လူငယ်များအား မျှော်လင့်ခြင်းကိုဖော်ဆောင်သော ရုပ်ရှင်ဇာတ်လမ်းတိုများကိုရိုက်ကူးရန် ဆလေးရှင်းများကအား ပေးခဲ့ရာ တုန့်ပြန်မှုအလွန်ကောင်းခဲ့ဟုဆို

လူငယ်များအား မျှော်လင့်ခြင်းကိုဖော်ဆောင်သော ရုပ်ရှင်ဇာတ်လမ်းတိုများကိုရိုက်ကူးရန် ဆလေးရှင်းများကအား ပေးခဲ့ရာ တုန့်ပြန်မှုအလွန်ကောင်းခဲ့ဟုဆို

လူငယ်များအား မျှော်လင့်ခြင်းကိုဖော်ဆောင်သော ရုပ်ရှင်ဇာတ်လမ်းတိုများကိုရိုက်ကူးရန် ဆလေးရှင်းများကအား ပေးခဲ့ရာ တုန့်ပြန်မှုအလွန်ကောင်းခဲ့ဟုဆို

          နိုင်ငံတကာရုပ်ရှင်ပွဲတော်သစ်တစ်ခုကိုယခုအပတ်ထဲ၌ကျင်းပမည်ဖြစ်ရာ နိုင်ငံပေါင်း (၁၁၆) နိုင်ငံမှလူငယ် များပါ၀င်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဤစိတ်ကူးကို (၂၀၂၀) ခုနှစ်၊ ဒီဇင်ဘာလ၊ ကိုဗစ် (၁၉) စတင်ကူးစက်ပျံ့နှံ့လာချိန်၌ စတင်ခဲ့သည်။ သို့ဖြင့် ပထမနှစ် ‘Don Bosco Global Film Festival’ (တစ်ကမ္ဘာလုံးဆိုင်ရာ ဒွန်ဘောစကိုရုပ်ရှင်ပွဲ တော်) ကိုကျင်းပခဲ့ရာ ရုပ်ရှင်ဇာတ်လမ်းတို (၁၆၈၆) ကိုလက်ခံရရှိခဲ့သည်။

ဇာတ်လမ်းတည်ရမည့်အကြောင်းအရာမှာ မျှော်လင့်ခြင်းကိုဖော်ဆောင်ရမည်ဖြစ်သည်။ ရွေးချယ်ခံရသော အကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းတိုများကို နို၀င်ဘာ (၁၈-၁၉) ရက် နေ့များတွင် နိုင်ငံတကာမှအကဲဖြတ်ဒိုင်တို့က  အွန်လိုင်းမှလည်းကောင်း၊ နိုင်ငံ‌ပေါင်း (၁၃၅) နိုင်ငံမှ လူများ ကိုယ်တိုင်တက်ရောက်၍လည်းကောင်းထုတ်လွှင့်ကြေညာသွားမည်ဖြစ်သည်။ ရိုက်ကူးထားသော ဇာတ်လမ်း တိုကို အောက်တိုဘာ (၁၅) ရက်နေ့အထိပေးပို့နိုင်ပြီး၊ ယှဉ်ပြိုင်ကြရမည့်သူများမှာ အသက် (၁၅ မှ ၃၀) အထိဖြစ် သည်။ လူကိုယ်တိုင်သရုပ်ဆောင်ခြင်း၊ ကာတွန်းပုံများဖြင့်သရုပ်ဆောင်ခိုင်ခြင်း၊ သီချင်းဇာတ်လမ်းစသော  ပုံစံအမျိုး မျိုးဖြင့်တင်ဆက်နိုင်သည်။ လူကိုယ်တိုင်သရုပ်ဆောင်တင်ဆက်သည့်ဇာတ်လမ်းတိုအတွက် ခွင့်ပြုချိန် (၁၀) မိနစ်ဖြစ် ပြီး၊ ကျန်နှစ်မျိုးအတွက်မှာမူ ခွင့်ပြုချိန် (၅) မိနစ်သာဖြစ်သည်။

          ဤယှဉ်ပြိုင်မူကို ဒွန်ဘောစကို၏ဆလေးရှင်းအသင်းမှကြီးမှူးကျင်းပခြင်းဖြစ်သည်။ ယခုကဲ့သို့ကျင်းပရခြင်းမှာ လူငယ်များ၏စိတ်ကူး၊ ရိုက်ချက်၊ နည်းပညာကျွမ်းကျင်မှုကိုကမ္ဘာထိတိုင်ထိုးဖောက်နိုင်ရန်ရည်ရွယ်သည်။  လူငယ် အားလုံးကိုအားပေးလို၊ လက်ကမ်းလို၊ လုပ်ပိုင်ခွင့်ပေးလို၍ဖြစ်သည်။ ထို့အတူလူငယ်များမှ ကမ္ဘာအားပေးသော မျှော် လင့်ခြင်းနှင့်အတူတကွဝေမျှခံထမ်းခြင်း၏ သတင်းစကားကိုပါးလိုသည်။

