ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကက်သလစ်သီလရှင်တစ်ပါးသည် နှစ်သိမ့်ဆွေးနွေးအကြံပေးအစီအစဉ်ကို အွန်လိုင်းမှပြုလုပ်လျှက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကက်သလစ်သီလရှင်တစ်ပါးသည် နှစ်သိမ့်ဆွေးနွေးအကြံပေးအစီအစဉ်ကို အွန်လိုင်းမှပြုလုပ်လျှက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကက်သလစ်သီလရှင်တစ်ပါးသည် နှစ်သိမ့်ဆွေးနွေးအကြံပေးအစီအစဉ်ကို အွန်လိုင်းမှပြုလုပ်လျှက်ရှိ

နှစ်သိမ့်ဆွေးနွေးအကြံပေးသည့်ဘာသာရပ်ဖြင့် ဘွဲ့ရထားသော ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံမှ ကက်သလစ်သီလရှင်တစ်ပါး သည် ယခုကဲ့သို့ကပ်ရောဂါကြုံတွေ့နေရ၍စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုရှိနေသူများအား အဘယ်သို့ကူညီအကြံပေးရမည်ကို You Tube ယူကျူ့မှလည်းကောင်း၊ ဖေ့စ်ဘွစ်ခ်ကဲ့သို့သော လူမှုကွန်ရက်စာမျက်နှာများမှလည်းကောင်း သင်တန်းများပို့ချပေးလျှက်ရှိသည်။ စစ္စတာရ် ၏အမည်မှာ Gloria Lipy Rozario ဖြစ်ပြီး၊ ‘၀မ်းနည်းခြင်းမယ်တော်’ အသင်းမှသီလရှင်ဖြစ်သည်။

သူသည် စိတ်ပိုင်း ဆိုင်ရာ‌ေ၀ဒနာခံစားနေရသူများ၊ စိတ်ဂယောင်ချောက်ချားဖြစ်နေသူများအား ကိုဆွေးနွေးနှစ်သိမ့်အကြံပေးလာခဲ့သည်မှာ (၁၀) နှစ်ပင်ရှိပြီဖြစ်သည်။ သူသည် ဘင်္ဂလာဒေ့ရှ်၏မြို့တော်၊ ဒက်ကာရှိ နှစ်သိမ့်ဆွေးနွေးအကြံပေးဆေးခန်း၏တာ၀န်ခံလည်းဖြစ် သည်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ သူ၏ပို့ချချက်များကို၀င်ရောက်ကြည့်ရှုသူများနေ့စဉ်တိုးလျှက်ရှိသည်။ ၀င်ရောက်ကြည့်ရှုသူ တို့၏ပျမ်းမျှအသက်မှာ (၁၈-၂၄) ဖြစ်သည်။

စစ္စတာရ်၏ဗွီဒီယိုဖိုင်လ်တစ်ခုဖြစ်သော ‘How do you say no to your boyfriend and others?’ (သင့်ချစ်သူကောင်လေးနှင့်အခြားသူများအား ‘ခွင့်မပြုနိုင်ဘူး’ ဟု သင်အဘယ်သို့ပြောမည် နည်း) ကိုလူပေါင်း (၂.၂) သန်း၀င်ရောက်ကြည့်ရူထားကြောင်း၊ စစ္စတာရ်သည် တစ်လလျှင် ယခုကဲ့သို့သော် ပညာပေးဗွီဒီယိုဖိုင်လ် (၁၀) ခုခန့်ကွန်ရက်ပေါ်တင်ပေးလေ့ရှိသည်။ တင်သမျှသောဗွီဒီယိုဖိုင်လ်များ၌ ကြည့်ရှုသူပေါင်း တစ်သန်း ကျော်ရှိသည်။ ယခုကဲ့သို့ကြည်ရှုသူများခြင်းသည် သူ၏အွန်လိုင်းတမန်တော်လုပ်ငန်းထိရောက်အောင်မြင်ကြောင်းခံယူသည်။ စစ္စတာရ်၏ တင်သမျှကိုလိုက်ကြည့်သူပေါင်း (၇၆၀၀၀) ရှိသည်။ ယခုကဲ့သို့လုပ်ရခြင်းမှာ လူမှုအသိုင်းအဝိုင်းမှပြည်သူများသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်စေရန်အသိပေးခြင်း၊ အကြံပေးခြင်း၊ သင်ကြားပေး ချင်၍ ဖြစ်သည်။ စစ္စတာရ်အနေဖြင့် ဤသို့သောအခက်အခဲများနှင့်ကြုံနေသည့် လူလွတ်ဖြစ်စေ၊ အိမ်ထောင်သည်ဖြစ် စေ၊ မိသား စုဖြစ်စေ ကူညီပေးလျှက်ရှိသည်။

