Daily Reflection 1 9 2019

Word of Light - Humble will be raised...

Lk. 14: 1, 7-14

ရှင်လုကာ 14:1|7-14

ရှင်လုကာခရစ်ဝင် ၁၄:၁
တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲ တ ယောက် ၏အိမ်သို့ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။ ၇
ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊၈ သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဘိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်။ ထိုသို့ လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော်၊၉ သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟုလာ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။၁၀ သူတပါးတို့သည် သင့်ကို ခေါ်ဘိတ်သောအခါ၊ သွား၍နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟုသင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့် အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေထင်ရှားလိမ့်မည်။၁၁ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။၁၂
ကိုယ်တော်ကို ခေါ်ပင့်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ် ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ် နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန် သင့်ကိုခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။၁၃ သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသော သူများကို ခေါ်ဘိတ်လော့။၁၄ ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည် ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ ဟု မိန့်တော်မူ၏။
 

Add new comment

12 + 4 =