Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာမိသားစုတွေ့ဆုံပွဲမှ ရရှိခဲ့ကြသော အကျိုးကျေးဇူးများ
ကမ္ဘာမိသားစုတွေ့ဆုံပွဲမှ ရရှိခဲ့ကြသော အကျိုးကျေးဇူးများ
သြဂုတ်လ ၂၆၊ ၂၀၁၈
https://www.vaticannews.va/en/church/news/2018-08/apostolic-journey-irel...
#pope, #family, #dublin, #phoenix, #irelnad, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
ကလေးသူငယ်များကို ချစ်ခြင်းမေတ္တာ အကြောင်းသင်ပေးပါ။ သူတို့သည် ချစ်ခြင်း မေတ္တာကို ဖြန့်ဝေကြလိမ့်မည် ဟု ကမ္ဘာမိသားစုများတွေ့ဆုံပွဲတက်ရောက်လာကြသူများကို Lydia O'Kane မှ ဝေမျှခဲ့ပါသည်။ မိသားစုတွေ ဒီမှာ စုပြီးအတူတကွ ပျော်ရွင်ကြတယ်၊ ဆုတောင်းကြတယ်၊ မျှော်လင်ချက်တွေထားခဲ့ကြတယ်။ ဒီအချက်ဟာ တကယ်ကို အံ့သြဝမ်းသာစရာပါ။ အိုင်ရစ်ရှ် စကားအရ ဘုရားကျောင်းကို လူအားလုံးရဲ့အိမ်လို့အဓိပ္ပာယ် ဖွင့်ပါတယ်။ ဒါကြောင့် ဘုရားကျောင်းကိုလာကြဖို့၊ သင့်အိမ် သင့်မိသားစုဖြစ်သော ဘုရားကျောင်းက သင့်ကိုကြိုဆိုနေတယ်ဆိုတာ သိရှိနားလည်ဖို့ လိုတယ်ဟု ဘုန်းတော်ကြီး Fr. Alan Neville, MSC မှ ဝေမျှခဲ့ပါသည်၊ (ကျေးဇူးပြု၍ ၊ ကျေးဇူးတင်ပါတယ် ၊ ဝမ်းနည်းပါတယ် သင့်ကိုကျွနု်ပ်ချစ်တယ်) ဟူသော စကားလုံးများသည် လူအဖွဲ့အစည်းအတွင် သင့်မြတ်စွာနေထိုင်နိုင်ရေးကို အထောက်အကူပြုသော စကားလုံးများ ဖြစ်ပြီး ၎င်းစကားလုံးများအားဖြင့် သင်သည် လူ့အဖွဲ့အစည်းတွင် မည်သို့မည်ပုံတည်ရှိပေးနေသည်ကို ဖော်ဆောင်ပေး၍ ထိုစကားလုံးများကို မရှက်မကြောက် ပြောဆိုကြရန်လိုကြောင်း ဘုန်းတော်ကြီး Fr. Alan Neville, MSC မှ မိသားစုများအား တိုက်တွန်းဝေမျှခဲ့ပါသည်။
Add new comment