ဖာသာရ်ပီတာဦးမောင်ရွှေ၏ကိုယ်ရေးအကျဉ်း

Rev. Fr. Peter Mg Shwe (2020)ခုနှစ် ရဟန်းဝါတော်(၄၅)ဝါပြည့်ဂျူဗလီတွင်ရိုက်ကူးထားသောပုံဖြစ်သည်။

ဖာသာရ်ပီတာဦးမောင်ရွှေ၏ကိုယ်ရေးအကျဉ်း

ဘုန်းတော်ကြီးပီတာဦးမောင်ရွှေကို ၁၉၄၆ ခု ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ခမည်းတော် ဦးဖရန်စစ်နှင့် မယ်တော် ဒေါမြိုင်တို့မှ မုံလှရွာတွင် ဖွားမြင်ခဲ့သည်။

မုံလှရွာ အစိုးရမူလတန်းကျောင်းမှ စတုတ္ထတန်းအောင်မြင်ပြီး ၁၉၅၈ ခုနှစ်မေလတွင် ပြင်ဦးလွင်မြို့ အခြေခံ ရဟန်းဖြစ်သင်ကျောင်းတွင် ဝင်ရောက်ခဲ့သည်။

စိန့်အလ်ဘက်အထက်တန်းကျောင်းတွင် အထက်တန်းကျောင်းတွင် ဆယ်တန်းထိ ပညာသင်ကြားခဲ့သည်။

၁၉၆၇ ခုနှစ်မှစ၍ ရန်ကုန်မြို့ မေဂျာရဟန်းဖြစ်သင်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။၁၉၇၅ ခုနှစ် ဧပြီလ (၁၈) ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော်ကက်သီဒြယ်ဘုရားရှိခိုးကျောင်း၌ ဆရာတော်ကြီး အာလွိုက်ရှက်စ်ဦးဘခင်၏ လက်တော်မှထာဝရရဟန်းသိက္ခာခံယူခဲ့သည်။

ရဟန်းသိက္ခာခံယူပြီးနောက် တောင်ပိုင်းချင်းသာသနာ မင်းတပ်မြို့နယ် ရိုကျေးရွာသို့ သွားရောက်သာသနာပြုခဲ့သည်။ ဘာသာဝင်တစ်ဦးတစ်ယောက်မျှ မရှိသော်လည်း (၁၄) နှစ်တာ သာသနာပြုခဲ့ရာ ဒေသခံတိုင်းရင်းသားဘာသာဝင်(၈၀၀) ရာခန့် ဆေးကြောခြင်းပေးနိုင်ခဲ့သည်။ရိုရွာ၌အခြေပြု၍ အနီးအနားရှိ ရွာငယ် (၃၂) ရွာကို ကြည့်ရှု့စောင့်ရှောက်ခဲ့ရသည်။ မိမိကျောင်းထိုင်ခဲ့သော ရိုကျေးရွာရှိ ဘုရားရှိခိုးကျောင်း ၊ ဆေးရုံနှင့် ရဲစခန်းတို့ကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့၍ ချင်းတောင် တောင်ပိုင်းနယ်တွင် ပထမဦးဆုံး လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သူဖြစ်သည်။

ကလေးများ ပညာရေးအတွက် ဘော်ဒါကျောင်းဆောင်များကိုလည်း တာဝန်ယူဖွင့်လှစ်ပေးနိုင်ခဲ့သည်။

