သန္ဓေဖျက်ချရန်ရည်ရွယ်ထားရာမှ ကယ်တင်နိုင်ခဲ့သော ခလေး (၁၄) ဦးအား ဆရာတော်မှဆေးကြောခြင်းပေးနိုင်ခဲ့

သန္ဓေဖျက်ချရန်ရည်ရွယ်ထားရာမှ ကယ်တင်နိုင်ခဲ့သော ခလေး (၁၄) ဦးအား ဆရာတော်မှဆေးကြောခြင်းပေးနိုင်ခဲ့

သန္ဓေဖျက်ချရန်ရည်ရွယ်ထားရာမှ ကယ်တင်နိုင်ခဲ့သော ခလေး (၁၄) ဦးအား ဆရာတော်မှဆေးကြောခြင်းပေးနိုင်ခဲ့

 

            (၂၀၂၁) စက်တင်ဘာလအဆုံးပိုင်း၌ Alcalá de Henares သာသနာမှဆရာတော် Juan Antonio Reig Pla သည် ခလေး (၁၄) ဦးကိုဆေးကြောခြင်းပေးခဲ့သည်။ ထိုခလေးများမှာ ဖျက်ချရန်ရောက်ရှိလာစဉ် John Paul II ကယ်ဆယ် ရေးအဖွဲ့မှအချိန်မှီ ကယ်တင်နိုင် ခဲ့သောခလေးများဖြစ်ကြသည်။ ဤအဖွဲ့သည် အခြေအနေအကြောင်းအမျိုးမျိုး ကြောင့်ရရှိလာသောကိုယ်၀န်ကိုဖျက်ချရန်ရောက်ရှိလာသောမိခင်များအား သတင်းအချက်အလက်နှင့်အကူအညီ များပေးစောင့်ရှောက်နေသောအသင်းဖြစ်သည်။ အခက်အခဲအကြပ်အတည်း၌ ဤအရာကိုရွေးချယ်ရာတစ်ခုတည်းအဖြစ် ဆုံး ဖြတ်ထားသူများအား အခြားသောဖြစ်နိုင်ချေများကိုရှင်းပြဖျောင်းဖြ၍ကူညီပေးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောကိုယ်၀န်ဆောင်များသည် သန္ဓေဖျက်ချခြင်းကိုအားပေးထောက်ခံသူတို့၏မှိုင်းမိထားပြီး၊ အမှန်တကယ်ယုံ ကြည်နေကြသူများလည်းရှိသည်။        

 

သန္ဓေဖျက်ချမခံရဘဲကယ်တင်နိုင်ခဲ့သောခလေးများ

 

            John Paul II ကူညီကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးဖြစ်သော Marta Velarde က အမျိုးသမီးအချို့နှင့်ခလေး အချို့များ၏အကြောင်းကို အဖွဲ့၏လူမှုကွန်ရက်စာမျက်နှာပေါ်၌ရေးသားဝေမျှထားသည်။ 

 

မားသာရ်၏အကြောင်း

 

            ဤအဖွဲ့၏အကူအညီကိုရယူခဲ့သူများအနက် မားသာရ်ဆိုသူအမျိုးသမီးလည်းတစ်ဦးအပါအ၀င်ဖြစ်ပါသည်။ သူ၏တတိယသမီးလည်းဖြစ်သည့် သန္ဓေဖျက်ချရန်ရောက်ရှိလာစဉ် ကိုယ်၀န်မှာ (၁၀) လပြည့်သွားပြီဖြစ်သည်။ သူ ကိုယ်၀န်စရချိန်သည် ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေချိန်ဖြစ်သည်။ ဘေးလူများက ကိုယ်၀န်ကိုဖျက်ချရန်အကြံပေးကြ သည်။ နားယောင်၍ ကိုယ်၀န်ဖျက်ချသောဌာနသို့ဖုန်းခေါ်လိုက်သည်။ လူ့အသက်ကိုလွန်စွာချစ်သော ဘုရားသခင်၏ အလိုတော်ဟုဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကိုယ်၀န်ဖျက်ချသောဌာန၏ဖုန်းနှင့်စိန့်ဂျွန်ပေါ်လ် (၂) ကိုယ်၀န်သည်မိခင်များအား ကိုယ်၀န်ဖျက်ချခြင်းမှကူညီကယ်တင်သောအဖွဲ့၏ဖုန်းနှင့်မှားယွင်းခေါ်ဆိုလိုက်မိသည်။ မားသာရ်သည် တစ်ဖက်မှဖုန်းကိုင်သူနှင့်နာရီအတန်ကြာစကားပြောဆိုပြီးနောက် ထိုအဖွဲ့၀င်တစ်ဦးနှင့်လူချင်းတွေ့ ဆုံရန်ဆုံးဖြတ်လိုက်သည်။ လူချင်းတွေ့၍စကားပြောဖြစ်ကြသောအခါ မားသာရ်သည် ရှိုက်ကြီးတစ်ငင်ငိုချလိုက်ပါ တော့သည်။ အဘယ်ကြောင့်ဆိုသော် ဤကိုယ်၀န်ဖျက်ချရန်ကြံစည်နေခဲ့သောကြောင့် သူ၌အတွင်းစိတ်ငြိမ်သက် ခြင်းမရှိ။ ဂနာမငြိမ်ဖြစ်ပေါ်ခံစားနေခဲ့ရသည်ကိုပြန်လည်အမှတ်ရလာသည်။ သူ၏သမီးလေးမွေးဖွားလာပြီးနောက် ဆေးကြောခြင်းခံယူသောည၌ လူ့အသက်ကိုသတ်ရန်ထက် ကယ်ရန်ကိုရွေးချယ်လိုက်နိုင်သောကြောင့် ကျေနပ်ပျော် ရွှင်ရသည်မှာဖော်မပြနိုင်အောင်ဖြစ်ခဲ့ရသည်။    