ကလေးများသည် မိဘများ၏ဖိအားကြောင့် စိတ်ဖိစီးမှုကိုခံစားနေကြရသည်များလည်းရှိသည်။ အချို့မိဘ သည် သားသမီများအား အလွန်အကျွံစိုးရိမ်တတ်ကြသည်။ သားသမီးတို့၏စကား၊ ဖြစ်လိုကြောင်းတိုင်ပင်ပြောဆို လာသည်ကိုအလေးမထားကြ။ ကလေးများကိုမိဘထားသည့်အတိုင်းနေ၊ ဆင်သည့်အတိုင်း၀တ်၊ ကျွေးသည့်အတိုင်း စား၊ စောဒကတက်ခြင်းကိုလက်မခံပေ။ မိဘတို့၏သဘောထားနှင့်ဆန့်ကျင်လာလျှင် လုံး၀ခွင့်မပြု။ ပညာရေး၌ထူး ချွန်စေလိုသည်။ ပညာရေးကြောင့်လည်း ကျောင်းသားလူငယ်များသည် စိတ်ဖိစီးမှုများခံစားနေကြရသည်။

ကြီးကောင်၀င်လာသောလူငယ်များအနေဖြင့် သမီးရည်း စားကိစ္စအဆင်မပြေဖြစ်ပြီး၊ လမ်းခွဲသည့်ပြဿနာ များနှင့်ကြုံနေကြရသည်။ ထိုအခြေအနေမျိုး၌ ငါသည်အရှုံးသမားဖြစ်ပြီ။ ငါ့ကိုယ်ငါအဆုံးစီရင်ရုံသာရှိသည်ဟုခံစား နေကြသည်။ လူငယ်တို့သည် စိတ်ကစားသောအရွယ်ဖြစ်သည်။ မိမိကိုယ်မိမိကြံသောနှုန်းထားလည်းမြင့်မားလျှက်ရှိ သည်။ လူငယ်များသည် အလုပ်အကိုင်ကောင်းများရရှိရေးနှင့်ပတ်သက်၍လည်း စိုးရိမ်လွန်ကဲနေတတ်သည်။ အိမ် ထောင်သည်များလည်း အိမ်ထောင်ရေးအဆင်မပြေမှုများကိုကြုံနေကြရသည်။ မျက်မှောက်ခေတ်၌ အခြားသူတစ်ဦးတစ်နှင့် တိတ်တိတ်ပုန်းချိပ်ဆက်ပတ်သက်မှုများလည်းရှိနေကြသည်။ ထိုအခြေအနေကို အိမ်ထောင်ဖက်တစ်ဦးဦးကသိသွား‌ သောအခါ လူမှုကွန်ရက်ပေါ်တွင်တင်၍ ဖောက်သည်ချမှုများလုပ်ဆောင်လာသည်။ ဤသို့ဖြင့် ၄င်းတို့၏အိမ်ထောင် ရေးသည် ခွာပြဲလမ်းခွဲကြရသည်။

စစ္စတာရ်သည် စိတ်ပညာဘာသာရပ်ကို အီတလီ၌သင်ကြားလေ့လာပြီးနောက်ပိုင်း ဤအမှုတော်ကိုဆောင်ရွက်ခြင်းသည် သူ၏ခေါ်တော်မူခြင်းဖြစ်ကြောင်းပို၍သိလာခဲ့သည်။ သူသည် ၀ိညာဉ်ရေး ဆိုင်ရာဘာသာရပ်ကိုလည်း ရောမ၌သင်ကြားခဲ့သည်။ မာစတာဘွဲ့ကိုမူ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီး ယားပြည်နယ်၊ ဆန်တာကလားရာတက္ကသိုလ်မှရယူခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cr8lZj

Add new comment

1 + 1 =