မန္တလေးသာသနာသို့ပြန်လည်ရောက်ရှိလာခဲ့ပုံ

(၁၉၈၉)ခုနှစ် မေလ (၁) ရက်နေ့မှ စ၍ ရွာတော်ကျေးရွာ မာရီယားမာဒလေနားဘုရားရှိခိုးကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ရွှေဘို ၊ညောင်ပင်သာ အစိုးရကားလမ်းနှင့် ရွာတော်ကျေးရွာကို ဆက်သွယ်ထားသော လမ်းမကြီးကို ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ကျေးရွာအတွက် အဝီစိ တွင်း (၇) တွင်းတူးဖော်ပေးခဲ့သည်။ အစိုးရဓာတ်အားလိုင်းမှ ကျေးရွာတစ်ရွာလုံး လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ခဲ့ရာ (၁၉၉၆) ခု ဧပြီလ (၆) ရက်နေ့ စနေ့နေ့ကြီး ည မီးဖန်ဆင်းအပြီးတွင် လျှပ်စစ်မီးလင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ရွာတော်ရွာ၏ တိုးပွားလာသော လူဦးရေ ပမာဏနှင့် ကိုက်ညီစေရန် သာသနာပိုင်ဆရာတော် အေဦးသန်းအောင်၏ ကူညီဆောင်ရွက်မှုဖြင့် သံကူကွန်ကရစ် ဘုရားကျောင်းဆောင်သစ်ကို (၁၉၉၁) ခုနှစ် မေလ (၃) ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ခေါင်းလောင်းစဉ်အသစ်ကို (၁၉၉၆) ဇွန်လိုင်လ(၃၀) ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။(၂၀၀၀) ပြည့်နှစ် မတ်လ(၃) ရက်နေ့တွင် ဘုရားရှိခိုးကျောင်းသစ် ကောင်းချီးပေးပွဲ ၊ခရစ်တော်မွေးနေ့ နှစ်(၂၀၀၀) ရာပြည့်ပွဲ နှင့် ရဟန်းဝါတော် (၂၅) နှစ်မြောက် ငွေရတုသဘင်ပွဲတော်ကို တစ်ပေါင်းတည်းကျင်းပနိုင်ခဲ့သည်။

(၂၀၀၂) နှစ်ခုမှ  ဂျွန်လမှ (၂၀၁၀)ခုနှစ်အထိ ပြင်ဦးလွင်မြို့ အပြစ်မဲ့သန္ဓေယူသော သခင်မဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၂၀၁၀) ခုနှစ်မှ (၂၀၁၃)ခုနှစ်အထိ မုံလှ စိန်မိုက်ကယ်ဘုရားးကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၂၀၁၃)ခုနှစ်မှ (၂၀၁၈)ခုနှစ်အထိ စစ်ကိုင်းမြို့ ခရစ်ယာန်တို့အားမှိုင်းမတော်မူသော မယ်တော်သခင်မဘုရားကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၂၀၁၉) ခုနှစ်မှ (၂၀၂၁) ခုနှစ်အထိ ပြင်ဦးလွင်မြို့ ရွှေနှလုံးတော်ဘုရားကျောင်းတွင်ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

(၂၀၂၂)ခုနှစ်တွင်သာသနာ့လုပ်ငန်းမျာမှ အနားယူခဲ့ပြီး ချမ်းသာကုန်း စိပ်ပုတီးမယ်တော်သခင်မဘုရားကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ည(၉း၀၀)နာရီခန့်တွင် ပျံလွန်တော်မူခဲ့သည်။ပျံလွန်တော်မူချိန်၌ သက်တော် (၇၈)နှစ်၊ ရဟန်းဝါတော် (၄၈)ဝါ ရှိပြီဖြစ်သည်။

ဘုန်းတော်ကြီး ပီတာမောင်ရွှေသည် ချင်းတောင်ဒေသ ရိုရွာ၌ တာဝန်ကျစဉ်အခါက ဘာသာတူ တစ်ဦးတစ်ယောက်မှ မရှိရာမှ (၁၄)နှစ်တာ သာသနာပြုရင်း လူ(၈၀၀) ခန့်အားဆေးကြောခြင်းပေးနိုင်ခဲ့ခြင်း၊ တောင်ဆင်း၊တောင်တက် မိုင်(၃၀/၄၀) ကျော်ဝေးလံခေါင်ပါးသော ဒေသများသို့ ခြေလျင်ခရီးဖြင့် သွားရောက်သာသနာပြုရခြင်း၊ဇရပ်အတွင်း နှစ်ရှည်လများ နေထိုင်တည်းခိုးရင်း ထိုစဉ်ကနတ်စားများအကြား သက်စွန့်စံဖျား သာသနာပြုခဲ့သော ရဟန်းတစ်ပါးဖြစ်သည်။

Add new comment

3 + 4 =