများဂေဟာတွင် ပညာရေးကို အားလုံးအတွက်ပေးလျက်ရှိသည်။ တက္ကသိုလ် ထိဆက်လှမ်းနိုင်သူများကို ဆက်လက်တက်လှမ်းစေပြီး မတက်လှမ်းနိုင်သူများကို အသက်မွေးဝမ်းကြောင်း ပညာအဖြစ် ဟော်တယ်ဝန်ထမ်းပညာ၊ သူနာပြုပညာ၊ ဇာထိုးပန်းထိုးပညာ၊ စက်ချုပ်ပညာ၊ အချက်အပြုတ်ပညာ၊ ကွန်ပျူတာ ဆိုင်ရာ နည်းပညာများကို ဘဝရပ်တည်မှု့အတွက် သင်ကြားပေးကြပါသည်။ သူတို့တတ်ကျွမ်းသော အရာပေါ်အခြေခံ ပြီး မိမိဘဝ မိမိကိုယ်တိုင်ရပ်တည်နိုင်ရန် အလုပ်တစ်ခုကို စစ္စတာ များမှ ရှာဖွေပေးပြီး သူတို့ ဘဝများကို မြင့်တင်ပေးကြပါသည်။ နိုအယ်လ် အမည်ရှိလူငယ်တစ်ဦးမှလည်း မိမိကျွမ်းကျင်သော ဂီတပညာဖြင့် ယင်းအမျိုးသမီးငယ်လေးများကို ကူညီသင်ကြားပေးနေပါသည်။ သူ၏ ရည်ရွယ်ချက်သည် မိဘမဲ့ကလေးငယ်များဖြင့် အောင်မြင်သော ဂီတအဖွဲ့တခုထူထောင်ရန် ရည်ရွယ်ထားကြောင်းပြောပြခဲ့ပါသည်။ ယင်းဂေဟာမှာ နေထိုင်ခဲ့ဖူးသော သူများ၊ မိမိဘဝကို ရပ်တည်နိုင်သွားကြသူများသည် ယင်းကျောင်းဂေဟာလေးသို့ မိမိတို့တတ်နိုင်သမျှ အကူအညီများပြန်လည်ပေးကြကြောင်း၊ မိမိ တို့ဘဝအခက်အခဲကြုံရလျှင်လည် စစ္စတာ များထံမှ အကြံဉာဏ်အကူအညီများတောင်းခံကြကြောင်းများကိုလည်း ဖော်ပြထားပါသည်။ ယင်းကျောင်းဂေဟာလေးသည် မျော်လင့်ချက်မဲ့ နေသူအမျိုးသမီးငယ်လေးများအတွက် မျော်လင်ချက်ပေးစွမ်းနိုင်သော နေရာလေးတစ်ခုအဖြစ်တည်ရှိနေပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ေဖာ်ပြပါသည်။
Add new comment