စိန်အလွိုက်ရှက်ဂွန်ဇားဂါ

စိန်အလွိုက်ရှက်ဂွန်ဇားဂါ ရဲ့အ ကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။သံအလွိုက်ရှက်ဂွန်ဇာဂါ  (၁၁၉၅-၁၂၃၁)
လူငယ်များကို ကူညီမှိုင်းမသောရဟန္တာဖြစ်သည်။ သံအလွိုက်ရှက်သည် သက္ကရာဇ် ၁၅၆၈ခုနှစ်တွင် အီတလီပြည် မန်တူးအာ(Mantua)အနီးတွင် ဆွေးကြီးမျိုး ကြီးဖြစ်သော ဂွန်ဇာဂါမိသားစုမှမွေးဖွားခဲ့သည်။ သူ့ဖခင်၏ရည်မှန်းချက်ကို ကျေနပ်နှစ် သိမ့်စေရန်အတွက် အလွိုက်ရှက်သည်စစ်ပညာအတတ်ကို သင်ယူခဲ့ရပြီး စစ်ရေးပြ အခမ်းအနားများ ကြီးကျယ်ခန်းနားသော ညစာစားပွဲများကို မလွဲမရှောင်သာတက် ရောက်ခဲ့ရသည်။ သူသည် ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်း၏ မကောင်းဒုစရိုက်၊ အကျင့် ဆိုးများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ ဘာသာတရားကိုင်းရှိုင်းသော အသတ်တာ ကိုနေထိုင်လိုသောပြင်းထန်သည့် ဆန္ဒများကြီးထွားလာခဲ့သည်။ သူသည် အစာနှင့်ရေ ကိုတစ်ပတ်လျှင်သုံးကြိမ်ရှောင်သည်။ သူသည် မိမိကို်ယ်ကိုတုတ်ချောင်းဖြင့်ရိုက်နှက် သည်။ ညသန်းခေါင်ယံတွင် အိပ်ယာမှထ၍ သူ့အခန်း၏ ကျောက်တုံးကျောက်ပြင်ပေါ် တွင် ဒူးထောက်ဆုတောင်းသည်။ သူ၏အသွေးအသားအပြစ်မှ စင်ကြယ်ခြင်းပါရမီကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် အမျိုးသမီးများအရှေ့တွင် သူသည်အမြဲမျက်လွှာချ လျက်နေသည်။ အိန္ဒိယနိုင်ငံမှ ဂျေဇူးရစ်ရဟန်းဂိုဏ်းဝင် သာသနာပြုပုဂ္ဂိုလ်များ၏ အတွေ့အကြုံများကို ရေးသားဖော်ပြထားသော စာအုပ်ကိုဖတ်ပြီးသေသာအခါ သူလည်း ဘဲသူတို့အထဲတွင် တစ်ယောက်အပါအဝင်ဖြစ်လာနိုင်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။
သက္ကရာဇ် ၁၅၈၅ခုနှစ်တွင် သူ့ဖခင်ကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သော်လည်း သူ၏အမွေကိုစွန့်လွှတ်ကာ ရောမရှိယေဇူးအသင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ ခြောက် ပတ်ကြသောအခါ သူ၏ဖခင်သည် သခင်ခရစ်တော်၏လက်တော်၌ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်ခဲ့သည်။ သူ၏သားမှ သူ့ကိုိခွဲခွာသွားသည့်အချိန်မှစ၍ သူသည်သူ၏ဘဝကို လုံးလုံးလျားလျားပြုပြင်ခဲ့သည်။ သံအလွိုက်ရှက်သည် သီလပြည့်စုံခြင်း၏ စံနမူနာဖြစ် လေသည်။ မာနတရားထောင်လွှားခြင်း၏ အန္တာရာယ်များကိုသိမြင်လျှက် အနိမ့်ည့ံဆုံး သောတာဝန်များကို လုပ်ဆောင်ရန်နှင့်မီးဖိုချောင်တွင် လုပ်ကိုင်ရန်အတွက် အခွင့်ကို တောင်းခံခဲ့သည်။ သက္ကရာဇ် ၁၅၉၁ခုနှစ်တွင် ပလိပ်ကပ်ရောဂါဆိုက်ကပ်ချိန်၌ နာမကျန်းဖြစ်သူများအား ပြုစုစောင့်ရှောက်ရင်းဖြင့် သူသည်ရောဂါကူးစက်ခြင်းခံရပြီး နာမကျန်းဖြစ်ကာ သုံးလအကြာတွင်သေဆုံးခဲ့သည်။ သူသည် အသက်၂၃နှစ်သာလျှင် ရှိသေးသည်။ သူ့အမေထံသို့ရေးသော နောက်ဆုံးစာထဲတွင် “ ဘုရားသခင်ကို မျက်နှာ ချင်းဆိုင်ဖူးမျှော်ခွင့်ရနေပြီးဖြစ်သော သေဆုံးသွားသူတစ်ယောက်အတွက် ငိုကြွေးမြည် တမ်းနေခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဂရုဏာတော်ကို မစော်ကားမိစေရန် သတိပြုပါ။ ကျွန်တော်တို့ရဲ ့ခွဲခွာခြင်းဟာ ထာဝရခွဲခွာသွားခြင်းမဟုတ် ကျွန်တော်တို့ တတွေကောင်းကင်ဘုံမှာ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံတွေ့ကြလိမ့်မယ်” ဟု ရေးသားခဲ့သည်။
#goodness #saintandhero

Add new comment

1 + 5 =