မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်း၌ ခရစ္စမတ်ပွဲတော်ရက်များအတွက် ဂိုဏ်းချုပ်ဆရာတော်ညွှန်ကြားချက်

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်း၌ ၂၀၂၂ ခုနှစ် ခရစ္စမတ်ပွဲတော်ရက်များ၊ ခရစ်နှစ် ၂၀၂၃- သာသနာ့နှစ်ကူးပွဲရက်များနှင့်ပတ်သက်၍ သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်မှ ညွှန်ကြားထုတ်ပြန်ခြင်း

မန္တလေးမြို့၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း၌ လာမည့်ခရစ္စမတ်ပွဲတော်ကာလနှင့် နှစ်သစ်ကူးနေ့ရက်များတွင် ပျော်ပွဲ၊ရွှင်ပွဲများမပြုလုပ်ကြရန်နှင့် ဘာသာတရားဘက်၌ ပိုမိုအားထုတ်ကြရန်အတွက် ဂိုဏ်းချုပ်ဆရာတော်ကြီး ဒေါက်တာမာကုတင်ဝင်းမှ ညွှန်ကြားချက်စာတစ်စောင်ကို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ(၁၀)ရက်နေ့ပါ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး ဒေါက်တာမာကုတင်ဝင်း၏ ညွှန်ကြားချက်များမှာ 

" ၁။ ခရစ္စမတ်ကယ်ရယ်သီချင်းဆိုခြင်းနှင့် ခရစ္စမတ်ဓမ္မတေးသီချင်းများကို အသံချဲ့စက် (Sound-box) များဖြင့် ဖွင့်၍ ပွဲခံခြင်း၊

၂။ လူစုလူဝေးဖြင့် ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲများ ကျင်းပခြင်း။

၃။ ဘုရားရှိခိုးကျောင်းများ၊ခေါင်းလောင်းစင်များ၊ ကျောင်းပရဝုဏ်များ၊ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်ကျောင်းများကို ပုံမှန်နှစ်များကဲ့သို့ မီးများ၊ အဆင်တန်ဆာများဖြင့်ပြင်ဆင်ခြင်း။

၄။ ပွဲတော်မြတ်နှင့် ပတ်သက်၍ မိမိတို့ မိသားစု၏ မည်သည့်ပုံရိပ်မျိုးကိုမဆို လူမှုကွန်ယက်များတွင် ဖော်ပြခြင်းများကို

မန္တလေးကက်လသစ် ဂိုဏ်းချုပ်သာသနာ၏ အစိတ်အပိုင်းတစ်ချို့ဖြစ်သည့် မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးများမှ ကက်သလစ်ဘာသဝင်ဓမ္မမိတ်ဆွေများ ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကို စာနာထောက်ထားသော မျှဝေခံစားသောအားဖြင့် မပြုလုပ်ကြပါရန် ဆရာတော် လေးစားစွာ မှာကြားလိုက်ပါသည်။ " ဟူ၍ ဖြစ်သည်။ 

********

ပျော်ရွှင်ရွှင်ပွဲများအစား ဘာသာတရားဘက်၌ ပိုမိုအားထုတ်ကြရန်လည်း ဤသို့မိန့်ကြားခဲ့သည်။ 

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်၊တနင်္ဂနွေနေ့တွင် စတင်မည့် ခရစ်တော်ဘုရားမွေးနေ့တော်အတွက် ပြင်ဆင်ရာ အာဒ်ဝင်တူးအချိန်ကာလဖြစ်သည့် ပထမအာဒ်ဝင်တူးတနင်္ဂနွေနေ့မှစတင်၍ အာပတ်ဖြေခြင်း၊မစ္ဆားနာယူခြင်း၊ဘုရားဝတ်ပြုခြင်း၊ဆုတောင်းခြင်း၊ကျမ်းစာဖတ်ခြင်း၊တရားနာယူခြင်း၊ ခရစ်ယာန်တရားထိုင်ခြင်း၊ပုတီးစိပ်ခြင်း၊ဒုက္ခရောက်နေသူများကို ကူညီခြင်း ၊ လှူဒါန်းခြင်း၊ အလှူဒါနပြုခြင်း၊ ခရစ္စမတ်နိုဗီနာပြုလုပ်ခြင်း စသည့်မြင့်မြတ်ရာများကို ကက်သလစ်သာသနာ့ညွှန်ကြားချက် ( 2022-2023 ORDO, pg. 43-44)များနှင့်အညီ မပျက်မကွက် လုပ်ဆောင်ကြပါရန် ဆရာတော်ညွှန်ကြားအပ်ပါသည်။ '' ဟူ၍ ဆရာတော်ကြီးဒေါက်တာ မာကုတင်ဝင်းမှ ကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

News By : Pinky 

#MandalayArchDiocese #announcementofMandalayArchdiocese #ChristmasandNewYear

Add new comment

4 + 15 =