Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ကမ္ဘာမိသားစုများတွေဆုံပွဲ မတိုင်မီ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် video ဖြင့် သတင်းစကားကြိုတင်ပေးပို့ခြင်း
August 21, 2018
https://www.vaticannews.va/en/pope/news/2018-08/apostolic-journey-ireland-pope-francis-video-message.html#play
#pope, #family, #dublin, #phoenix, #irelnad, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
ချစ်လှစွာသော ဓမ္မ မိတ်ဆွေတို့ မကြာမီ ရက်ပိုင်းအတွင်း ကမ္ဘာမိသားစုများတွေ့ဆုံပွဲသို့ ကျွန်ုပ်ကြွရောက်မည့် ဖြစ်သလို ကြိုတင်ပြီး အိုင်းရစ် လူမျိုးများကို ဦးစွာပထမ လှိုက်လှဲ
ွကြိုတင်နုတ်ဆက်လိုက်ပါသည်။
ကျွန်ုပ်လည်းပဲ သင်တို့လို စိတ်လှုပ်ရှားနေပါသည်။ သင်တို့သိကြသည့်အတိုင်းပင် ကမ္ဘာမိသားစုများတွေ့ဆုံခြင်းပွဲသည် မိသားစုများအတွက် လှပသော ဘုရား၏ စီမံကိန်းဖြစ်ပါသည်။
တဆက်တည်းမှာပင် ကမ္ဘာအရပ်ရပ်မှ မိသားစုများ အချင်းချင်းတွေ့ဆုံရန် အခွင့်အရေးလည်းဖြစ်သကဲ့သို့ မိမိတို့၏ မိသားစုဘဝ ခေါ်တော်မှုခြင်းကို အသက်ရှင်သန်နေထိုင်မှုကို အပြန်အလှန် ထောက်ပံ့ကူညီကြရန်လည်ဖြစ်ပါသည်။
သင်တို့သိကြသည့်အတိုင်း ယနေ့ခေတ်မိသားစုများသည်
အပြန်အလှန်သစ္စာရှိသော ချစ်ခြင်မေတ္တာ ကိုဖော်ဆောင်နေကြခြင်း၊ ကလေးသူငယ်များကို လူဂုဏ်သိက္ခာနှင်အညီပြုစုပျိုးထောင်းခြင်း၊ ရင့်ကျက်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကြီးမားကောင်းမွန်သော လူအသိုင်းအဝိုင်း တစ်ခုကိုတည်ဆောက်ခြင်းတို့၌ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပါသည်။
ယခုကျင်းပသော ကမ္ဘာမိသားစုများတွေဆုံပွဲသည် အထူးသဖြင့် Dublin မှာရှိကြသော မိသားစုများနှင့် ကမ္ဘာပေါ်ရှိမိသားစုများအားလုံးအတွက် ခွန်အားသစ်များရရှိစေမည့် အခွင့်အရေးတခုအဖြစ်ကျွန်ုပ်မျှော်လင့်ပါသည်။
လူငယ်များအတွက် ကောင်းမွန်သော အနာဂတ်ကိုတည်ဆောက်ပေးခြင်နှင့် မိသားစုသည် လူအဖွဲ့အစည်း၏ အရေးကြီးသော အရာအဖြစ် သတိပေး နေပါသည်။ လူငယ်များသည် ကျွန်ုပ်တို့၏ အနာဂတ်ဖြစ်ပါသည်၊ အနာဂတ်အတွက် လူငယ်များကိုပြုပြင်ပေးခြင်းသည် အရေးကြီးသော အလုပ်တစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်လူငယ်တွေနှင့်
အဘိုးအဘွားတွေကြား အတိတ်ကရရှိခဲ့သော အတွေ့အကြုံများကိုအခြေခံပြီး အနာဂတ်အရေးကောင်းမွန်ဖို့ရန် ယခု လက်ရှိအချိန်မှာ လူငယ်များကို အကောင်းမွန်ဆုံးပြုပြင်ပေးကြရပါမည်။ ဤအရာသည် အင်မတန် အရေးကြီးလှ သည်။
Ireland နိုင်ငံ ကမ္ဘာမိသားစုများတွေဆုံပွဲ ကျွန်ုပ်ကြွရောက်လာရခြင်း၏ အဓိကရည်ရွယ်ချက်သည် အိုင်းရစ် မိသားစုများအားလုံးကို ပွေ့ဖက်နုတ်ဆက်လို၍ဖြစ်ပါသည်။ မိသားစုတိုင်းအတွက် ဘုရားသခင်၏ အလိုတော်ဖြစ်သော တည်တန့်သော ငြိမ်းချမ်းခြင်းအမှတ်လက္ခဏာအဖြစ်
သင်တို့ပိုမိုစည်းလုံးကြရန်၊ သခင်ခရစ်တော်၏ နောက်လိုက်များ တစ်ဦးနှင့်တစ်ဦး သင့်မြတ်ကြရန် ကျွန်ုပ် တထူးတခြားဆုတောင်းပေးလိုက်ပါသည်။
ကျွန်ုပ်ကြလာမည့်အရေးအတွက် ပြင်ဆင်ခြင်းများ၌ သင်တို့တက်ကြွစွာလုပ်ဆောင်နေကြမည်ကို ကျွန်ုပ်သိပါသည်။ ထို့အတွက် ကျွန်ုပ်အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ပါသည်။ ယခု ကမ္ဘာမိသားစုများတွေ့ဆုံခြင်းအဖြစ်ပျက်သည် မိသားစုတိုင်းအတွက်၊ အမှန်တရားအတွက်၊ ဘုရား၏သားသမီးဖြစ်သော ကျွန်ုပ်တို့အားလုံးအတွက် သခင်ခရစ်တော်၏ နူးညံ့သိမ်မွေသော ချစ်ခြင်းမေတ္တာမှဆင်းသက်လာသော တည်ငြိမ်အေးချမ်းမှု၊ နှစ်လိုဖွယ်အချိန်ဖြစ်ဖို့ရန်အတွက်
အားလုံးကိုကျွန်ုပ်ဆုတောင်းစေချင်ပါသည်။
ကျွန်ုပ်၏ ဆုတောင်းပေးနေမှု အားဖြင့်သင်တို့နှင့်အတူရှိနေပါမည်၊ ကျွန်ုပ်အတွက်လည်းဆုတောင်းပေးကြရန် တောင်းဆိုပါသည်၊
ကျွန်ုပ်နှလုံးသားမှ သင်တို့ကို ခမည်းတော်၊ သားတော် သန်းရှင်းသော ဝိညာဉ်တော်မြတ်၌ ကောင်းကြီးမင်္ဂလာ ပေးပါသည်။
ဘုရားသခင် သင်တို့ကို ကောင်းကြီးပေးပါစေ။
Add new comment