ကျွန်ုပ်တို့သည် အရပ်ဖက်အဖွဲ့အစည်းများ မဟုတ်ကြပါ

ကျွန်ုပ်တို့သည် အရပ်ဖက်အဖွဲ့အစည်းများ မဟုတ်ကြပါ။

ကျွန်ုပ်တို့သည် အရပ်ဖက်အဖွဲ့အစည်းများ မဟုတ်ကြပါ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ ချို့တဲ့နွမ်းပါးသူတွေရဲ့ အကျိုးကို တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့ပေမဲ့လည်း မိမိကိုယ်ကို မိမိ၊ ကမ္ဘာ့လူမှုကူညီရေးအသင်းကြီးရဲ့ စီအီးအို လိုလို လက်မထောင်ရင်ကော့ပြီး၊ နဖူးစီးမတတ်ပါဘူး။ ၄င်းကိုရွေးကောက်အပြီး မေလ ၁၄ ရဲ့သြဝါဒ တခုမှာကျွန်ုပ်တို့သည် ယေဇူးခရစ်တော်ကို ၀န်ခံမှူမပြုပါလျင်၊ တခုခု လွဲချော်နေပြီ။ ထိုသို့ဆိုလျင် ကျွန်ုပ်တို့သည်၊ ခရစ်တော်၏သတို့သမီးလည်း မဟုတ်တော့ပဲ ဂရုဏာရေးလုပ်ငန်းကို ဇောက်ချလုပ်နေတဲ့ NGO အသင်းအဖွဲ့တခုသာဖြစ်ပေမယ်လို့ ဆိုပြီးတော့တကယ်လို့ ကျွန်ုပ်တို့လမ်းမလျှောက်တော့ရင်၊ ရွေ့လျားမှုဟာ ရပ်ဆိုင်းသွားမယ်။ ကျွန်ုပ်တို့ဟာ ကျောက်တုံးတွေပေါ်မှာ မတည်ဆောက်ရင်၊ ဘလိုကံကျမ္မာမျိုးကြုံလာမှာလဲ။။ ဒီလိုပဲ သဲရဲတိုက် လုပ် ကစားနေပေမယ့် ကလေးလေးတွေလိုဖြစ်ကြပါမယ်။
ခက်ရခက်စစ် တည်ဆောက်ထားတဲ့ ရဲတိုက်တွေဟာ လှိုင်းတပုတ်ထလိုက်တာနဲ့ ရေနဲ့အတူ ပျိုလဲ ပျက်စီးကုန်တယ်လို့ ၄င်းကို ရွေးကောက်တင်မြှောက်သူ Cardinal ကြီးတွေ ရှေ့မှာပဲ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဘွင်းဘွင်းကြီးမိန့်ကြားခဲ့ပါတယ်။
တခါတရံမှာ အသစ်ရွေးကောက်တင်မြှောက်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ နိမ့်ချခြင်း အသံဗလံမှာ မေ့မြောသွားတတ်ကြပါတယ်။ သီးခြားရှင်းပြခြင်း ယုံကြည်သူ ခရစ်ယာန်တဉီးရဲ့သွင်ပြင်လက္ခဏာ သာသနာတော်ကို တဉီးဉီးက မြင်တွေ့နိုင်တဲ့ အကောင်းဆုံး အမှတ်အသားပဲဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ပါပါး ဖခင်ဟူသည့် အနက်အဓိပ္ပာယ်ဟာ လူသားရဲ့ အနက်ဖြစ်တဲ့ လူသားထုရဲ့ ဖခင်လို့ ဆိုလိုရုံသာမဟုတ်ပဲ ကောင်းခြင်းကို ကာကွယ်ဘို့ မကောင်းခြင်းကို ကာကွယ်စစ်တိုက်နေရသူလို့လည်းဆိုလိုတာပါ။ အဲ့ဒီမတ်လ ၁၄ ရက်နေ့ သြ၀ါဒမှာပဲ ပုပ်ရဟန်းမင်းကြီးဟာ ပြင်သစ်စာရေးဆရာ လီယွန်ဘရွိုင်း ကို ကိုးကားပြီး ဘုရားသခင်အားတိုင်တည်ဆုမတောင်းသူသည် နတ်ဆိုးအားတိုင်တည်ဆုတောင်းသည်လို့ မိန့်ကြားခဲ့ပါတယ်။
