Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) သည် ဆင်ခြင်မှုနှင့်တွေဆုံဆွေးနွေးမှုကိုအားပေးသော ဘာသာရေး တွေးခေါ်ပညာရှင်ဖြစ်ဟု ပုပ်ဖရန်စစ်ချီးကျူး
ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) သည် ဆင်ခြင်မှုနှင့်တွေဆုံဆွေးနွေးမှုကိုအားပေးသော ဘာသာရေး တွေးခေါ်ပညာရှင်ဖြစ်ဟု ပုပ်ဖရန်စစ်ချီးကျူး
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်၊ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ၏ကျောင်းသားဟောင်းများမှဖွဲ့စည်း ထားသော ရာဇင်ဂါဆုကိုနှစ်စဉ် ထူးခြားပြောင်မြောက်သောစွမ်းရည်ကိုထုတ်ဖော်နိုင်သူများအားချီးမြှင့်လေ့ရှိသည်။ ယခုနှစ်၌ ထိုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ရဟန်းမင်းကြီးဖရန်စစ်က ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) သည် ဆင်ခြင်မှုနှင့်တွေ့ဆုံဆွေးနွေးမှုကိုအားပေးသော ဘာသာရေး တွေးခေါ်ပညာရှင်တစ်ပါးဖြစ်ကြောင်း စိတ်လှုပ်ရှား ဖွယ်မိန့်ခွန်းကိုမိန့်ကြားခဲ့သည်။
ဤအဖွဲ့အစည်း၏ ဥက္ကဌလည်းဖြစ်သော Federico Lombardi ကလည်း ပါမောက္ခ Hanna-Barbara Gerl-Falkovitz, Ludger Schwienhorst-Schönberger, Jean-Luc Marion and Tracey Rowland တို့၏ပေးဆပ်မှုများကိုလည်း အသိအမှတ်ပြုခဲ့သည်။ သူက ယခုဆုသည် စွမ်းဆောင်နိုင်ခဲ့သော ပေးဆပ်မှုအတွက် အမှတ်ရရန်အတွက်သာမဟုတ် သို့သော် ပညာရေးကို တစိုက်မက်မက်လေ့လာလိုက်စားပြီး၊ ပုံနှိပ်ထုတ်ဝေခဲ့သောစာအုပ်များအားလုံးကို လည်းအသိအမှတ်ပြုခြင်းဖြစ်ကြောင်း
ရဟန်းမင်းကြီးဖရန်စစ်ကလည်း ဤဆုဆွတ်ခူးရရှိသူများအားချီးမွမ်းစကားမိန့်ကြားခဲ့သည်။ သမိုင်းတစ် လျှောက်၌ထင်ပေါ်ခဲ့သော ဓမ္မတွေးခေါ်ပညာရှင်များကိုဖော်ပြပြီး၊ နောက်ဆုံး၌ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ကိုလည်းထည့်သွင်းဖော်ပြသွားသည်။
ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် ကိုယ်ပိုင်ထောက်ရူချက်နှင့် အတွေးအခေါ်များကို လမ်းဖောက်တတ်သူဖြစ်သည်။ ထို့အတူ တွေ့ဆုံဆွေးနွေးသည့် ယဉ်ကျေးမူကိုလည်း လမ်း ကြောင်းအသွယ်သွယ်ဖြင့်ဖော်ဆောင်တတ်သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းနှင့်အမိသာသနာ တော်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာ၌ရှင်သန်နေသည်။ ထို့အတူ ၄င်းတို့သည် အမှန်တရားကိုရှာဖွေရာ၌ မရှိဖြစ်သော မိတ်ဖွဲ့များဖြစ်သည်။ ယခင်နှစ် (၂၀၂၀) က ကပ်ရောဂါဘေးဆိုးကြောင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုမကျင်းပနိုင်ခဲ့ ယခုနှစ်မှကျင်းပရခြင်းဖြစ်သည်။ ထို့ကြောင့်ရဟန်းမင်းကြီးဖရန်စစ်က ယခင်နှင့်ယခုနှစ်ဆုရသူများအားပူးတွဲဂုဏ်ပြု စကားမိန့်ကြားခဲ့သည်။ ၄င်းနောက် ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) အား တစ်နာရီခန့်မျှသွားရောက်ဂါရပြုနုတ်ဆက်ခဲ့သည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of NCR
Add new comment