အိန္ဒိယဂျက်ဆွီစ်ဘုန်းတော်ကြီးများ ရာနှင့်ချီ သည့်အလုပ်သမားများကိုအွန်လိုင်းများမှတဆင့်အစိုးရာဌာနများတွင် အလုပ်ရှာဖွေပေးရန် လူမှုကွန် ရက်တစ်ခုကို ချိပ်စက်ပေး

အိန္ဒိယဂျက်ဆွီစ်ဘုန်းတော်ကြီးများ ရာနှင့်ချီ သည့်အလုပ်သမားများကိုအွန်လိုင်းများမှတဆင့်အစိုးရာဌာနများတွင် အလုပ်ရှာဖွေပေးရန် လူမှုကွန် ရက်တစ်ခုကို ချိပ်စက်ပေး

အိန္ဒိယဂျက်ဆွီစ်ဘုန်းတော်ကြီးများ ရာနှင့်ချီ သည့်အလုပ်သမားများကိုအွန်လိုင်းများမှတဆင့်အစိုးရာဌာနများတွင် အလုပ်ရှာဖွေပေးရန် လူမှုကွန် ရက်တစ်ခုကို ချိပ်စက်ပေး

        ဂျက်ဆွီစ်ဘုန်းတော်ကြီးများသည် အိန္ဒိယနိုင်ငံ၊ Delhi နှင့် Kerala ပြည်နယ်များသို့ပြောင်းရွေ့လာကြ သော ရာနှင့်ချီ သည့်အလုပ်သမားများကိုအွန်လိုင်းများမှတဆင့်အစိုးရာဌာနများတွင် အလုပ်ရှာဖွေပေးရန် လူမှုကွန် ရက်တစ်ခုကို ချိပ်စက်ပေးထားသည်။ အမြော်အမြင်ကြီးစွာ ဖြင့်ယခုကဲ့သို့ပြုလုပ်ပေးသည့်အတွက်လည်း အိန္ဒိယနိုင် ငံမှ ဂျက်ဆွီစ်ဘုန်းတော်ကြီးများအား ကျေးဇူးတင်ရပါသည်။ ဤလုပ်ဆောင်ချက်ကို အောက်တိုဘာ (၂၆) ရက်နေ့က ရွေ့ပြောင်းအလုပ်သမားများအားကူညီပံ့ပိုးပေးရေးနှင့်ကွန်ရက်အချက်အလက်များဆိုင်ရာအကူအညီပေးသော (the Migrant Assistance and Information Network (MAiN)  အဖွဲ့ကစတင်ခဲ့ခြင်းဖြစ်သည်။

            အလုပ်သမား များလည်းစိတ်၀င်စားမှုမြင့်တက်လျှက်ရှိသည်။ Kerala ပြည်နယ်၏ Kalady မြို့တစ်ခုတည်းမှ ပထမနေ့၌မှတ်ပုံ တင်သောဦးရေ (၁၂၀) ဦးရှိခဲ့သည်ဟုဆိုပါသည်။ ဦးရေ (၁၈၀၀) ကျော် သင်တန်းတက်ရောက်ခဲ့ပြီး၊ တစ်ပတ်ကြာ ကျင်းပခဲ့သည်။ ဤသို့စာရင်းပေးသွင်းထားခြင်းဖြင့် ၄င်းတို့အတွက်အလုပ်အခွင့်အလမ်းကောင်းများစွာကိုရရှိလာနိုင် သည်။ ဤလုပ်ဆောင်ချက်သည် သက်တမ်းနုနေသေးသော်လည်း များမကြာမှီဂျက်ဆွီစ်ဘုန်းတော်ကြီးများသာသနာ ပြုသောခရိုင်များသို့တရား၀င်ချပြသွားမည်ဖြစ်သည်။   

            စိတ်၀င်စားသောအလုပ်ရှင်များမှ အလုပ်သမားများနှင့်ပတ်သက်သော မေးမြန်းဆက်သွယ်လာမှုကိုမူ ဤအ ဖွဲ့၏အဖွဲ့၀င်များမှဖြေကြားရှင်းပြပေးမည်ဖြစ်သည်။ ဤလှုပ်ရှားမှုကြောင့် အလုပ်သမားများသည် စိတ်လှုပ်ရှားနေ ကြပြီး၊ အဖွဲ့၏လုပ်အားပေးများက အလုပ်သမားများလိုအပ်သော အချက်အလက်များကိုအခမဲ့ဖြည့်စွပ်ပေးမည်ဖြစ် သည်။ ၀န်ဆောင်မူပေးသောနေရာများ၌ ယခုကဲ့သို့မှတ်ပုံတင်ရန် မှတ်ပုံတင်ကြေးမှာ အိန္ဒိယငွေ (၂၅၀) ပေးရသည်။ ဤအဖွဲ့သည် ပထမနေ့၌ပင် အလုပ်လျှောက်ရန်အချက်အလက်မရှိ၊ မပြည့်စုံသောသူ အယောက် (၁၀၀) ကျော်အား လုပ်ဆောင်ပေးနိုင်ခဲ့သည်။

            ဤအဖွဲ့အစည်းအနေဖြင့် ယခုထက်ပိုမိုကျယ်ပြန်သော အမြင်ဖွင့်သင်တန်းကိုတိုးချဲ့ရန်ရှိသည်။ အဘယ် ကြောင့်ဆိုသော် ဒီဇင်ဘာအကုန်ပိုင်း၌ ဤသို့သော၀န်ဆောင်မှုကိုပေးသည်နေရာများကို ယခုထက်မကထားရှိနိုင်ရန် ရည်ရွယ်ထားသည်။ ဤအဖွဲ့ (MAiN) မွေးဖွားလာခြင်းမှာ ပြည်နယ်အတွင်းနှင့်ပြည်နယ်ပြင်ပ၌ရွေ့ပြောင်း အလုပ်သမားများ၏အခက်အခဲနှင့်အခွင့်အရေးများအတွက် ကူညီဖြေရှင်းရန်ဖြစ်သည်။ အိန္ဒိယနိုင်ငံတစ်၀ှမ်းရှိ ဂျက် ဆွီစ်ဘုန်းတော်ကြီးများသာသနာပြုနေသည့် ပြည်နယ် (၁၄) ခုတွင်အသုံးပြုနိုင်သည်။ ရွေ့ပြောင်းအလုပ်သမားများ အနေဖြင့်အခက်အခဲနှင့်ကြုံနေရလျှင် ဤကွန်ရက်၏ဗဟိုရှိရာ Delhi ရုံးသို့ ဖုန်းခေါ်ဆို၍အကူအညီတောင်းခံနိုင်သည်ဟုဆိုသည်။         

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3kKr3iV

Add new comment

4 + 2 =