ပါပါးဖရန်စစ်နဲ့တူသော ဖရန်စ္စကင်လေးများဖြစ်ကြစို့

ပါပါးဖရန်စစ်နဲ့တူသော ဖရန်စ္စကင်လေးများဖြစ်ကြစို့

ပါပါးဖရန်စစ်နဲ့တူသော ဖရန်စ္စကင်လေးများဖြစ်ကြစို့

 

ဒီနေ့အစီအစဉ်ကတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ရဲ့အကြောင်းနဲ့ ၄င်းရဲ့ပါရမီလေးတွေအကြောင်းကို တစေ့တစောင်းကြည့်ရင်း ကျမတို့ သောတရှင်တို့လည်း လိုက်ကျင့်အတုယူသွားနိုင်ဘို့အတွက် John L.Allan ရေးသားထုတ်ဝေတဲ့ 10 things Pope Francis wants you to know စာအုပ်ကို ကျိုင်းတုံသာသနာမှ ဖာသာရ်ကလဲ့မင့်အားသယ်က ဘာသာပြန်ဆိုပေးထားတာဖြစ်တာမို့ အဲ့ဒီထဲက အခန်း ၅ ကနေ ကောက်နုတ်ပြီး ကိုးကားတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။  

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ဟာ ရှုထောင့်အများကြီးမှာ ပထမဉီးဆုံးသော ပုပ်ရဟန်းမင်းကြီး တပါးဖြစ်ပါတယ်။  နှစ်ပေါင်း ၁၀၀၀ ကာလအတွင်းမှာ ဉရောပ နိုင်ငံသားမဟုတ်တဲ့ ပုပ်ရဟန်းမင်းကြီး တနည်းအားဖြင့် လာတင်အမေရိကတိုက်မှ ရဟန်းမင်းကြီး ဖြစ်သလို တိုးတက်စဲ နိုင်ငံ တနိုင်ငံက ပထမဉီးဆုံးပုပ်၊ ယေဇူးအသင်းဂိုဏ်းက ပထမဉီးဆုံး ပုပ်ရဟန်းမင်းကြီး အဲ့ဒီလိုထူးခြားတဲ့ ၀ိသေသများဖြင့်ဖြစ်ပါတယ်။ 

၄င်းရဲ့ များပြားလှတဲ့ ၀ိသေသတွေထဲက ဖရန်စစ်ဆိုတဲ့ ဘွဲ့နာမကို ယူခဲ့တဲ့ ပထမဆုံးပုပ်ရဟန်းမင်းကြီးလည်းဖြစ်ပါတယ်။ ဒါကတော့ ကက်သလစ်သာသနာတော်ရဲ့ ရဟန်းမင်းကြီးအဆက်ဆက် အပါးပေါင်း ၂၂၆ ပါးထဲမှ သူတပါးထဲသာ တထူးတခြား ဒီဘွဲ့နာမ ကို ရွေးချယ်သူဖြစ်တယ်။ ၄င်းရဲ့ ပုပ်ရဟန်းမင်းကြီးသက်တန်း ဘယ်လောက်ကြာမယ်ကိုတော့ အတတ်မပြောနိုင်ပေမယ့် သူဟာ ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးတပါးဖြစ်ပါတယ်။ 

ပုပ်ရဟန်းမင်းကြီးတွေရဲ့ ဘွဲ့နာမယူခြင်းနဲ့ပတ်သက်ပြီး ရာစုနှစ်ပေါင်းများစွာမှာ ဘယ်ရဟန်းမင်းကြီးမှ ယေဇူး ၊ ပီတာ ဆိုတဲ့ ဘွဲ့နာမကို မရွေးချယ်ရ၊ မရွေးချယ်အပ်လို့ လက်ခံ လိုက်ကျင့်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ၄င်းတို့ရဲ့ ပုံရိပ်လွှာဟာ ပြိုင်ဘက်ကင်းစွာနဲ့ တပါးထဲရှိစေရမယ်။ ဒါမှမဟုတ် အဲ့ဒီ အမည်နာမ တခုခုကို ခံယူရင် မဖွယ်မရာပြုတဲ့ အပြစ်မြောက်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။ 

