RVA ၀န်ထမ်းတစ်ဦး ထူးချွန်၀န်ထမ်းဆုကိုဆွတ်ခူးရရှိ

RVA ၀န်ထမ်းတစ်ဦး ထူးချွန်၀န်ထမ်းဆုကိုဆွတ်ခူးရရှိ

RVA ၀န်ထမ်းတစ်ဦး ထူးချွန်၀န်ထမ်းဆုကိုဆွတ်ခူးရရှိ

 

 ဖိလစ်ပိုင်အစိုးရက ကိုဗစ်ကပ်ဆိုးကာလ၌ သူ၏ကိုယ်ကျိုးစွန့်ပေးဆပ်လုပ်ဆောင်မှုအတွက် RVA (Radio Veritas Asia  - အာရှသမ္မာတရားအသံလွှင့်ဌာန၊ ဖိလစ်ပိုင်) ၏၀န်ထမ်း တစ်ဦးဖြစ်သော  Diokno P. Espinosa အားဆုတံဆိပ်ကို နိုင်၀င်ဘာလ (၃) ရက်နေ့ကပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုဆုကို ‘Ulirang Ka-Distrito Awardee’ ဟုခေါ်ပါ သည်။ ထိုဆု၌ စွန့်လွှတ်ပေးဆပ်မှုကိုအသိအမှတ်ပြုသောမှတ်တမ်းနှင့် Quezon ဒေသအစိုးရ၏ ‘နိုင်ငံသား ကောင်းဖြစ်ကြောင်းအသိအမှတ်ပြု’ လက်မှတ်ပါသည့်စာရွက်ပါရှိသည်။

Quezon ပြည်နယ်၌ ဒေသဖွံ့ဖြိုးရေး အတွက် အပိုင်း (၁၄) ခုပိုင်းထားပြီး၊ ထိုတစ်ခုစီ၌ ထူးချွန်သောနိုင်ငံသားများအား ယခုကဲ့သို့ဆုချီးမြှင့်သည့်အစီအစဉ် လည်းထည့်သွင်းထားသည်။ ယခုကဲ့သို့အသိအမှတ်ပြုခံရခြင်းမှာ မည်သည့်အကျိုးမျှမမျှော်ကိုးဘဲ ပရဟိတ္တစိတ်သက်သက်ဖြင့် ကိုဗစ်ကာလ၌ အကူအညီလိုအပ်နေသူများအားကူညီပေးခဲ့သူဖြစ်သောကြောင့်ဖြစ်သည်။

 ဆုချီးမြှင့်ခြင်းအခမ်းအနား၌ ဒေသအစိုးရ၏တာ၀န်ရှိသူ Vargas က ‘Espinosa ၏ လုပ်ဆောင်ချက် သည် အလွန်စံပြုဖွယ်ဖြစ်ပြီး၊ အခြားသူများအားလည်းနိုးဆော်ပေးသည်။ လူသားအလွန်ဆန်သူဖြစ်သည်။ အသိအမှတ်ပြုခံရရန်၊ ဆုရရှိရန်ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်။ သို့သော် အတိဒုက္ခရောက်နေသော ပြည်သူများကိုချစ်၍ကူညီရန်သာဖြစ်သည်’ ဟုပြောကြားခဲ့သည်။  

 ထို့အတူ RVA ၏အထွေထွေမန်နေဂျာဖြစ်သော ဖာသာရ် Victor F. Sadaya, CMF ကလည်း ‘ဤ အဖြစ်အပျက်သည် အလွန်တရာသင်ယူမှတ်သားစရာကောင်းသော အဖွဲ့အစည်း တစ်ခုမှအဖွဲ့၀င်တစ်ဦး၏ အကြောင်း ဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် လူတိုင်းကြပ်တည်းသည့်ကာလ၌ သူကိုယ်တိုင်က ကြပ်တည်းသော်လည်း အကူ အညီလိုအပ်သူများကိုကူညီခဲ့ခြင်းဖြစ်ကြောင်း၊ ဤစိန်ခေါ်မှုမြင့်မားနေချိန် သူသည် သူ၏အချိန်နှင့်လုပ်အားကို အလွန်ရက်ရောစွာပေးလှူခဲ့သူဖြစ်သည့် သူရဲကောင်းပင်ဖြစ်ပြီး၊ လူမှုအသိုင်းအ၀ိုင်းအားလည်း မိမိနှင့်နီးစပ်သူများကို ကူညီရန် သူ ၏ကိုယ် ကျိုးမဖက်သော လုပ်ဆောင်ချက်ဖြင့်သက်သေပြခဲ့သည်’ ဟုပြောကြားခဲ့သည်။ 

 RVA မြန်မာ၏တွဲဖက်တာ၀န်ခံ ဖာသာရ်ပီတာကြည်မောင်ကလည်း ‘Diokno သည် ၀န်ထမ်းများအနက် အလွန်နှိမ့်ချသူ၊ အလွန်ရိုးစင်းသူဖြစ်ကာ အလုပ်လည်းကြိုးစားသူ၊  အမြဲရွှင်ပြုံးနေတတ်သူ၊ ကူညီရန်အမြဲ အသင့်ရှိသူဖြစ်သည်’ ဟုချီးကျူးခဲ့သည်။

 ဆုလက်ခံရရှိသော Diokno အနေဖြင့် ယခုကဲ့သို့ဆုချီးမြှင့်ပေးသည့်အတွက် အလွန်ပျော်ရွှင်ရပါကြောင်း၊ သို့ သော်ဤဆုမျိုးကို သူ၏ဘ၀၌မမျှော်လင့်ခဲ့ကြောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့် မိမိ၏နီးစပ်သူအားပေးဆပ်မှုကိုအသိ အမှတ်ပြုပေးသော ဒေသန္တရအစိုးရကိုလည်းကျေးဇူးတင်ကြောင်း၊ သူ၏အသိုင်းအ၀ိုင်း၌ သူသာလျှင်ဤ ဆုကိုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သူသည် RVA ရုံး၌ (၁၉၉၈) မှစ၍၀န်ထမ်းအဖြစ်၀င်ရောက်လုပ်ဆောင်ခဲ့သူဖြစ်သည်ဟုဆိုသည်။

 

အာဗီအေအတွက် အထူး ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3wZXeA1

Add new comment

2 + 0 =