 

အားနအကြောင်း

 

            အားနာသည် မားသာရ်ကဲ့သို့ စိန့်ဂျွန်ပေါလ် (၂) အဖွဲ့၏အကူအညီကိုရယူခဲ့သော နောက်အမျိုးတစ်ဦးဖြစ် သည်။ အစပိုင်း၌သူသည်လည်း ဝေ၀ါး၍ဝေခွဲမရဖြစ်နေရာမှနောက်ဆုံး၌ ကလေးအသက်ကိုရွေးရန်၊ မွေးဖွားရန် ဆုံးဖြတ်လိုက်သူဖြစ်သည်။ ဖျက်ချရန်ရည်ရွယ်ခဲ့သောကိုယ်၀န်မှာ သူ၏ (၅) ဦးမြောက်သမီးဖြစ်ပြီး၊ ထိုသို့ကြံစည်နေ ချိန်၌ ကိုယ်၀န်မှာ (၅) လသားရှိပြီဖြစ်သည်။ စိန့်ဂျွန်ပေါလ် (၂) အသင်း၏အကူအညီဖြင့်သူလည်း စိတ်ထားပြောင်း လဲသွားကာ ကိုယ်၀န်ကိုမွေးဖွားခဲ့သည်။ သူ၏ဘ၀ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အလွန်ခက်ခဲကြမ်းတမ်းခဲ့သည်။ ထို့အတူ သူ၏သမီးကို ဆေးကြောခြင်းခံယူစေရန်ဆုံးဖြတ်ရန်လည်းနှစ်အတန်ကြာယူခဲ့သည်။ အားနာသည် အခက် အခဲများနှင့်လူသားတစ်ဦးဖြစ်နိုင်သည်။ သို့သော် ထိုရုန်းကန်မှုများကိုအောင်မြင်ကျော်လွှားရန်၊ တစ်စုံတစ်ခုကိုပြု လုပ်ရန်ဆုံးဖြတ်ချက်မချမီ တွေ့ဆုံဆွေးနွေးရမည့်အသိ၊ အတတ်ကိုသင်ယူခဲ့သည်သည်ဟု Velarde ကမှတ်ချက်ပြုထားသည်။       

 

မာရီအားနား၏ဝေမျှချက်

 

            စိန့်ဂျွန်ပေါလ် (၂) အဖွဲ့မှကူညီပေးနိုင်ခဲ့သော တတိယအမျိုးသမီးမှာ မာရီအားနာဖြစ်သည်။ သူသည် ကိုယ် ၀န်ဖျက်ချသောဆေးရုံသွားနေစဉ်၌ ကူညီကယ်တင်ပေးသော အသင်း၀င်တစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ ထိုသူနှင့်တွေ့ဆုံ လိုက်ရချိန်မှာ သူအလှည့်ကျရန် (၁၀) မိနစ်ခန့်သာလိုတော့သည်အချိန်ဖြစ်သည်။ မာရီအားနာသည် အဖွဲ့၀င်တစ်ဦး နှင့်စကားစမြည်ပြောဆိုပြီးနောက် ကိုယ်၀န်ဖျက်ချရန်ဆုံးဖြတ်ချက်ကိုပြင်ဆင်လိုက်သည်။ သူကသူ၏အိမ်ထောင် ဖက်အားဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်ရာ ထပ်မံကြုံရမည်စိန်ခေါ်မှု၊ အခက်အခဲများကြောင့် သူ၏အိမ်ထောင်ဖက်သည် မာရီအားနာအားထားခဲ့၍ ကိုယ်လွတ်ရုန်းထွက်သွားခဲ့သည်။ စိတ်ထားပြောင်းလိုက်သော မာရီအားနာကြောင့် ညီမအရင်းပင်လျှင်သူ့အားမကူညီတော့ပေ။    

 

