Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အသင်းတော်ရဲ့ညီလာခံဆိုတာ လေ့လာဆန်းစစ်ယုံသက်သက်မဟုတ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့လုပ်ဆောင်မူ့နဲ့သူ၏ တည်ရှိမူပါ
အသင်းတော်ရဲ့ညီလာခံဆိုတာ လေ့လာဆန်းစစ်ယုံသက်သက်မဟုတ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့လုပ်ဆောင်မူ့နဲ့သူ၏ တည်ရှိမူပါ
စက်တင်ဘာလ ၂၊ ၂၀၁၉
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ယူကရိန်း ဂရိ ကက်သလစ် ဆရာတော်ကြီးများ နှင့်တွေ့ဆုံခြင်းတွင် အသင်းတော်ရဲ့ ညီလာခံဆိုတာ လေ့လာဆန်းစစ်ယုံသက်သက်မဟုတ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့လုပ်ဆောင်မူ့နဲ့သူ၏ တည်ရှိမူပါဟု အသင်းတော်၏ လုပ်ငန်းများတွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ အခန်းကဏ္ဍ အရေးကြီးပုံကို ပြောကြားခဲ့ပါသည်။
ယနေ့အသင်းတော်တွေရဲ့ ညီလာခံကျင်းပခြင်းတွေပြုလုပ် နေကြတဲ့နေရာမှာ သင်တို့ရဲ့ထင်မြင်ယူဆချက်တွေကို စုစည်းတင်ပြ ပြီးတော့ သဘောတူညီမူရယူ စတဲ့ ဒီနည်းလမ်းလောက်ပဲ အသုံးပြုနေကြပြီး ညီလာခံရဲ့ အနှစ်သာရကို ပြောက်ပျက်စေကြတယ်။ ညီလာခံဆိုတာ ပါလီမန်ကျင်းပနေတာမဟုတ်ပါဘူး။ ငါကဒါပေးမယ် ၊ မင်ကဒါပေး ဆိုပြီး နိုင်ငံရေးလုပ်နေသလိုမျိုး မဖြစ်ရပါဘူး။ ဘာတွေလိုအပ်တယ် ဘယ်လိုပြောင်းလည်းမူ့တွေလုပ်ရမယ် ဆိုတာလောက်နဲ့လည်မပြည့်စုံဘူး။
ညီလာခံဆိုတာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားတည်ရှိပြီး လုပ်ဆောင်တဲ့နေရာဖြစ်တယ်။ ညီလာခံမှာ သန့်ရှင်းသောဝိညာဉ်တော်မပါရင် အနှစ်သာရမရှိတော့ပါဘူး။ အသင်းတော်မရှိရင် အသင်းတော်ရဲ့ကိုယ်ပိုင်ဖြစ်တည်မူ့ပြောက် ဆုံးသွားတာပါပဲ။ အသင်းတော်ရဲ ကိုယ်ပိုင်ဖြစ်တည်မူ့ဆိုတာ သာသနာပြုခြင်းပါ။ အဲ့တာမရှိတော့ရင် သာသနာမရှိတော့ပါဘူး။ ဒါကြောင့် သင်တို့ရဲ့လုပ်ရပ်တိုင်မှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ကိုက်ညီကြပါစေ၊ ရှေဆက်ရမည့်လမ်းကို သန့်ရှင်းသောဝိညာဉ်တော်သာ ဦးဆောင်ပါစေဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ယူကရိန်း ဂရိ ကက်သလစ် ဆရာတော်ကြီးများ နှင့်တွေ့ဆုံခြင်းတွင် ပြေားကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2kqWLpv
Add new comment