Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နေ့စဉ် မိမိ၏ အတွင်းစိတ်ကိုစမ်းစစ်ခြင်း
နေ့စဉ် မိမိ၏ အတွင်းစိတ်ကိုစမ်းစစ်ခြင်း
စက်တင်ဘာလ ၄၊ ၂၀၁၈
https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-09...
#pope, #mass, #examination, #conscience, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
စက်တင်ဘာလ ၄ ရက် အင်္ဂါနေ့ Casa Santa Marta တွင် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် နေ့စဉ် မိမိ၏ အတွင်းစိတ်ကိုစမ်းစစ်ရန် ဟောကြားခဲ့ပါသည်။
လူတစ်ဦးသည် နေ့စဉ် မတူညီသော စိတ်နှစ်မျိုးနှင့် စစ်ခင်းနေရပါသည်၊ ဘုရားစိတ် နှင့် လောကတပ်မက်စိတ်တို့အကြား အမြဲရုန်ကန်နေရသည်။
ဘုရားစိတ်သည် လူကို ညီကိုမောင်နှကဲ့သို့ချစ်ခင်ရန်၊ ကရုဏာလုပ်ငန်းများလုပ်ဆောင်ရန်၊ ကောင်းမွန်သော ပြုမှုပြောဆိုနေထိုင်ခြင်များပြုလုပ်ရန် ဦးဆောင်လမ်းညွန်နေပါသည်။
တဖက်မှာလည်း လောကတပ်မက်စိတ်သည် မကောင်းပြောခြင်း၊ ဒုက္ခပြသနာများကိုဖန်တီးခြင်း၊ မန်မာနတရားကိုဖြစ်ပေါ်စေခြင်းနှင့် အချည်းနှီးဖြစ်သော ဘဝကို ခေါ်ဆောင်နေခြင်းဖြစ်ပါသည်။
ရှင်ေပါလူး၏ ကော်ရိန်သု့သြဝါဒ ကိုအခြေခံပြီး သခင်ခရစ်တော် ၏ နေစဉ်အသက်တာအတိုင်း အသက်ရှင်ရန် ဆုံးမခဲ့ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား သည် ကျွနု်ပ်တို့ကို သခင်ခရစ်တော်အား သိရှိရန်၊ သခင်ခရစ်တော်၏ နှလုံးသားကိုနားလည်ရန်၊ ကိုယ်တော်၏ စိတ်သဘောထားကို ဝေမျှရန် ၊
ကျွနု်ပ်တို့၏ နေ့စဉ်တွေးခေါ်ပုံ၊ ခံစားပုံ၊ ပြုမှုပုံတို့သည် ဘုရားစိတ်၏ ဦးဆောင်မှုအောက်တွင်
ရှိနေရမည် သို့မှသာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ဦးဆောင်လမ်းညွန်မှု့ဖြင့် သခင်ခရစ်တော် နေထိုင်အသက်ရှင်ခဲ့သလို လောကလူသားများအတွက် ကောင်းမွန်သောအရာများကို လုပ်ဆောင်ပေးခြင်း၊ ညီကိုမောင်နှမကဲ့သို့ချစ်ခြင်း၊ ကရုဏာတရားထားခြင်း၊ ဆုတောင်းခြင်း စသည့်အရာများဖြင့် လောကကို ဘုရားသခင်ထံခေါ်ဆောင်ပေးကြရပါမည်။
ကျွနု်ပ်တို့သည် ၊ အားနည်းသေားအပြစ်သားများဖြစ်ကြပါသည်။ ထေို့ကြာင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ၏ ဦးဆောင်းလမ်းညွန်မှု့ကိုရယူရပါမည်၊ သန့်ရှင်းသောဝိညာဉ်ဘုရားသည် ကျွနု်ပ်တို့မှတဆင့် သခင်ခရစ်တော်ကို ၏လောကသို့ ပို့ဆောင်ပေးပါလိမ့်မည်။
ထို့အတွက် ကြောင့် နေ့စဉ် မိမိ အတွင် စိတ်ကိုစမ်းစစ်နေရပါမည်
ဘုရားစိတ် ၏ လုပ်ဆောင်မှု့၊ လောက တပ်မက်စိတ်၏ လုပ်ဆောင်မှုများကိုအမြဲသတိရှိစွာ စမ်းစစ်နေထိုင်ကြပါစို့။
Add new comment