ကျွနုပ်တို့အား ချစ်ခြင်းမေတ္တာ၌ သူတော်စင်များဖြစ်လာစေဖို့ရန် သခင်ခရစ်တော်၏‌ မွေးဖွားလာခြင်း

ကျွနုပ်တို့အား ချစ်ခြင်းမေတ္တာ၌ သူတော်စင်များဖြစ်လာစေဖို့ရန် သခင်ခရစ်တော်၏‌ မွေးဖွားလာခြင်း
ဇန်နဝါရီလ ၅၊၂၀၂၀

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ရဟန်းမင်းကြီးမှ ခရစ်စမတ်ကာလ အကြောင်းကိုထောက်ရှုခဲ့ပြီး သခင်ခရစ်တော်၏‌ မွေးဖွားလာခြင်းသည် တို့အား ချစ်ခြင်းမေတ္တာ၌ သူတော်စင်များဖြစ်လာစေဖို့ အကြောင်းကို ဝေမျှဟေားကြားခဲ့ပါသည်။

ဘုရားရှင်၏နှုတ်ကပတ်တော်၊ ဘုရား၏သားတော်၊ ကျွနုပ်တို့လူသားများကဲ့သို့လူ့အဖြစ်ယူခြင်းသည် ၊ ကျွနုပ်တို့ကဲ့သို့တစ်လုံးတစ်ဝတည်းရှိခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့လူသားများအတွက်၊ သက်ရှိစံနမူနာအဖြစ်ထားရာ ဘုရားရှင်သည်ကျွနုပ်တို့လူသားများနှင့်အတူရှိကြောင်း၊ မမြင်နိုင်သောအရာကိုလိုက်နာလုပ်ဆောင်နေရသကဲ့သို့မဟုတ်ဘဲ သက်ရှိဘုရားရှင်ကိုလူသားအဖြစ်စံနမူနာထား လိုက်နာလုပ်ဆောင်ခွင့် အခွင့်အရေးကိုဘုရားရှင်မှလူသားများအား ပေးခြင်းဖြစ်သည်။

ဘုရားရှင်ဤလောက၌လူ့အဖြစ်ယူမွေးဖွားခြင်းသည် ကျွနုပ်တို့လူသားအားလုံးကို ကရုဏာတရား၊ ချစ်ခြင်းမေတ္တာတရားတို့၌ အပြစ်အနာစာမဲ့ အပြည့်အဝဖြူစင်သန့်ရှင်း စေရန်ဖြစ်သည်။
ဘုရားရှင်ကိုယ်တိုင်ဤလောကအတွင်းသို့ကြွဝင်ကာ လူတို့အားလမ်းပြခေါ်ဆောင်နေခြင်း၊ သင်ကြားပေးနေခြင်း၊ စသည့်တို့ကိုထောက်ရှုပြီး၊ ကျွန်ုပ်တို့လူသားများအနေနှင့် သူ၏ချစ်ခြင်းမေတ္တာကိုတုန့်ပြန်သောအားဖြင့် ကျွနုပ်တို့အချင်းချင်းတဦးကိုတဦး ထားရှိသည့်ချစ်ခြင်းမေတ္တာကို ဖြူစင်သန့်ရှင်းစေရန်ကြိုးစားကြရမည်ဖြစ်သည်။

ဖြူစင်ခြင်းပါရမီသည်ဘုရားသခင်ပိုင်ဆိုင်သောအရာဖြစ်ပြီး၊ ဘုရားသခင်နှင့်ပေါင်းစပ်ခြင်း၊ သူ၏ကျေးဇူးတော်ကိုကျွန်ုပ်တို့အထဲမှအခြားသူများအတွက် ဝေမျှဖော်ပြပေးနေခြင်းသည် ယင်းပါရမီ ပင်ဖြစ်သည်။

ဖြူစင်ခြင်းပါရမီကျေးဇူးတော်အားဖြင့် နေ့စဉ်အသက်တာဘဝ၌အများကောင်းကျိုးအတွက်လုပ်ဆောင်မှုများဖြင့် ပါရမီအသီးပွင့်များဝေစားကြဖို့ ရဟန်းမင်းကြီးမှဝေမျှဟောကြားခဲ့ပါသည်။
https://bit.ly/2FqsGgR
#rvamyamnarservice
Credit to Vatican News

Add new comment

3 + 9 =