ငိုအားထက်ရည်အားသန်ဆိုတဲ့စကားပုံလို ယေဇူးအသင်း၀င် တဉီးဖြစ်တဲ့ပုပ်ဟာ ပုပ်အဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့အခါမှာ ယေဇူး အသင်းဂိုဏ်းက ရဟန္တာ သူတော်စင် တပါးပါးရဲ့ ဘွဲ့နာမကို ရွေးချယ်မဲ့အစား ဖရန်စစ္စကင် အသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ အာစီစီမြို့က ဖရန်စစ်ရဲ့ ဘွဲ့နာမကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါကလည်း အချက် ၁၀ ချက်ထဲက ကျမ တို့ကိုသိစေခြင်တဲ့ အချက် ၁ ချက်လည်း ဖြစ်ပါတယ်။ အစောပိုင်းကတော့ ပုပ်ဖရန်စစ် အနေနဲ့ ဖရန်စစ်ဆိုတဲ့ ဘွဲ့နာမကို ခံယူခြင်းဟာ ယေဇူးအသင်းက သူတော်စင်တပါးပါးဖြစ်တဲ့ စိန့်ဖရန်စစ်ဇေးဗီးယားကို ဂုဏ်ပြုလေးစားတဲ့အနေနဲ့ ရွေးချယ်တာ ဖြစ်နိုင်တယ်လို့ အများကထင်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူရွေးချယ်တဲ့ ဖရန်စစ် ဘွဲ့အမည်ဟာ အာစီစီမြို့က ဖရန်စစ်ရဲ့ ဘွဲ့နာမတော် ဖြစ်တဲ့အကြောင်းကို လူသိရှင်ကြား မိန့်ကြားခဲ့ပါတယ်။ နောက်ပြီးတော့သူ ဘာကြောင့် ဒီအမည်ကို ရွေးချယ်ရသလည်းဆိုတာ ကိုလည်း မိန့်ကြားခဲ့ပါတယ်။ 

ကက်သလစ်သာသနာတော်ကို ရှုထောင့် ၂မျိုးကနေ မြင်ရပါမယ်။ ဖွဲ့စည်းတည်ဆောက်ပုံရှထောင့် ဒီရှုထောင့်ကနေ အုပ်ချုပ်စီမံပုံ၊ အရင်းအမြစ်၊ စည်းကမ်းဉပဒေ နဲ့ ဆင့်ကဲအုပ်ချုပ်ပုံတွေပဲဖြစ်ပါတယ်။ တခြားရှထောင့်မှာ သာသနာတော်ကြီးရဲ့ ကျင့်စဉ်ဖြစ်တဲ့ သဘောထား နှိမ့်ချခြင်း တန်းတူညီမျှရှိတဲ့ ရိုးရှင်းတဲ့ အသင်းအဖွဲ့ လူ့အသိုင်းအဝိုင်းရဲ့ ဘေးဖယ် မေ့လျော့ခြင်းခံရတဲ့ အခြေအနေမဲ

 နိမ့်ကျတဲ့သူတွေကို ထူးခြားတဲ့ချစ်ခြင်းမေတ္တာထားလို့ ချစ်ခင်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုစံထားလောက်တဲ့ ရှုထောင့် ၂ ခုဟာ အတူတကွယှဉ်တွဲသွားနေပေမဲ့ သီးခြားစီဖြစ်ကြပါတယ်။ ဖရန်စစ်ရဲ့ အမည်နာမကိုရွေးချယ်ခြင်းအားဖြင့် အသင်းတော်ရဲ့ ရှုထောင့်ကို နည်းလမ်းသစ်နဲ့ လင်းလက်စေရမယ်လို့ ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ သာသနာရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ သံဃာထုနဲ့ ဆိုင်တဲ့ အမြင်တွေကို ဘယ်လို ပြုပြင်ရမယ် အကြောင်းကို စကားလုံး တလုံးထဲနဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်။ အမှန်မှာတော့ ကျမတို့အားလုံးလည်းပဲ စိန့်ဖရန်စစ်ရဲ့ ကျင့်စဉ်တွေဖြစ်တဲ့ ဆင်းရဲသားတွေကို စာနာသနား ကူညီခြင်းစတဲ့ အများနဲ့ ဆိုင်တဲ့ ကျင့်စဉ်တွေကို လိုက်ကျင့်သူ ဖရန်စစ္စကင် လေးတွေ တဉီးစီဖြစ်ကြဘို့ ဒီနေ့ အရှင်သူမြတ်ပုပ်ဖရန်စစ်က လမ်းကောင်းပြနေခြင်းဖြစ်တာမို့ ပါပါးဖရန်စစ်နဲ့တူတဲ့ ဖရန်စစ္စကင်လေးများဖြစ်ကြဘို့ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ တင်ဆက်ပေးရင်း ဒီတပတ်ဘ၀အတွက် လင်းရောင်ခြည် ကဏ္ဍကို ရပ်နားလိုက်ပါတယ်။ ပါးပါးဖရန်စစ်ရဲ့ မင်္ဂလာသတင်းစကားများကနေ နေ့စဉ်ခွန်အား ရယူနိုင်ကြပါစေလို့ ကျမ စစ္စတာရ် လူစီယားသန္တာအောင်က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။ 

 

By Sr.Lucia Thandar Aung,SJA

Guiding Light for Life  (Pope Message program) 

Translator: Rev.Fr.Clement Ah Te 

Kyaing Tong Diocese,Myanmar.

Reference: 10 things Pope Francis wants you to know by John L.  Allan

Photo Credit: Vatican Media

Add new comment

9 + 9 =