အီတလီ နိုင်ငံ ဂီနိုဝါ ရှိ မိုရန်ဒီ တံတား ပြိုကျမူ့ နှစ်ပတ်လည်နေ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေး

၂၀၁၈ သြဂုတ်လ ၁၄ ရက် နေက အီတလီ နိုင်ငံ ဂီနိုဝါ ရှိ မိုရန်ဒီ တံတား ပြိုကျမူ့

အီတလီ နိုင်ငံ ဂီနိုဝါ ရှိ မိုရန်ဒီ တံတား ပြိုကျမူ့ နှစ်ပတ်လည်နေ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေး
သြဂုတ်လ ၁၃၊ ၂၀၁၉

၂၀၁၈ သြဂုတ်လ ၁၄ ရက် နေက အီတလီ နိုင်ငံ ဂီနိုဝါ ရှိ မိုရန်ဒီ တံတား ပြိုကျမူ့ ကြောင့် လူပေါင်း ၄၃ ဦးသေဆုံးခဲ့ရသည့် ဆိုးဝါးသော အဖြစ်အပျက်နှင့်ကြုံတွေ့ခဲ့ရပါသည်။ ယင်း တံတားပြိုကျမူ့ နှစ်ပတ်လည်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အမှတ်တရဆုတောင်းပေးခဲ့ပါသည်။

ဂီနိုဝါ မြို့မှ ၄င်းအဖြစ်အပျက်ကြောင့် သေဆုံးကြရသူများ၊ ထိခိုက်ဒဏ်ရာ ရရှိကြသူများ၊ ရွေပြောင်းနေထိုင်ကြရသူများ၊ ဝမ်းနည်းပူဆွေးနေကြရသော မိသားစုဝင်များအားလုံး၊ သင်တို့ကိုကျွန်ုပ်မမေ့ပါဘူး၊ ကျွန်ုပ်ဆုတောင်းပေးနေပါတယ်။ ကိုယ်တိုင်ကြုံတွေခဲ့ကြရသူများ၏ စိတ်နှလုံးထည်းမှာ ဒီအဖြစ်ဆိုးကြီး ကို ဖြောက်ဖျက်လို့မရနိုင်ဘူးဆိုတာ ကျွန်ုပ်ခံစားမိပါတယ်။

ယခုကဲ့သို့ မခန်းမှန်းနိုင်သည့် အဖြစ်အခြေအနေအတွက် ကျွနုပ်အနေနှင့် သင်တို့ကျေနပ်လောက်သော အဖြေ ပေးနိုင်မည်မဟုတ်ပါ သို့သော် ကျွန်ုပ်တို့ တည်ဆောက်ခဲ့သောအရာ ဘာကြောင့်ပြိုကြရသည်၊ ဆိုသည့်မေးခွန်းမှ အပ တိတ်ဆိတ်စွာနေခြင်း နှင့် ဆုတောင်းပေးနေရန်သာ ဖြစ်ပါသည်။

ကျွန်ုပ်တို့ရှေ့မှာ ဖြစ်ပျက်နေတဲ့၊ ခံစားနေရတဲ့ ဒုက္ခတွေကို မြင်ရင် သခင်ခရစ်တော် ခံစားခဲ့ရတာကို သတိရပါ၊ သခင်ခရစ်တော်ဟာ စွန့်ပစ်ခံခဲ့ရတယ်၊ အရှက်ခွဲးခံခဲ့ရတယ်၊ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရတယ်၊ ကားတိုင်မှာ သံနဲ့ရိုက်ခံရတယ် ပြီးတော့ ရက်စက်စွာ အသတ်ခံခဲ့ရတယ်။ ဘုရားသခင်ဟာ တို့ခံစားနေရတဲ့ ဒုက္ခဝေဒဏာ တွေနဲ့ အတူရှိနေတယ်၊ အဖော်ပြုပေးနေတယ်၊ ဘယ်တော့မှ စွန့်ပစ်မသွားဘူးဆိုတာသတိရကြပါ။ တို့အဖြေရှာမရတဲ့ဟာတွေအတွက် သူကို ယုံကြည်ခြင်းအပြည့်နှင့် ကြည့်ရှုပါ၊ နားထောင်ပါ။

သင်တို့သည် မည်သို့သောအခါမျှ တစ်ယောက်တည်း ခံစားနေရမည်မဟုတ်၊ အထီးကျန်စွာနေရမည်မဟုတ်ပါ တို့ခရစ်ယာန် အသိုင်းအဝန်းအားလုံး၊ ဂီနိုဝါ ရှိအသင်းတော်နှင်အတူတကွ သင်တိုရဲ့ဒုက္ခဝေဒဏာတွေကို မျှဝေခံစားပေးနေတယ်ဆိုတာ သတိရပါ။ သင်တို့ရဲ့ မျှော်လင်ခြင်းကို ဘယ်သောအခါမျှ မဆုံးပါစေနှင့် ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ ဂီနိုဝါ သတင်းစာသို့ ပေးပို့သော စာတွင် ဖော်ပြထားပါသည်။

By Kyi Maung
Photo credits to Vatican News

https://bit.ly/2H41be0

Add new comment

7 + 1 =