အာရှတိုက်ဆရာတော်ကြီးများအဖွဲ့ချုပ်  နှစ်(၅၀)ပြည့်  အထွေထွေညီလာခံကြီး၌ မြန်မာကက်သလစ်သာသနာ၏ပါဝင်နေမှု

အာရှတိုက်ဆရာတော်ကြီးများအဖွဲ့ချုပ်  နှစ်(၅၀)ပြည့်  အထွေထွေညီလာခံကြီး၌ မြန်မာကက်သလစ်သာသနာ၏ပါဝင်နေမှု

အာရှတိုက်ဆရာတော်ကြီးများအဖွဲ့ချုပ်  နှစ်(၅၀)ပြည့်  အထွေထွေညီလာခံကြီး၌ မြန်မာကက်သလစ်သာသနာ၏ပါဝင်နေမှု

 

အာရှတိုက်ဆရာတော်ကြီးများအဖွဲ့ချုပ်တည်ထောင်ခြင်း နှစ်(၅၀)ပြည် အထွေထွေ ညီလာခံကြီးအား အောက်တိုဘာလ(၁၂) ရက်နေ့မှ(၃၀) ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကျင်းပပြုလုပ်လျှက်ရှိပါသည်။

ညီလာခံအဖွင့်မစ္ဆားတရားကို အောက်တာဘလ(၁၂) ရက်နေ့ ၊ မြန်မာစံတော်ချိန် ညနေ(၄း၀၀)နာရီအချိန်က ဘန်ကောက်ဂိုဏ်းချုပ်သာသနာ Baan Phu Waan - Pastoral Training Center တွင်  FABC ဥက္ကဋ္ဌ ကာဒီနယ်ချားလ်စ်ဘို မှ မစ္ဆားတရားတော်ဖြင့် စတင်ခဲ့သည်။ အဆိုပါ ညီလာခံသို့ မြန်မာပြည်မှ ဆရာတော်ကြီးများဖြစ်သော Cardinal Charles Bo, Bishop Raymond, Bishop Felix,  Bishop Francis, Bishop John Saw Yaw Han, Bishop Lucas နှင့် Bishop Maurice တို့လည်း ပါဝင်တက် ရောက်လျှက်ရှိသည်။

FABC နှစ်(၅၀)ပြည့် ညီလာခံကြီး၏ ဆောင်ပုဒ်မှာ “Journeying together as peoples of Asia“…and they went a different way.” (Mt 2:12).ဟူ၍ဖြစ်ပါသည်။

ဆရာတော်ကြီးများ၏ နှစ်(၅၀)ပြည့်ညီလာခံအတွက်ဆုတောင်းပေးရန်  ထုတ်ဝေ ထား သော ဆုတောင်းမေတ္တာကို မြန်မာဘာသာသို့ ဘာသာပြန်ကာ ဘာသာ သူများ ဆုတောင်း ပေးနိုင်ရန်အတွက် အွန်လိုင်းတွင် ဖြန့်ချီထားသည်။ မန္တလေးကက်သလစ် သာသနာ ကက်သီဒြယ်သာသနာအုပ်စုမှလည်း ညီလာခံအောင်မြင်စေရန်ဤဆုတောင်း မေတ္တာြဖင့် ပါဝင် ဆုတောင်းပေးသည်ဟုသိရသည်။

ထို့အပြင် နှစ်(၅၀) ပြည့် အထွေထွေညီလာခံအတွက် သီဆိုထုတ်လုပ်ထားသော " The song of Asia, Bless Our God Who Walks with Us" ( ကျွန်ုပ်တို့နှင့်အတူ လျှောက်လှမ်းတော်မူသော ဘုရားရှင်အား ချီးမွမ်းကျူး) ဟု အမည်ရသော သီချင်းကိုလည်း ပုသိမ်သာသနာလူထုဆက်သွယ်ရေးရုံး (Pathein -OSC)မှအဖွဲ့သားများက မြန်မာဘာသာ ဖြင့်ဘာသာပြန်ကာ သီဆိုပြီး အွန်လိုင်းတွင် ဖြန့်ချီထားသည်။

အာရှတိုက်ဆရာတော်ကြီးများအဖွဲ့ချုပ်တည်ထောင်ခြင်း နှစ်(၅၀)ပြည့်အထွေထွေ ညီလာ ခံအစည်းအဝေးကို ကျင်းပပြုလုပ်ခြင်းသည် အာရှကက်သလစ် သာသနာအတွင်း အဖြစ် အခြေအနေများ၊စိန်ခေါ်ချက်များကို ပြန်လည်သုံးသပ်ရန် အတွက်ဖြစ်သည်။

News By - Pinky 

#fabcat50 #FABC50 #rvamyanmar 

Add new comment

2 + 0 =