          ဤပြိုင်ပွဲမှဆုဆွတ်ခူးရရှိပါက ဆုအဖြစ် ငွေသားချီးမြှင့်မည်ဖြစ်သည်။ ဆုကိုလည်း အားလုံးထဲမှအကောင်းဆုံး ဆု၊ တိုက်ကြီးအလိုက်အကောင်းဆုံးဆု၊ ဇာတ်ကြောင်းပြန်ဆု၊ ရုပ်ပုံကြည်လင်ပြတ်သားသည့်ဆု၊ အသံရှင်းလင်းပီသည့် ဆု၊ တည်းဖြတ်ဆု စသောအမျိုးအစားပေါင်းများစွာ ခွဲ၍ပေးမည်ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု စသော တစ်ဦးစီအားချီးမြှင့်သည့်ဆုများလည်းပါရှိမည်။

လူငယ်များ၏စွမ်းဆောင်ရည် သည် ကျွန်ုပ်တို့အားအစဉ်အံ့အားသင့်စေသည်။ ယနေ့ကမ္ဘာကြီးအနေဖြင့် လူငယ်များအားတန်ဖိုးထားတတ်ရန်လို သည်ဟု ကမ္ဘာတစ်၀ှမ်းရှိ ဆလေးရှင်း အသင်းတစ်ခု လုံး၏အကြီးအကဲက ပြောကြားခဲ့သည်။ လူငယ်များ၏ဦးနှောက် စားရန်နှင့်နှလုံးသားမှခံစားရန် တင်ပြချက်တစ်ခုရှိကြောင်း ဖာသာရ် ‘Ángel Fernández Artime’ မှဗွီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။    

          လူငယ်တို့သည် အနာဂါတ်၏ ဗိသုကာများဖြစ်ကြသည်။ မျှော်လင့်ခြင်း၏နိမိတ်ဖြစ်သည်။ လူငယ်များအား များစွာ မျှော်လင့်သည်။ လူငယ်များကိုအားကိုး၍ ပိုမိုသာလွန်ကောင်းမွန်သော နက်ဖန်တစ်ခုကိုတည်ဆောက်လိုသည်။ လူငယ် တို့၏တီထွင်ကြံဆမှုဖြင့် ကမ္ဘာကြီးကို ပြောင်းလဲရန် အမှန်တကယ်လုပ်ဆောင်နိုင်သည်။ ယခုယှဉ်ပြိုင်မှု၌ပါ၀င်ရန်ဖိတ် ခေါ်တိုက်တွန်းလိုပါသည်။ ယခုရုပ်ရှင်ပွဲတော်သည် လူငယ်တို့၏ပွဲတော်ဖြစ်သည်။ ကမ္ဘာကြီးကို မျှော်လင့်ချက်ဖြင့်ရွေ့ အောင်လုပ်ဆောင်ကြပါစို့။ ဆလေးရှင်းရဟန်းအသင်းကိုတည်ထောင်ခဲ့သော စိန့်ဂျွန်ဘောစကိုအနေဖြင့် လူငယ်တို့၏ တက်ကြွစွာပါ၀င်ယှဉ်ပြိုင်မှုကို အလွန်ကျေနပ်အားရပေမည်။

စိန့်ဂျွန်ဘောစကိုအား အများအားဖြင့် ‘ဒွန်ဘောစကို’ ဟု ခေါ်ကြသည်။ သူသည် အီတလီလူမျိုးရဟန်းတစ်ပါးဖြစ်ပြီး၊ အခွင့်အရေးကောင်းမရသော လူငယ်များကို ဘုရားစကား တန်းများမှတဆင့်စည်းရုံး၍ အခွင့်အလမ်းများဖန်တီးပေးခဲ့သူဖြစ်သည်။ ထိုချဉ်းကပ်နည်းဖြင့် လူငယ်တို့အား ၀ိညာဉ်ရေးနှင့်ချစ်ခြင်းမေတ္တာအပေါ်အခြေခံ၍ လက်တွေ့ကျကျသွန်သင်ခဲ့သည်။ သူသည်အမှားကျူးလွန်လျှင် အပြစ် ဒဏ်ပေးရန်သာချောင်းမြောင်းစောင့်စားနေခဲ့သူမဟုတ်ပေ။ စိန့်ဂျွန်ဘောစကိုသည် လူငယ်နှင့်ရာဇ၀တ်မှုကျူးလွန် သော  လူငယ်တို့အား မှိုင်းမသော ရဟန္တာဖြစ်သည်။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

 https://bit.ly/3nBrvCe

Add new comment

16 + 1 =