နှိမ့် ချတတ်ဖို့ ရက်ရောစွာပေးကမ်းတတ်ဖို့ သခင်ခရစ်တော် တို့ကို ဖိတ်ခေါ်နေပါတယ်

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေဆုံးနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း

နှိမ့် ချတတ်ဖို့ ရက်ရောစွာပေးကမ်းတတ်ဖို့ သခင်ခရစ်တော် တို့ကို ဖိတ်ခေါ်နေပါတယ်
စက်တင်ဘာလ ၁၊ ၂၀၁၉

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေဆုံးနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းမတိုင်မှီ တနင်္ဂနွေနေ့ သမ္မကျမ်းစာ ကို အခြေခံပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ ပါဝင်သူအားလုံးကို ကြီးမားသော ပျော်ရွှင်မူ့သို့ လမ်းဖွင်ပေးသူများဖြစ်နိုင်ရန် နှိမ့် ချတတ်ဖို့ ရက်ရောစွာပေးကမ်းတတ်ဖို့ သခင်ခရစ်တော် တို့ကို ဖိတ်ခေါ်နေကြောင်း ကို ဟောကြားခဲ့ပါသည်။

ဖာရီဇေဦး အကြီးအကဲးတစ်ဦး၏ စားသောက် ပွဲးတစ်ခုမှာ သခင်ခရစ်တော် ဖိတ်ကြားခံရခဲ့ရတယ် အဲ့ဒီမှာ ကြွရောက်လာကြတဲ့ ဧည်သည်တော်များတွေဟာ အကောင်းဆုံးနေရာများကို အလုအယက် ဝင်ရောက်နေရယူကြသည်ကို ရှုမြင်သုံးသပ်တော်မူပြီး သူ၏ နောက်လိုက် တပည့်တော်တွေကို ဟောကြားတော်မူခဲ့တယ်၊

ယနေ့ခေတ်မှာလည်း ဒီလိုအဖြစ်အပျက်မျိုးဟာ စားသောက်ပွဲမှမဟုတ် တခြားသော အခြေအနေတွေမှာလည် ဖြစ်ပျက်နေတုန်ပါပဲ။ လူတွေဟာ တပါးသူထက် ကိုယ်ကကြီးကျယ်မြင့်မြတ်တယ် ဆိုတာပြသဖို့ နေရာကောင်းကိုရှာဖွေယူတပ်ကြတယ်၊ တကဲ့ အမှန်တရားမှာတော့ အဲ့ နေရာရခြင်တဲ့သူတွေ နေရာယူခြင်တဲ့သူတွေကြောင့် စည်းလုံးခြင်း၊ ညီကိုမောင်နှမ စိတ်ဓာတ်ကို ပျက်စီးစေတယ်၊ အသင်းတော်မှာ၊ နိုင်ငံမှာ၊ အဖွဲ့အစည်းတွေမှာ အဲ့လိုလူတွေရှိနေရင် အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်စေတယ်။ ။

ဒီကနေ့ သမ္မကျမး်စာကနေ သခင်ခရစ်တော်က တို့ဘဝမှာ နေထိုင်အသက်ရှင်ဖို့ အခြေခံကြတဲ့ နှိမ့်ချခြင်း နှင့် ရက်ရေားစွားပေးကမ်းတတ်ခြင်း ဆိုတဲ့ စိတ်နေစိတ်ထားနှစ်ခုကို သင်ပေး နေခြင်းဖြစ်တယ်။

ပထမ တချက် အနေနဲ့ သခင်ခရစ်တော်က ပွဲးတစ်ခု မှာ ဖိတ်ကြားခံရရင် အနိမ့်ဆုံးနေရာကိုယူဖို့၊ မြင့်တဲ့နေရာကို ယူမိလို့ သင့်ထက်ကြီးမြတ်သူလာလျှင် လူရှေ့သူရှေ့မှာ နေရဖယ်ပေးရခြင်းက သင့်ကိုအရှက်ရစေမယ်၊ နိမ့်တဲ့နေရာမှာ ယူလိုက်ခြင်းကြောင့် ပွဲရှင်က သင့်ကို ပိုမိုကောင်းမွန်သောနေရာကို ကြွပါဆိုပြီး ဖိတ်ကြားခံရရင် သင့်ဂုဏ်သိက္ခာ မြင့်တက်စေတယ်၊ ဘယ်နေရာမှာပြဲဖစ်ဖြစ် ဘဝကို နှိမ့်ချခြင်းနဲ့စတင်ဖို့၊ နှိမ်ချခြင်းပါရမီဟာ စစ်မှန်သော အရာဖြစ်ပြီး စစ်မှန်သော ပေါင်းသင်းဆက်ဆံရေးကို ဖြစ်ပေါ်စေတယ်။

ဒုတိယ တချက်အနေနဲ့ ပွဲကျင်းပတဲ့နေရာမှာ မျက်မမြင်တွေ၊ ကိုလက်အင်္ဂါမသန်စွမ်းသူတွေ၊ ခြေလက်သေသူတွေနဲ့ ဆင်ရဲးသားတွေကို ဖိတ်ဖို့ သင်ကြားပေးတယ်၊ ကိုယ့်အတွက် ဘာမှ ပြန်လုပ်မပေးနိုင်တဲ့သူတွေကို ကျွေးမွေးခြင်း ဟာ ဘုရားနှစ်သက်တဲ့အရာဖြစ်တယ်၊ လူတွေဆီကမဟုတ်၊ ဘုရားဆီက ပြန်ရမဲ့အလုပ်ဖြစ်တယ်၊ ဒါကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ ပါဝင်သူအားလုံးကို ကြီးမားသော ပျော်ရွှင်မူ့သို့ လမ်းဖွင်ပေးသူများဖြစ်နိုင်ရန် နှိမ့် ချတတ်ဖို့ ရက်ရေးစွားပေးကမ်းတတ်ဖို့ သခင်ခရစ်တော် တို့ကို ဖိတ်ခေါ်နေကြောင်းကို ဟောကြားခဲ့ပါသည်။

By Kyi Maung
Credit to Vatican News
https://bit.ly/2ZJ7tGL

 

Add new comment

1 + 3 =