Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကျွနု်ပ်တို၏ကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာ ထကြွနိုးကြားရန် လိုအပ်
ကျွနု်ပ်တို၏ကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာ ထကြွနိုးကြားရန်လိုအပ်
သြဂုတ်လ ၂၅၊ ၂၀၁၈
https://www.vaticannews.va/en/pope/news/2018-08/apostolic-journey-irelan...
#pope, #family, #dublin, #phoenix, #irelnad, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
ကမ္ဘာ့မိသားစုများတွေဆုံပွဲ Dublin Saint Mary's Pro-Cathedral ကျောင်းတော်ကြီးတွင် လင်မယားစုံတွဲ ၃၅၀ နှင့်တွေ့ဆုံပြီး သူတို့မေးသော မေးခွန်းများကိုဖြေကြားပေးခဲ့ရာတွင် ကျွနု်ပ်တို့၏ကမ္ဘာကြီးမှာ ချစ်ခြင်းမေတ္တာ ထကြွနိုးကြားရန် လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ထည့်သွင်းပြောကြားခဲ့ပါသည်။
မိသားစု၏ ရောသောက်ြမစ်ြဖစ်သော ချစ်ခြင်းမေတ္တာကို တန်ဖိုးထားရန်၊ ချစ်ခြင်မေတ္တာတည်းဟူသော ရေသောက်မြစ်ကိုမေ့လျော့သောမိသားစုသည် မကြီးပွားမတိုးတက်နိုင်ဟု ပုပ်ရဟန်းမင်းကြီးမှ ပြောကြားခဲ့ပါသည်။ မကြာသေးမီက ရွေစင်ဂျူပလီကျင်းပခဲ့သော အသက်ကြီး လင်မယာစုံတွဲ၏ ဘဝနေထိုင်ပုံ သက်သေခံချက်တွင် သင်တို့သည် အတိတ်ပုံရိပ်များကို စုဆောင်းထိန်းသိမ်းထားသူများ ဟု ထိုလင်မယာစုံတွဲအားပုပ်ရဟန်းမင်းကြီးမှ ချီကျူးခဲ့ပြီး ငယ်ရွယ်သောစုံတွဲများအား သူတို့ထံမှ စံနမှုနာယူကြရန် ဆုံးမခဲ့ပါသည်။ သားသမီးများကိုယုံကြည်ခြင်းလက်ဆင့်ကမ်းပေးမှုနှင်ပတ်သက်သော မေးခွန်းတွင် ထမင်းစားဝိုင်းမှာ အတူတကွစကားပြောဆိုခြင်းမှ စတင်ခြင်း၊ မိသာစုချစ်ခြင်းမေတ္တာသည် ဘာသာတရား၏ ဝေမျှလက်ဆင့်ကမ်းခြင်း၏ အစမှုလဖြစ်ကြောင်း၊ သင်တို့၏ ကလေးသူငယ်များသည် သင်တို့ တပါသူအားမည်သို့ပြုမှုဆက်ဆံသည်ကိုလေ့လာသင်ယူနေကြောင်း၊ သင်တို့မိဘများသည် သားသမီးများအတွက် ယုံကြည်ခြင်းလက်ဆင့်ကမ်းသူ လက်ဦးဆရာများဖြစ်ကြကြောင်း ပြောပြခဲ့ပါသည်။
လက်ထပ်ထိမ်မြားခြင်းသည် ခေါ်တော်မှုခြင်းဟု ရှင်းပြရာတွင် လက်ထပ်ထိမ်းမြားခြင်းစက္ကရမင်းတူးသည် ဘုရား၏ ထာဝရတည်သော ချစ်ခြင်းမေတ္တာကိုဝေမျှပေးသော အမှတ်လက္ခဏာ ဖြစ်သည်ဟု ရှင်းပြပြီး လူသားထုတခုလုံးကို မိသာစုကြီးတစ်ခုဖြစ်စေလိုပါသည်ဟု အချုပ်အနေနှင်ပြောကြားခဲ့ပါသည်။
Add new comment