            မာရီအားနာမှာအလုပ်လက်မဲ့ဖြစ်နေခဲ့သည်။ ကူညီမည့်သူလည်းမဲ့နေခဲ့သည်။ သို့သော် ကူညီကယ်တင်ပေး သောအဖွဲ့၏အကူအညီကိုရရှိနေသည်။ ကိုယ်၀န်ဆောင်ခြင်းသည် မည်သို့ဆိုစေခက်ခဲပါသည်။ ကူညီကယ်တင်ထား သည့်အဖွဲ့သည် မည်သို့ပင်ခက်ခဲစေကာမူ မာရီအားနာလိုအပ်သောအကူအညီအားလုံးကိုကူညီပေးသည်။ ရင်သွေး မွေးဖွားလာသောအခါ ကိုယ်၀န်ဖျက်ချရန်ဆုံးဖြတ်ထားသော သူ့စိတ်အားပြောင်းသွားအောင်ကူညီရှင်းပြပေးသောသူ ၏အမည်ကိုပေးခဲ့သည်။ ထိုသူ၏အမည်မှာ Pablo Santiago ဖြစ်သည်။ ဆေးကြောခြင်းခံရန်ဖြစ်လာသောအခါ သူ ၏သားကိုသာမဟုတ်၊ မာရီအားနာကိုယ်တိုင်လည်းဆေးကြောခြင်းမခံ‌ရသေးသောကြောင့် အချိန်အနည်းငယ်နှောင်း မှမိခင်နှင့်ကလေးတို့ဆေးကြောခြင်းခံခဲ့သည်။ ဆေးကြောခြင်းမခံယူမီ သူသည် Schoenstatt မယ်တော်ဂူရှိရာသို့ ဘု ရားဖူးသွားခြံသည်။ ထိုနေ့၌ ကလေးများသည် ပထမကိုယ်တော်မြတ်ပင့်ယူခဲ့ကြသည်။ ယနေ့သူသည် အလုပ်အကိုင်နှင့်ဖြစ်နေပြီ။ မိတ်ဆွေများ၊ သားနှင့်ဖြစ်နေပြီ။ သူ၏ဘ၀ဖြစ်ကြောင်းကုန်စင်ကို အခြားသောအမျိုးသမီးများအားပြန် လည်ပြောပြပညာပေးလျှက်ရှိသည်။     

 

            အသက်ကိုကယ်တင်နိုင်ရန်မှာ စကားပြောချင်စိတ်၊ နားထောင်လိုစိတ်၊ အကူအညီပေးလိုစိတ်များရှိရမည်။ ဤနည်းလမ်းသည် ယေဇူးသခင် ဧဝံဂေလိကျမ်းစာထဲ၌ကျွန်ုပ်တို့အားပြညွှန်လျှက်ရှိသည်။ ကိုယ်ရှင်ကဲ့သို့ချစ်သကဲ့ သို့ အခြားသူများကိုလည်းချစ်ရန်၊ အဘယ်ကြောင့်ဆိုသော် သူလည်းဤသို့ချစ်ပြခဲ့သည်။ ကျွန်ုပ်တို့၏ပိုင်ရာဆိုင်ရာ များ၊ ၀ိညာဉ်ရေးဆုများကိုလည်း အခြားလိုအပ်သူများအားဝေမျှပေးရန်သင်ကြားထားသည်။  

 

            အမျိုးသမီးအတော်များသည် ကိုယ်၀န်ဖျက်ချခြင်းကိုရွေးချယ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကြုံနေရ သောလူမှုအခက်အခဲများကိုကျော်ဖြတ်ရုန်းထွက်ရန်မှာ အခြားသောရွေးချယ်မူမရှိဟုမှိုင်းမိခံထားကြရသည်။ ထို့ ကြောင့်၄င်းတို့အား မတရားစီရင်ခြင်းထက် ၄င်းတို့အားရှင်းပြရမည်။ ၄င်းတို့၏ဆုံးဖြတ်ချက်သည် အဘယ်မျှကြီး လေးဆိုးရွားသည်ကိုလည်းပြန်လည်တွေးမိစေရန်ရှင်းပြရမည်။ ၄င်းတို့ကိုပေးမည့်အကူအညီများသည် အမှန်တ ကယ်လက်တွေ့ကျအောင် လုပ်ဆောင်ရန်မှာကျွန်ုပ်တို့၏အပိုင်းဖြစ်သည်။ ထိုအချက်ကိုလည်း ၄င်းတို့အားသိရှိနား လည်စေရမည်။

 

            နောက်ဆုံးစီရင်တော်မူသောနေ့၌ ယေဇူးသခင်သင့်အား ‘ငါသည်ကိုယ်၀န်ရှိနေပြီး၊ မွေးဖွားရန်အတွက် ထိတ် လန့်စိုးရိမ်နေချိန်၊ ဇဝေ၀ဇ၀ါဖြစ်နေချိန်၌ သင်သည် ပိတ်နေသောကျွန်ုပ်၏အမျက်စိကိုဖွင့်ပေးသည်။ ကြင်နာစွာပြုစု ပေးသည်။ နေရာထိုင်ခင်းကိုပေးခဲ့သည်။ ကူညီ၍အလုပ်ရှာပေးခဲ့သည်။ စားစရာပေးခဲ့သည်။ ၀တ်စရာပေးခဲ့သည်’ ဟု ပြောကြားသည်ကိုကြားခွင့်ရပါစေ။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3kTYj7B

Add new comment

17 + 2 =