Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
စိန်ပီတာနှင့်စိန်ပေါလ်
တပည့်တော်ကြီး သံပေထရူးနှင့် သံပေါလူး (၆၄)
တပည့်တော်ကြီးတို့၏ အကြီးမှူးဖြစ်သော သံပေထရူးသည် ဘက်ဆိုင်းဒါး (Bethsaida)နယ်ဖွားတံငါသည်ဖြစ်သည်။ သခင်ယေဇူး၏ ဖိတ်ခေါ်ခြင်းခံရပြီးနောက်ပိုင်း တွင် မိုးအောက်မြေပေါ်ရှိ ခပ်သိမ်းသောအရာတို့ကို စွန့်ပြီးနောက်တော်သို့လိုက်ခဲ့သည်။ (မာကု ၁း၁၇) စေဇရေလ ဖိလိပိတွိင် သခင်ယေဇူးသည် သူ၏နာမည်ကို “ ကျောက်” ဟု အဓိပ္ပါယ်ရသော “ ပီတာ” အဖြစ်ပြောင်းလဲပေးပြီး “ သင်သည် ပေတရူးဖြစ်၏ ဤကျောက် ပေါ်မှာ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို ငါရဲတံခါးတို့ သည်မအောင်နိုင်ရာ” ဟုပြောခဲ့သည်။ (မာတေဦး ၁၆း၁၈) ပီတာသည် သခင်ယေဇူး၏ အနားတွင်အစဉ်မပြတ်ရှိခဲ့သည့်တိုင် သုံးကြိမ်တိုင်တိုင်သူ့အားငြင်းပယ်ခဲ့သည်။ သခင် ယေဇူးကလည်း ပီတာသူ့ကိုချစ်ကြောင်း အတည်ပြုရန်သုံးကြိမ်သုံးခါမေးခဲ့သည်။ (ယောဟန် ၂၁း၁၅) ပီတာသည် သခင်ယေဇူးမိုးကောင်းကင်သို့ တက်ကြွတော်မူပြီး နောက်ပိုင်းတွင် လစ်လပ်နေသော ယုဒနေရာအစား မာတီယား(Matthias)ကို တပည့် တော်ကြီးအဖြစ်ရွေးချယ်ရာ၍ ဦးဆောင်မှုပြုခဲ့ပြီး သခင်ယေဇူးသည်မက်ဆီယားသခင် ဖြစ်ကြောင်းကို ရဲဝံ့စွာကြွေးကြော်ခဲ့သည်။ သူ၏ဆုတောင်းခြင်းအားဖြင့် အမိဝမ်းတွင်းမှ ပင်မွေးရာပါလက်မသန်စွမ်းသောသူကို ပျောက်ကေင်းစေခြင်း (တမန်တော် ၃း၅) ကောနေလီးဦးစ်အိမ်ပေါ်သို့ သန့်ရှင်းသော ၀ိညာဉ်တာ်မြတ်ဘုရားကြွစေခြင်း (တမန်တော် ၁ဝး၄၄) စသောအံ့ဖွယ်တန်ခိုးများဖြစ်ပေါ်လာခဲ့သည်။ သက္ကရာဇ် ၄၉ခုနှစ် ဂျေရုဆလင်ကောင်စီအပြီးတွင် ပီတာသည် ဧဝံဂေလိသတင်းကောင်းကို ဟောပြောရန် အတွက် ရောမမြို ့သို့သွားရောက်ခဲ့သည်။ ၆၄ခုနှစ် နေရိုးဘုရင်သည် အသင်းတော်ကို လိုုက်လံညှင်းဆဲသောကာလတွင် ပီတာသည် ဗာတီကန်တောင်ကုန်းပေါ်တွင် ဇောက်ထိုးလက်ဝါးကပ်တင်ခံခဲ့ရသည်။
တမန်တော်ကြီးများဖြစ်သောစိန်ပီတာနှင့်စိန်ပေါလူးတို့ရဲ့
အ ကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။
#goodness #saintandhero
Add new comment