နေ့စဉ်ကျွန်ုပ်တို့ရဲ့ရှေ့မှာ နတ်ဆိုးရဲ့အကွက်ဆင်ချထားလေ့ရှိတဲ့ အခက်အခဲတွေကို လက်မြှောက်အရှုံးမပေးလေနဲ့လို့လည်း အားပေးတိုက်တွန်းခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ သခင်ခရစ်တော်ကို ၀န်ခံခြင်းမပြုသ၍ လောကအရာတွေနဲ့ နတ်ဆိုးမင်းနဲ့ ဆိုင်ရာတွေကို ၀န်ခံနေခြင်းဖြစ်တယ်လို့ ရဟန်းအမတ်တွေကို မိန့်ကြားခဲ့ပါတယ် ဒီလိုမှာရခြင်းက အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။ လက်ရှိကြုံကြိုက်နေရတဲ့ ဖြစ်ပျက်နေတဲ့အခြေအနေမှန်ကို သုံးသပ်ခြင်လို့ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ခန့်က အာဂျင်တီးနားနိုင်ငံမှာ လိင်တူပေါင်းသင်းနေထိုင်ခြင်းနဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်ပွားခဲ့ပြီး ဒါဟာ နိုင်ငံရေးကိစ္စ တခုသာမဟုတ်ပဲ၊ ဘုရားရဲ့အကြံအစည်တော်ကိုဖျက်စီးဘို့ အားထုတ်ခြင်းလဲဖြစ်ပါတယ်။ ဒါဟာအကြောင်းအရာတခုသာမဟုတ်ပဲ မှုသားဖခင်က ဘုရားသားသမီးတွေကိုလှည့်စားခြင်းတမျိုးဖြစ်ပါတယ်။
အထက်ကအကြောင်းအရာတွေအားလုံးဟာ ပုပ်ဖရန်စစ်အနေနဲ့ ဘာကြောင့်သာသနာတော်ကို ချို့တဲ့နွမ်းပါးသူတွေဘက်ကနေ ရပ်တည်ပြီး တရားမျှတခြင်းကိုရအောင် တောင်းဆိုစေလိုတဲ့ အကြောင်းတရားပဲဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တွေးခေါ်ဆင်ခြင်မှုဟာ လူမှုရေးလုပ်ငန်းကို လက်ကိုင်တဲ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေထက် သာလွန်ခြားနားပြီး သူတို့ရဲ့ခံယူချက်တွေထက် လေးစားလောက်ပါပေတယ်။
ပုပ်ရဟန်းမင်းကြီးအနေနဲ့ လူမှုရေးလုပ်ငန်းတွေဟာ ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ဆိုးကျိုးရဲ့ တစိတ်တပိုင်း ကယ်တင်ခြင်းသတင်းကောင်းကို အချိန်နဲ့လိုအပ်ချက်အတိုင်း မြင်သာအောင်ဖဃင့်မပြနိုင်တဲ့ အကြောင်းတရပ်အဖြစ် ထင်မြင်ပါတယ် ဒါ့ကြောင့် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကိုတည်ဆောက်ဘို့က နိုင်ငံရေးလျောက်လမ်းပေါ်မှာတည်ငြိမ်နေတာမဟုတ်ပဲ ကိုယ်တိုင်ရဲ့ပြောင်းလဲခြင်းဟာ အခြေခံအကျဆုံးအချက်ပဲဖြစ်ပါတယ်။ သာသနာတော်အနေနဲ့ အခြေခံကျတဲ့ ဝိညာဉ်ရေးလုပ်ဆောင်ချက်တွေကို မပြတ်မလပ် တိုက်တွန်းကြရမှာဖြစ်ပါတယ်။

By Sr Lucia Thandar Aung,SJA
Reference: 10 things Pope Francis wants you to know Chp.7

Add new comment

2 + 3 =